Tag: People’s Liberation Army – PLA

  • ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားကျင်းပ

    ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားကျင်းပ

    RNA_မတ်(၁၅)၊၂၀၂၆ခုနှစ်။

    ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားကို ယနေ့ (မတ်လ ၁၅ ရက်) နံနက်ပိုက်းက PLA စစ်ဒေသ တနေရာတွင် ကျင်းပခဲ့ကြောင်း အသိပေးထားသည်။

    PLA ပြန်လည်ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားတွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား လွှင့်တင်ခြင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီ အလံတော်နှင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အလံတော်အား တပ်မှူးတပ်သားအပေါင်းမှ အလေးပြုခြင်း၊ ကျဆုံးရဲဘော်များအား အလေးပြုခြင်း၊ အင်တာနေရှင်နယ်သီချင်း သီဆိုခြင်း၊ ဗမာပြည်ကွန်မြူနစ်ပါတီမှ ပေးပို့သော သ၀ဏ်လွှာအား ဖတ်ကြားခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    (more…)

  • KNDF၊ PIA၊ BPLA၊ CB၊ SAF၊ 96 Soldiers – PDF တို့ပါဝင်သည့် တော်လှန်ရေးတပ် (၁၉) ဖွဲ့ တပ်ပေါင်းစုဖွဲ့စည်း

    KNDF၊ PIA၊ BPLA၊ CB၊ SAF၊ 96 Soldiers – PDF တို့ပါဝင်သည့် တော်လှန်ရေးတပ် (၁၉) ဖွဲ့ တပ်ပေါင်းစုဖွဲ့စည်း

    RNA_ဒီဇင်ဘာ(၁၆)၊၂၀၂၅ခုနှစ်။

    နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုအဖြစ် KNDF၊ PIA၊ BPLA၊ CB၊ SAF၊ 96 Soldiers – PDF တို့ပါဝင်သည့် တော်လှန်ရေးတပ် (၁၉) ဖွဲ့ဖြင့် တပ်ပေါင်းစု (Spring Revolution Alliance – SRA) ဖွဲ့စည်းလိုက်သည်ဟု ဒီဇင်ဘာ (၁၅) ရက်နေ့မှာ အသိပေးထားသည်။

    မဟာမိတ်တပ်ပေါင်းစုတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ချင်းညီနောင်(CB)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ 96 Soldiers PDF၊ ဗမာ့တပ်မတော် (BA)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ Force For Federal Democracy(FFD)၊ Generation Z Army (GZA)၊ ကလေးဒေသ တော်လှန်ရေးတပ်(KRF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGGWAY PDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် -ခမ်းကောင် (PNDF-KK)/ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒေါင် (PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF)၊ ၊ ယောတပ်တော်(YA)နှင့် ယောကာကွယ်ရေးတပ်(YDF) တို့ဖြစ်သည်။

    (more…)

  • ဆက်ကြေးကောက်သည်ဟု PLA အပေါ်သုံးနှုန်းပြောဆိုခြင်းသည် ရန်သူ၏ အသုံးအနှုန်းမျိုးသာဖြစ်သည်ဟု ဒေါ်နီနီကျော်ပြော

    ဆက်ကြေးကောက်သည်ဟု PLA အပေါ်သုံးနှုန်းပြောဆိုခြင်းသည် ရန်သူ၏ အသုံးအနှုန်းမျိုးသာဖြစ်သည်ဟု ဒေါ်နီနီကျော်ပြော

    RNA_ဇူလိုင်(၁၈)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာအနီးတစ်ဝိုက်အပါအဝင် တစ်အခြားသေဒေသများတွင်ပါ ပြည်သူများထံမှ ဆက်ကြေးကောက်ခြင်းမရှိသည့်အပြင် PLA ကို ဆက်ကြေးကောက်သည်ဟု သုံးနှုန်းခြင်းသည် နိုင်ငံရေးအရ မရိုးသားခြင်းနှင့် ရန်သူ၏ အသုံးအနှုန်းမျိုးသာဖြစ်သည်ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – People’s Liberation Army – PLA အထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော်က ပြောသည်။

