KNDF

ဖမ်းဆီးရမိသည့် လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူမည်

ဖမ်းဆီးရမိသည့် လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူမည်

RNA_နိုဝင်ဘာ(၂၁)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်တော်လှန်ရေး တပ်ပေါင်းစု၏ ပစ်ခတ်မှုကြောင့် ပျက်ကျသွားသည့် လေယာဉ်မှ လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက် လုပ်ဆောင်သွားမည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ယနေ့ သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ K-8W အမျိုးအစား တိုက်လေယာဉ်ကို ကရင်နီပြည်အတွင်း ၁၁၁၁ ( တစ်လေးလုံး) စစ်ဆင်ရေးစတင်သည့်နေ့က ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုက ပစ်ချခဲ့သည့်အတွက် လေယာဉ်မှာ ပျက်စီးပြီး လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ချ ပုန်းအောင်းနေစဉ် နိုင်ဘာလ ၁၉ ရက်နေ့က လေယာဉ်မှူးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။ (more…)
Read More
လွိုင်ကော် နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတွင် ကျဆုံးခဲ့ရသည့် ရဲဘော် ၃ ဦးဈာပနပြုလုပ်

လွိုင်ကော် နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတွင် ကျဆုံးခဲ့ရသည့် ရဲဘော် ၃ ဦးဈာပနပြုလုပ်

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတနေရာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့ရသည့် KNPLF B/9425 တပ်ရင်းမှ တပ်စုမူးရဲဘော်သားချော၊ ဒုတပ်စိပ်မူးရဲ​ဘော်ရွှေအေး၊ ရဲဘော်သိန်းရွှေ တို့၏ ဈာပနအခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့တွင်ပြုလုပ်ပြီး ၁၆ ရက်နေ့တွင် သ​င်္ဂြိုလ်ခဲ့ကြောင်း သိရသည်။ တပ်စုမှူးရဲဘော်သားချော၊ ဒုတပ်စိပ်မူးရဲဘော်ရွှေအေး၊ ရဲဘော်သိန်းရွှေ တို့သည် စစ်အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ​တော်ထူထောင်နိုင်ရေး ရည်မှန်းချက်များနှင့်အတူ (ကယား) ကရင်နီပြည်နယ်အတွင်းတော်လှန်ရေး လုပ်ငန်းများ အစွမ်းကုန်ကြိုးစားရင်း မြင့်မြင့်စွာကျဆုံးသည့်အတွက် KNPLF B/9425 တပ်ရင်းမှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ ဂုဏ်ယူကာ မှတ်ကျောက်မှတ်တမ်းတင်သွားမည်ဟု ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ ၁၁.၁၁ စစ်ဆင်ရေး လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချ အညံ့ခံသည့် မြင်းကွင်းရုပ်သံကို KNDF က ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီ၏ တပ်သားများအပြင် ရဲတပ်ဖွဲ့ဝင်များ တစ်ဦးချင်းသော်လည်ကောင်း၊ အစုအဖွဲ့လိုက်သော်လည်ကောင်း၊ ဌာနအလိုက်၊ တပ်ရင်းအလိုက် ပြည်သူ့ဖက်ပူးပေါင်း၍ လက်နက်ချရန် လုပ်ဆောင်ပါက KNDF အနေဖြင့် ကောင်းမွန်နွေးထွေးစွာ ကြိုဆိုသွားမည်ဟု ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
လွိုင်ကော်တက္ကသိုလ်ရှိ ခမရ (၄၂၅) တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီး ပါးသေဆုံး

လွိုင်ကော်တက္ကသိုလ်ရှိ ခမရ (၄၂၅) တပ်ရင်းမှူးနှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီး ပါးသေဆုံး

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်တက္ကသိုလ်ထဲ၌ တပ်စွဲထားသော တပ်မ (၆၆) လက်အောက်ခံ ခမရ (၄၂၅) တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး ( ၁၁၀ ကျော်) သေဆုံးခဲ့ပြီး၊ ခမရ (၆) တပ်ရင်းတို့အား အပြီးသတ်ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်ဟု KNDF ကထုတ်ပြန်သည်။ “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်း၏ တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေး နိုဝင်ဘာလ (၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ (၄၂၅) တပ်ရင်းမှူး နှင့်…
Read More
ရခိုင်စစ်မျက်နှာသစ်နှင့်အတူ အရူးမီးဝိုင်းနေသည့် မင်းအောင်လှိုင်

