“ရှမ်းမြောက်တစ်ခုတည်းတွင် စစ်မျက်နှာဖွင့်ပြီး တိုက်နေခြင်းမဟုတ်ဘဲ တနိုင်ငံလုံးအတိုင်းတာ၊ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် စစ်မျက်နှာများဖွင့်ထားရခြင်းကြောင့် မင်းအောင်လှိုင်၏ စစ်တပ်မှာ ရှုံးပြီးရင်း ရှုံးနေမည်သာဖြစ်သည်”
လင်းယုန်
၁၀၂၇ စစ်ဆင်ရေးကြေငြာပြီးသည့်နောက်ပိုင်း နေ့စဉ်နှင့်အမျှ စစ်ရေးအရှိန် ပြင်းထန်လာနေပြီး တော်လှန်ရေးစစ်သည်များ၏ မြို့သိမ်းတိုက်ပွဲများ၊ စခန်းသိမ်းတိုက်ပွဲအောင်မြင်လာမှုများ နေရာအနှံ့အပြား မြင်တွေ့လာရပြီး စစ်မျက်နှာအသစ်များလည်း တစပြီး တစပို၍တိုးလာနေခြင်းကြောင့် စစ်ကောင်စီကို အရင်ထက်ပိုပြီး စစ်ကောင်စီကို ဖိအားများစေပြီး ပိုမိုအကြပ်ရိုက်စေသည့် အကြောင်းအချက်များစွာ ဖြစ်လာစေသည်။တချို့သော စစ်တပ် စခန်းများ၊ ရဲစခန်းများဆိုလျှင် တော်လှန်ရေးစစ်သည်များမှ မိနစ်ပိုင်းအတွင်းသိမ်း ပိုက်ထားနိုင်မှုများ တွေ့မြင်လာရပါသည်။

မြန်မာနိုင်ငံအတွင်းကေ ဒေသအတော်များများတွင် စစ်မျက်နှာပြိုင်တူဆင်နွဲ့လာခြင်းကြောင့် မင်းအောင်လှိုင်တစ်ယောက် ခြေမကိုင်မိလက်မကိုင်မိ အရူးမီးဝိုင်းလာပြီး တချို့သော တိုက်ပွဲဖြစ်စဉ်များတွင် စစ်ကူမပေးနိုင်တော့သည့် အခြေအနေအထိ ဆိုက်ရောက် လာပြီဖြစ်သည်။ အနီးစပ်ဆုံး သာဓကအနေဖြင့် ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းသိမ်း တိုက်ပွဲတွင် သေနတ်ဒဏ်ရာနှင့် အသက်ငင်နေသော စစ်ကောင်စီလက်အောက်ခံများက သူတို့ အသက်မသေခင်အထိ တကြော်ကြော်ဟစ်ခေါ်ပြီး လေယာဉ်ပစ်ကူတောင်းနေ ပါသော်လည်း အချိန်မီစေလွှတ်မပေးနိုင်ခြင်းမရှိကြောင်းကို တွေ့မြင်ကြပြီးဖြစ်သည်။
ပြည်သူကျွေးသည့် ရိက္ခာ၊ လစာ၊ ဆန်၊ ဆီး၊ ဆား၊ ပဲများကို စားသောက် ပြည်သူဆင်ပေးသည့် ယူနီဖောင်းကိုဝတ်၊ ပြည်သူ့ဘဏ္ဍာငွေနှင့်ဝယ်ယူထားသည့် စက်လက်နက်ပစ္စည်းကိုသုံးပြီး ပြည်သူကို သစ္စာဖောက်ပုန်ကန်၊ တိုင်းပြည်အာဏာကို မတရားလုယူရုံသာမက ပြည်သူကိုရန်သူသဖွယ်ရှု့မြင်ပြီး လက်နက်အားကိုး ပြည်သူ့အိုးအိမ်စည်းစိမ်များကို ခိုးဆိုးလုယက်၊ ပြည်သူများကို အရှင်လတ်လတ် အကြောင်းမဲ့ ညှင်းပန်းနှိပ်စက်သတ်ဖြတ် ယုတ်မာသည့်စစ်တပ်မှာ သက်ဆိုးရှည်စရာအကြောင်းမရှိသလို ခွင့်လွတ်ပေးနိုင်စရာအကြောင်းလည်း မရှိပါ။
(more…)