    PLA အနေဖြင့် ပုလဲမြို့နယ်အတွင်း ပြည်သူများထံမှ အဓမ္မဆက်ကြေးကောက်ခြင်းမရှိသည့်အပြင် ရှမ်းမြောက်အပါအဝင် PLA တပ်ဖွဲ့များရှိသည့် မည့်သည့်နေရာတွင်မှ ဆက်ကြေးကောက်ခြင်းမရှိကြောင်း၊ ယခု PLA ဆက်ကြေးကောက်သည်ဟု ပြောဆို ရေးသားနေကြခြင်း စစ်ကောင်စီအကြိုက် ရန်သူ့အသုံးအနှုန်းသာဖြစ်သည်ဟု ဒေါ်နီနီကျော်က ပြောထားသည်။

    (more…)

  • အသက် (၁၅) နှစ်အရွယ် နှင့် ရဲအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း (၄) ဦးကို PLA ပြန်လွှတ်ပေး

    အသက် (၁၅) နှစ်အရွယ် နှင့် ရဲအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း (၄) ဦးကို PLA ပြန်လွှတ်ပေး

    RNA_ဇူလိုင်( ၁၈)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်ကောင်စီလက်အောက်ခံ အသက် (၁၅) နှစ်အရွယ် တပ်သားနှင့် ရဲအရာခံဗိုလ်အပါအဝင် စစ်သုံ့ပန်း (၄)ဦးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLAမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

    စခန်းသိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသော စစ်သုံ့ပန်းများမှာ ခမရ ၃၆ မှ တပ်သားရဲကျော်ကျော်၊ ခမရ ၂၅၅ မှ တပ်သား နေထက်လင်း၊ ရဲအရာခံဗိုလ် ရှိန်းကိုကိုကျော် နှင့် ခလရ ၅၀ မှ တပ်သားထွန်းမြေ့အေးတို့ကို လမ်းစားရိတ်အနေဖြင့် တစ်ဦးလျှင် တစ်သိန်းကျပ်ပေးကာ ဇူလိုင် (၁၁) ရက်နေ့က ပြန်လွှတ်ပေးခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်း (၅) ဦးထဲမှ တပ်သားစိုးတာသည် ရောဂါဖြင့် ကွယ်လွန်သွားကြောင်း PLA ကထုတ်ပြန်ထားသည်။

    (more…)

  • ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်ဩဇာခံမဟုတ်

    ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်ဩဇာခံမဟုတ်

    RNA_ဇွန်(၂၇)၊၂၀၂၅ခုနှစ်။
     
    ဗမာပြည်ကွန်မြူနစ်ပါတီသည် တရုတ်ဩဇာခံဟု စွပ်စွဲပြောဆိုနေကြသည့်ကိစ္စနှင့်ပတ်သက်​ပြီး Red News Agnecy အနေဖြင့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်ကို မေးမြန်းကြည့်ရာတွင် တရုတ်ဩဇာခံမဟုတ်သည့်အတွက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု စသဖြင့် ပြောပြထားသည်။
     
    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
     
    #RedNewsAgency #REDNEWS #RNA
  • ဆင်းရဲချမ်းသာမကွာဟသည့် လူတန်းစားသစ် လောကသစ်ကို မြင်ချင်သည်ဟု ရဲဘော်နီနီကျော်ပြော