ရခိုင်စစ်မျက်နှာသစ်နှင့်အတူ အရူးမီးဝိုင်းနေသည့် မင်းအောင်လှိုင်

"ရှမ်းမြောက်တစ်ခုတည်းတွင် စစ်မျက်နှာဖွင့်ပြီး တိုက်နေခြင်းမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းတာ၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စစ်မျက်နှာများဖွင့်ထားရခြင်းကြောင့် မင်းအောင်လှိုင်၏ စစ်တပ်မှာ ရှုံးပြီးရင်း ရှုံးနေမည်သာဖြစ်သည်" လင်းယုန် ၁၀၂၇ စစ်ဆင်ရေးကြေငြာပြီးသည့်နောက်ပိုင်း နေ့စဉ်နှင့်အမျှ စစ်ရေးအရှိန် ပြင်းထန်လာနေပြီး တော်လှန်ရေးစစ်သည်များ၏ မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲအောင်မြင်လာမှုများ နေရာအနှံ့အပြား မြင်တွေ့လာရပြီး စစ်မျက်နှာအသစ်များလည်း တစပြီး တစပို၍တိုးလာနေခြင်းကြောင့် စစ်ကောင်စီကို အရင်ထက်ပိုပြီး စစ်ကောင်စီကို ဖိအားများစေပြီး ပိုမိုအကြပ်ရိုက်စေသည့် အကြောင်းအချက်များစွာ ဖြစ်လာစေသည်။တချို့သော စစ်တပ် စခန်းများ၊ ရဲစခန်းများဆိုလျှင် တော်လှန်ရေးစစ်သည်များမှ မိနစ်ပိုင်းအတွင်းသိမ်း ပိုက်ထားနိုင်မှုများ တွေ့မြင်လာရပါသည်။ မြန်မာနိုင်ငံအတွင်းကေ ဒေသအတော်များများတွင် စစ်မျက်နှာပြိုင်တူဆင်နွဲ့လာခြင်းကြောင့် မင်းအောင်လှိုင်တစ်ယောက် ခြေမကိုင်မိလက်မကိုင်မိ အရူးမီးဝိုင်းလာပြီး တချို့သော တိုက်ပွဲဖြစ်စဉ်များတွင် စစ်ကူမပေးနိုင်တော့သည့် အခြေအနေအထိ ဆိုက်ရောက် လာပြီဖြစ်သည်။…
Read More
KNDFနှင့် ပူးပေါင်းတပ်ဖွဲ့ စစ်ကောင်စီတပ် လေယာဉ်ပစ်ချ

KNDFနှင့် ပူးပေါင်းတပ်ဖွဲ့ စစ်ကောင်စီတပ် လေယာဉ်ပစ်ချ

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။ ယနေ့ ကရင်နီပြည်တွင် "၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) စတင်လိုက်သည့်အတွက် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ချိန် လေယာဉ်တစ်စီးကို ပစ်ချနိုင်ပြီး စစ်ကောင်စီတပ်စခန်း (၇) ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။ " စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ်(၁)စီးအား မိမိတို့ KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီး စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ပျက်ကျခဲ့ပါသည်။ အဆိုပါလေယာဉ်အတွင်း ပါဝင်သူ နှစ်ဦးအား နှစ်ဖက်တပ်များမှ လိုက်လံရှာဖွေနေဆဲ ဖြစ်ပါသည်” ဟု KNDF က ထုတ်ပြန်ထားသည်။…
Read More
စစ်ကောင်စီထိန်းချုပ်ထားသည့် တခုတည်းသော လွိုင်ကော်မြို့ကို ပူးပေါင်းတပ်ဖွဲ့များ ယနေ့ စတင်ထိုးစစ်ဆင်

စစ်ကောင်စီထိန်းချုပ်ထားသည့် တခုတည်းသော လွိုင်ကော်မြို့ကို ပူးပေါင်းတပ်ဖွဲ့များ ယနေ့ စတင်ထိုးစစ်ဆင်

RNA_နိုဝင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။   ကရင်နီပြည်တခုလုံးတွင် စစ်ကောင်စီယန္တရား အဓိကလည်ပတ်နိုင်သည့် တခုတည်းသော လွိုင်ကော်မြို့ဝန်းကျင်ကို ယနေ့ KNDF၊ KA နှင့် ပူးပေါင်းမဟာမိတ်များ စတင်ထိုးစစ်ဆင်ပြီဖြစ်ကြောင်း သိရသည်။   ကရင်နီပြည်ရှိ စစ်ကောင်စီတပ်အနေဖြင့် လွိုင်ကော်မြို့တခုတည်းသာရှိပြီး ပြည်နယ်အတွင်းအခြားသော အထိုင်တပ်စခန်းအနည်းငယ်သာရှိတော့ကြောင်း၊ ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးမှုများကို နေ့စဉ်ပြုလုပ်နေကြောင်း KNDF ဗဟို သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက Red News Agency ပြီးခဲ့သည့်အပတ်ထဲက ပြောကြားထားသည်။   #RedNewsAgency
Read More
လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ညီနောင်မဟာမိတ်များဆက်လက်ဆင်နွှဲနေ

