Tag: ရွှေပြည်အေးမြို့

  • မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

    မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

    “လက်ရှိအခြေအနေမှာ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့နေနေသာသာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေကိုယ်တိုင်က တော်လှန်ရေးအဖွဲ့တွေရဲ့ ဖြတ် (၄) ဖြတ် လုပ်ခြင်းကို ခံနေရ”

    မောင်ဝိ 

    ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ၃ နှစ်ပြည့်ကာနီး ကာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာနဲ့ မြို့ကြီးတွေကိုပါ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ တော်လှန်ရေး သိသိသာသာ တိုးတက်လာချိန်ကို အဓိကပြောပါဆိုရင် ရှမ်းမြောက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့်ပဲ မြောက်ပိုင်းမဟာမိတ် () ဖွဲ့က ဦးဆောင်ခဲ့တဲ့ ရှမ်းမြောက်က စစ်ဆင်ရေးကို စစ်ခေါင်းဆောင်ကိုယ်တိုင် ထိတ်လန့်လာတဲ့အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။ 

    ၁၀၂၇ မစတင်ခင် ၂ ပတ်လောက်အလိုကတည်းကစစ်တပ်အနေနဲ့ စာထုတ်ပြီး သူ့တပ်ရင်းတွေကို အကြောင်းကြားထားခဲ့တာဖြစ်တယ်လို့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်းမှာ ပါခဲ့တဲ့ အရာရှိဖြစ်သူထံမှ သိရပါတယ်။ ၁၀၂၇ မစတင်ခင် အောက်တိုဘာ ၇ ရက်နေ့လောက်ကတည်းက လုံထန်ဘက်မှာ တိုက်ပွဲအသေးစားလေးတွေ ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မနက် ၂ နာရီလောက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်ကို အရင်ဝင်သိမ်းခဲ့ပါတယ်။ ဒီနောက် ဟိုပန်နဲ့ ချင်းရွှေဟော်က ကားနဲ့ ၂၅ မိနစ်လောက်သွားရတဲ့ ဟိုပန် ဖောင်ဆိပ်စခန်းမှာကလည်း စစ်တပ်က တပ်စွဲထားတဲ့ အင်အား ၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    ၁၀၂၇ စတင်ခဲ့တဲ့ မနက်ပိုင်း ၄ နာရီလောက်မှာ MNDAA နဲ့မဟာမိတ် ပူးပေါင်း အင်အား ၂၀၀၀ ခန့်ဟာ ဟိုပန်တံတားကို ဝင်စီးခဲ့ပါတယ်။ ဒီနောက် ဖောင်ဆိပ် စစ်ကောင်စီ စခန်းကျခဲ့တယ်။ အဲ့အချိန် ဟိုပန်ထဲက တပ်တွေက လက်နက်ကြီး တွေနဲ့ ဖောင်ဆိပ်တံတားဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့်၊ စစ်တပ်ကအင်အားနဲ့ ပြန်တိုက်နိုင်တာမျိုး မရှိခဲ့ပါဘူး။ ဟိုပန်ဖောင်ဆိပ်ကို သိမ်းပြီး မဟာမိတ်ပူးပေါင်းအဖွဲ့က တံတားကိုဖျက်ခဲ့ပါတယ်။ ဖောင်ဆိပ်ဘက်ကနေ ကွမ်လုံဘက်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဆက်တက်တယ်။ ကွမ်းလုံမရောက်ခင် ကောင်းကျဲဘက်မှာ မြောက်ပိုင်း ၃ ဖွဲမှ အဖွဲ့ ၄ နေရာလောက်ခွဲပြီး၊ ကွမ်လုံမှာရှိတဲ့တပ်တွေကို ဒရော့ဗုံးချတာ၊ ရနိုင်မယ်ထင်တဲ့နေရာတွေကိုဝင်ပစ်တယ်။

    (more…)

  • ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ ရွှေပြည်အေးမြို့ကို အပြီးသတ်သိမ်းပိုက်

    ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ ရွှေပြည်အေးမြို့ကို အပြီးသတ်သိမ်းပိုက်

    RNA_နိုဝင်ဘာ (၂၉)၊၂၀၂၃ခုနှစ်။
     
    စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့ကို အမှတ် (၁) စစ်ဒေသကွပ်ကဲမှုဖြင့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များက စစ်ကောင်စီတပ်လက်အောက်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း Homalin People’s Defence Force – HPDF က ရုပ်သံနှင့်တကွ ယနေ့ ထုတ်ပြန်ထားသည်။
     
    ရွှေပြည်အေးမြို့အား စစ်ကိုင်းတိုင်းအထူးလှုပ်ရှားတပ်ရင်း (SR-4 ထုတ်နှုတ်)၊ တိုင်းရုံးအဖွဲဲ့ နှင့် ခန္တီးခရိုင် အမှတ် (၁၊၂) ဦးဆောင်ခဲ့ပြီး ဒေသတွင်း (ပ.က.ဖ)၊ (ပ.လ.ဖ) နှင့် Local Force ဖြစ်သော HPDF-124 မှ ရဲဘော် (၅) ယောက်၊ မိုးကြိုး မှ ရဲဘော် (၁) ယောက်တို့က နိုဝင်ဘာ ၂၁ ရက်နေ့က စတင်တိုက်ပွဲဝင်ခဲ့ကြပြီး နိုဝင်ဘာ ၂၃ ရက်နေ့ နေ့လည် ၁ နာရီအတွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
    [embedyt] https://www.youtube.com/watch?v=4D2RUvgCJk4[/embedyt]
     
    မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ Mi2 တစ်ရက် ၁၀ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့ပြီး၊ Jet Fighter မှ ပေါင် ၁၀၀ ယူဆရသည့်ဗုံးသီး ၄လုံး ပစ်ချခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် MA series၊ G3၊ HK33၊ MK12၊ ၆၀မမ ကွန်မန်ဒိုစိန်ပြောင်း စသဖြင့် လက်နက်ခဲယမ်းမျိုးစုံ ၅၀ ကျော် သိမ်းပိုက်ရရှိခဲ့ပြီး သုံ့ပန်း ၁၀ ဦးကျော် ဖမ်းဆီးရရှိခဲ့သည်ဟု သိရသည်။
     
    #RedNewsAgency