People’s Liberation Army – PLA

ဆက်ကြေးကောက်သည်ဟု PLA အပေါ်သုံးနှုန်းပြောဆိုခြင်းသည် ရန်သူ၏ အသုံးအနှုန်းမျိုးသာဖြစ်သည်ဟု ဒေါ်နီနီကျော်ပြော

ဆက်ကြေးကောက်သည်ဟု PLA အပေါ်သုံးနှုန်းပြောဆိုခြင်းသည် ရန်သူ၏ အသုံးအနှုန်းမျိုးသာဖြစ်သည်ဟု ဒေါ်နီနီကျော်ပြော

RNA_ဇူလိုင်(၁၈)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာအနီးတစ်ဝိုက်အပါအဝင် တစ်အခြားသေဒေသများတွင်ပါ ပြည်သူများထံမှ ဆက်ကြေးကောက်ခြင်းမရှိသည့်အပြင် PLA ကို ဆက်ကြေးကောက်သည်ဟု သုံးနှုန်းခြင်းသည် နိုင်ငံရေးအရ မရိုးသားခြင်းနှင့် ရန်သူ၏ အသုံးအနှုန်းမျိုးသာဖြစ်သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA အထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော်က ပြောသည်။ PLA အနေဖြင့် ပုလဲမြို့နယ်အတွင်း ပြည်သူများထံမှ အဓမ္မဆက်ကြေးကောက်ခြင်းမရှိသည့်အပြင် ရှမ်းမြောက်အပါအဝင် PLA တပ်ဖွဲ့များရှိသည့် မည့်သည့်နေရာတွင်မှ ဆက်ကြေးကောက်ခြင်းမရှိကြောင်း၊ ယခု PLA ဆက်ကြေးကောက်သည်ဟု ပြောဆို ရေးသားနေကြခြင်း စစ်ကောင်စီအကြိုက် ရန်သူ့အသုံးအနှုန်းသာဖြစ်သည်ဟု ဒေါ်နီနီကျော်က ပြောထားသည်။ (more…)
Read More
အသက် (၁၅) နှစ်အရွယ် နှင့် ရဲအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း (၄) ဦးကို PLA ပြန်လွှတ်ပေး

အသက် (၁၅) နှစ်အရွယ် နှင့် ရဲအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း (၄) ဦးကို PLA ပြန်လွှတ်ပေး

RNA_ဇူလိုင်( ၁၈)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်ကောင်စီလက်အောက်ခံ အသက် (၁၅) နှစ်အရွယ် တပ်သားနှင့် ရဲအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း (၄)ဦးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLAမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။ စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများမှာ ခမရ ၃၆ မှ တပ်သားရဲကျော်ကျော်၊ ခမရ ၂၅၅ မှ တပ်သား နေထက်လင်း၊ ရဲအရာခံဗိုလ် ရှိန်းကိုကိုကျော် နှင့် ခလရ ၅၀ မှ တပ်သားထွန်းမြေ့အေးတို့ကို လမ်းစားရိတ်အနေဖြင့် တစ်ဦးလျှင် တစ်သိန်းကျပ်ပေးကာ ဇူလိုင် (၁၁) ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း (၅) ဦးထဲမှ…
Read More
ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်ဩဇာခံမဟုတ်

ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်ဩဇာခံမဟုတ်

RNA_ဇွန်(၂၇)၊၂၀၂၅ခုနှစ်။   ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်ဩဇာခံဟု စွပ်စွဲပြောဆိုနေကြသည့်ကိစ္စနှင့်ပတ်သက်​ပြီး Red News Agnecy အနေဖြင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်ကို မေးမြန်းကြည့်ရာတွင် တရုတ်ဩဇာခံမဟုတ်သည့်အတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု စသဖြင့် ပြောပြထားသည်။   Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1   #RedNewsAgency #REDNEWS #RNA
Read More
ဆင်းရဲချမ်းသာမကွာဟသည့် လူတန်းစားသစ် လောကသစ်ကို မြင်ချင်သည်ဟု ရဲဘော်နီနီကျော်ပြော

ဆင်းရဲချမ်းသာမကွာဟသည့် လူတန်းစားသစ် လောကသစ်ကို မြင်ချင်သည်ဟု ရဲဘော်နီနီကျော်ပြော

RNA_ဇွန်(၂၄)၊၂၀၂၅ခုနှစ်။ "ဗိုလ်ချုပ်အောင်ဆန်းလည်း မြင်ချင်ခဲ့တာ တိုင်းရင်းသားပေါင်းစုံလည်း တန်းတူအခွင့်အရေးရရမယ် ဆင်းရဲသားနင်းပြားတွေအကုန်လုံးလည်း လုံးဝ လွတ်မြောက်ပြီးတော့ လူတန်းစေ့နေနိုင်တဲ့ လူမျိုးပေါ့ ဆင်းရဲချမ်းသာ မကွာဟတဲ့ လူတန်းစားသစ် လောကသစ်ကို မြင်ချင်တာ အဲဒီထိသွားချင်တယ်ပေါ့နော်" ဟု စနစ်အပြောင်းအလဲနှင့် လက်တွေ့ကြုံတွေ့နေရသည့် အခြေအနေစသည်တို့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောပြထားသည်။ Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
Read More
ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်တပ် ဘာ့ကြောင့်ကြောက်တာလဲ

ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်တပ် ဘာ့ကြောင့်ကြောက်တာလဲ

RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။   ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်တပ်ဘာ့ကြောင့်ကြောက်တာလဲ၊ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် NUG ဆက်ဆံရေး အခြေအနေတစ် ချို့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က Red News Agnecy နှင့် အင်တာဗျူးတွင်ပြောကြားထားသည်။   Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1   #RedNewsAgency #REDNEWS #RNA #PLA #ဗမာပြည်ကွန်မြူနစ်ပါတီ
Read More
ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးတဦးစသည်တို့ တက်ရောက်ခဲ့ကြသည်ဟု BPLA ကယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
PLA အနောက်မြောက်စစ်ဒေသ ကြီးကြပ်ရေးကော်မတီဝင် ရဲဘော်ကျော်သက် (ခ) ကိုညီလင်းခ ကျဆုံး

PLA အနောက်မြောက်စစ်ဒေသ ကြီးကြပ်ရေးကော်မတီဝင် ရဲဘော်ကျော်သက် (ခ) ကိုညီလင်းခ ကျဆုံး

RNA_ဇွန်(၁၁)၊၂၀၂၅ခုနှစ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People's Liberation Army - PLA) အနောက်မြောက်စစ်ဒေသ၊ ကြီးကြပ်ရေးကော်မတီဝင် စစ်သင်တန်းကျောင်းအုပ် ရဲဘော်ကျော်သက် (ခ) ကိုညီလင်းခ (ခ) ကိုမိုးသည် ယနေ့ (ဇွန်လ ၆ ရက်) နံနက် ၆ နာရီ (၃၀) မိနစ်ခန့်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်မြောက်စွာ ကျဆုံးသွားသည်ဟု PLA အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ ကအသိပေးထားသည်။ (more…)
Read More
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပ

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပ

RNA_မတ်(၁၅)၊၂၀၂၅ခုနှစ်။ ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်မတော်ဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ပြန်လည်ဖွဲ့စည်းတည်ထောင်သည့်အတွက် PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ယနေ့ (မတ်လ ၁၅ ရက်) နံနက်ပိုင်းက လွတ်မြောက်ဒေသ တနေရာတွင် ကျင်းပခဲ့သည်။ (more…)
Read More
အောင်ပွဲရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲဘော်များကို အညာပြည်သူများ ဝမ်းသာအားရကြိုဆို

အောင်ပွဲရ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ရဲဘော်များကို အညာပြည်သူများ ဝမ်းသာအားရကြိုဆို

RNA_အောက်တိုဘာ(၂၁)၊၂၀၂၄ခုနှစ်။ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းနှင့် ဒုတိယပိုင်း၊ သန္ဓီ၊ လားရှိုး၊ မိုးမိတ် မြို့သိမ်းတိုက်ပွဲများတွင် အောင်ပွဲများရရှိခဲ့သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - People's Liberation Army - PLA ရဲဘော်များ အညာဒေသတနေရာတွင် ပြည်သူလူထုက ဝမ်းသာအားရ တခဲနက် ကြိုဆိုခဲ့သော မှတ်တမ်းဓာတ်ပုံများကို ယနေ့ ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီလက်အောက်မှ ဆင် ၁၃၈ ကောင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ ထိမ်းသိမ်းစောင့်ရှောက်ထား

စစ်ကောင်စီလက်အောက်မှ ဆင် ၁၃၈ ကောင်ကို ပြည်သူ့လွတ်မြောက်ရေးတပ်တော်မှ ထိမ်းသိမ်းစောင့်ရှောက်ထား

RNA_စက်တင်ဘာ(၃)၊၂၀၂၄ ခုနှစ်။ အကြမ်းဖက်စစ်ကောင်စီ၏ သစ်တောဝန်ကြီးဌာနပိုင် သစ်ထုတ်ဆင်များနှင့် ဆင်အုပ်၊ ဆင်ထိန်း မိသစုများ ပြည်သူ့လွတ်မြောက်ရေးတပ်တော် - PLA စိုးမိုးနယ်မြေအတွင်း ရှောင်တိမ်းလာသူများအပါအဝင် စုစုပေါင်း ဆင် ၁၃၈ ကောင်ပါဝင်သော ဆင်ဝိုင်း ၂၁ ဝိုင်းကို PLA ၂၂၂ တပ်ရင်းမှ ထိမ်းသိမ်းကာကွယ်ထားသည်ဟု သိရသည်။ PLA အနေဖြင့် ပြည်သူ့ဒီမိုကရေစီ အစိုးရသစ် လက်ထက်တွင် ပြန်လည် ၍ သက်ဆိုင်ရာဌာနများသို့ အပ်နှံသွားမည်ဖြစ်ကြောင်း၊ ဆင်များကို ပြည်သူပိုင်ရတနာအဖြစ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း မိဘပြည်သူများအား လေးစားစွာအသိပေး အကြောင်းကြားထားသည်။ (more…)
Read More