လောက်ကိုင်မြို့သိမ်းတိုက်ပွဲ ညီနောင်မဟာမိတ်များဆက်လက်ဆင်နွှဲနေ

RNA_နိုဝင်ဘာ(၁၀)၊၂၀၂၃ ခုနှစ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ဆင်ရေးပစ်မှတ်ထားထဲက တစ်ခုဖြစ်သည့် လောက်ကိုင်မြို့သိမ်းနိုင်ရေး တိုက်ပွဲဆက်လက်ပြင်းထန်နေကြော်င်း “Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၁၄) ရက်မြောက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း၊ ယမန်နေ့က "ကွမ်းလုံမြို့" အား သိမ်းပိုက်ရရှိသော်လည်း ကစဥ့်ကလျား ထွက်ပြေးနေကြသော စစ်ကောင်စီလက်အောက်ခံများကို လိုက်လံရှင်းလင်းနေရပြီး "ကွမ်းလုံမြို့" အား အလုံးစုံသိမ်းပိုက်၊ ထိန်းချုပ်ထားနိုင်ရေးတို့အတွက် ညီနောင်မဟာမိတ် (၃) ဖွဲ့မှ အစွမ်းကုန် ကြိုးစားလျက်ရှိကြောင်း သိရသည်။ (more…)
Read More
၁၁၀၇ စစ်ဆင်ရေး ပထမနေ့တွင် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်

၁၁၀၇ စစ်ဆင်ရေး ပထမနေ့တွင် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်

RNA_နိုဝင်ဘာ(၈)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ တော်လှန်ရေးအင်အားစု ကရင်နီပူးပေါင်းတပ်ဖွဲ့က ၁၁၀၇ စစ်ဆင်ရေးကို ယမန်နေ့က စတင်ခဲ့ပြီး ပထမနေ့အတွင်း မယ်စဲ့မြို့နယ်၊ ပန်တိန်းကျးရွာအနီးက တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကုန်း ၃ ခုကို တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံများထံမှ လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီတပ်မှလည်း သေဆုံးမှုရှိကြောင်း၊ အဆိုပါ တိုက်ပွဲကို ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ပေါင်းစု နှင့် KNPLF (ကလလတ) ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦးတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကရင်နီသတင်းအချက်အလက်စင်တာက ယမန်နေ့က ထုတ်ပြန်ထားသည်။ (more…)
Read More
တော်လှန်ရေးအလှည့်အပြောင်းကြီး လာတော့မလား

တော်လှန်ရေးအလှည့်အပြောင်းကြီး လာတော့မလား

"စစ်တပ်ဘက်က တပ်ရင်းတစ်ရင်းလုံး လက်နက်ချအလင်းဝင်ခဲ့တဲ့ ကာမိုင်းဒေသဆိုတာ ၁၉၇၁ ခုနှစ်က စစ်တပ်နဲ့ ဗကပ အဖွဲ့ အကြီးအကျယ်တိုက်ပွဲဖြစ်ပွားခဲ့ စစ်တပ်သမိုင်းတစ်လျှောက် ဂုဏ်အယူရဆုံးတိုက်ပွဲလို့ဆိုနိုင်မဲ့ ကွမ်းလုံရက်၄၀ တိုက်ပွဲဖြစ်ပွားခဲ့ရာဒေသ" ချမ်းမင်း ကွမ်းလုံမြို့နယ်၊ ကာမိုင်းဒေသရှိ စစ်ကောင်စီ ၏ ခလရ ၁၄၃ တပ်ရင်းတစ်ရင်းလုံးမြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ထံ အောက်တိုဘာလ ၃၀ ရက်နေ့က လက်နက်ခဲယမ်း အများအပြားဖြင့် အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုတွေ့ရပါတယ်။ မြေပြင်သတင်းတွေအရဆိုရင် အောက်တိုဘာလ၂၉ ရက်နေ့ညပိုင်းကတည်းက MNDAA က တာဝန်ရှိသူတွေနဲ့ ခလရ၁၄၃ တပ်ရင်းမှ တာဝန်ရှိသူတွေ နှစ်ဖက်ညှိနှိုင်းကြပြီး အခုလို လက်နက်ချအညံ့ခံခဲ့တယ်လို့ သိရပါတယ်။ ခလရ ၁၄၃ ရှေ့တန်းစခန်းက လက်နက်ချအလင်းဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေထဲ ဒုတပ်ရင်းမှူး တစ်ဦးအပါအဝင်တပ်ခွဲမှုး၂…
Read More