DMO Local PDF

လွိုင်ကော် နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတွင် ကျဆုံးခဲ့ရသည့် ရဲဘော် ၃ ဦးဈာပနပြုလုပ်

လွိုင်ကော် နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတွင် ကျဆုံးခဲ့ရသည့် ရဲဘော် ၃ ဦးဈာပနပြုလုပ်

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတနေရာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့ရသည့် KNPLF B/9425 တပ်ရင်းမှ တပ်စုမူးရဲဘော်သားချော၊ ဒုတပ်စိပ်မူးရဲ​ဘော်ရွှေအေး၊ ရဲဘော်သိန်းရွှေ တို့၏ ဈာပနအခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့တွင်ပြုလုပ်ပြီး ၁၆ ရက်နေ့တွင် သ​င်္ဂြိုလ်ခဲ့ကြောင်း သိရသည်။ တပ်စုမှူးရဲဘော်သားချော၊ ဒုတပ်စိပ်မူးရဲဘော်ရွှေအေး၊ ရဲဘော်သိန်းရွှေ တို့သည် စစ်အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ​တော်ထူထောင်နိုင်ရေး ရည်မှန်းချက်များနှင့်အတူ (ကယား) ကရင်နီပြည်နယ်အတွင်းတော်လှန်ရေး လုပ်ငန်းများ အစွမ်းကုန်ကြိုးစားရင်း မြင့်မြင့်စွာကျဆုံးသည့်အတွက် KNPLF B/9425 တပ်ရင်းမှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ ဂုဏ်ယူကာ မှတ်ကျောက်မှတ်တမ်းတင်သွားမည်ဟု ထုတ်ပြန်ထားသည်။ (more…)
Read More
ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူး အပါအဝင် (၇၀) ဝန်းကျင်သေဆုံး

ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူး အပါအဝင် (၇၀) ဝန်းကျင်သေဆုံး

RNA_ဩဂုတ်(၁၉)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့မှ ဖရူဆိုဖက်သို့ ဦးတည်သည့် ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီပြည်တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် (၇၀) ဝန်းကျင်သေဆုံးသည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။ " သြဂုတ်လ (၁၀) ရက်နေ့မှ (၁၂) နေ့အတွင်း ငွေတောင်ရွာသစ် နှင့် ထီးသော်ကူးရွာတို့တွင် တိုက်ပွဲများအထူးပြင်းထန်ခဲ့ကာ မိမိတို့ပူးပေါင်းတပ်များမှ ညီညွတ်စွာ ချေမှုန်းတိုက်ခိုက်ခဲ့၍ တပ်မ (၅၅) လက်အောက်ခံတပ်များဖြစ်သည့် ခမရ(၁၁၂) မှ တပ်ဖွဲ့ဝင်(၄၅)ဦးနီးပါး ထိခိုက်သေဆုံးပြီး၊ ခလရ(၃)မှ တပ်ရင်းမှူး နှင့် ဒုရင်းမှူး အပါအဝင် (၂၆)ဦးခန့် ထိခိုက်သေဆုံးခဲ့ကာ လက်နက်ငယ်အစုံ(၁၅)လက်၊ လက်နက်ကြီး(၁) လက်…
Read More