    ဆင်းရဲချမ်းသာမကွာဟသည့် လူတန်းစားသစ် လောကသစ်ကို မြင်ချင်သည်ဟု ရဲဘော်နီနီကျော်ပြော

    RNA_ဇွန်(၂၄)၊၂၀၂၅ခုနှစ်။

    “ဗိုလ်ချုပ်အောင်ဆန်းလည်း မြင်ချင်ခဲ့တာ တိုင်းရင်းသားပေါင်းစုံလည်း တန်းတူအခွင့်အရေးရရမယ် ဆင်းရဲသားနင်းပြားတွေအကုန်လုံးလည်း လုံးဝ လွတ်မြောက်ပြီးတော့ လူတန်းစေ့နေနိုင်တဲ့ လူမျိုးပေါ့ ဆင်းရဲချမ်းသာ မကွာဟတဲ့ လူတန်းစားသစ် လောကသစ်ကို မြင်ချင်တာ အဲဒီထိသွားချင်တယ်ပေါ့နော်” ဟု စနစ်အပြောင်းအလဲနှင့် လက်တွေ့ကြုံတွေ့နေရသည့် အခြေအနေစသည်တို့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က ပြောပြထားသည်။

    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1

  • ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်တပ် ဘာ့ကြောင့်ကြောက်တာလဲ

    ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်တပ် ဘာ့ကြောင့်ကြောက်တာလဲ

    RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။
     
    ဗမာပြည်ကွန်မြူနစ်ပါတီကို စစ်တပ်ဘာ့ကြောင့်ကြောက်တာလဲ၊ ဗမာပြည်ကွန်မြူနစ်ပါတီ နှင့် NUG ဆက်ဆံရေး အခြေအနေတစ်
    ချို့ကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်က Red News Agnecy နှင့် အင်တာဗျူးတွင်ပြောကြားထားသည်။
     
    Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
     
    #RedNewsAgency #REDNEWS #RNA #PLA #ဗမာပြည်ကွန်မြူနစ်ပါတီ
  • ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

    ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

    RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။

    ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးတဦးစသည်တို့ တက်ရောက်ခဲ့ကြသည်ဟု BPLA ကယနေ့ထုတ်ပြန်ထားသည်။

    (more…)

  • PLA အနောက်မြောက်စစ်ဒေသ ကြီးကြပ်ရေးကော်မတီဝင် ရဲဘော်ကျော်သက် (ခ) ကိုညီလင်းခ ကျဆုံး

    PLA အနောက်မြောက်စစ်ဒေသ ကြီးကြပ်ရေးကော်မတီဝင် ရဲဘော်ကျော်သက် (ခ) ကိုညီလင်းခ ကျဆုံး

    RNA_ဇွန်(၁၁)၊၂၀၂၅ခုနှစ်။
    ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (People’s Liberation Army – PLA) အနောက်မြောက်စစ်ဒေသ၊ ကြီးကြပ်ရေးကော်မတီဝင် စစ်သင်တန်းကျောင်းအုပ် ရဲဘော်ကျော်သက် (ခ) ကိုညီလင်းခ (ခ) ကိုမိုးသည် ယနေ့ (ဇွန်လ ၆ ရက်) နံနက် ၆ နာရီ (၃၀) မိနစ်ခန့်က စစ်ကောင်စီတပ်နှင့် တိုက်ပွဲအတွင်း ဂုဏ်ရောင်ပြောင်မြောက်စွာ ကျဆုံးသွားသည်ဟု PLA အမှတ် ၈၁၅ တပ်ဖွဲ့၊ အနောက်မြောက်စစ်ဒေသ ကအသိပေးထားသည်။

    (more…)

  • ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပ

    ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ခြင်း (၄) နှစ်ပြည့် အခမ်းအနားကျင်းပ

    RNA_မတ်(၁၅)၊၂၀၂၅ခုနှစ်။

    ဗမာပြည်ကွန်မြူနစ်ပါတီ၏ တပ်မတော်ဖြစ်သော ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့က ပြန်လည်ဖွဲ့စည်းတည်ထောင်သည့်အတွက် PLA ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့် အခမ်းအနားကို ယနေ့ (မတ်လ ၁၅ ရက်) နံနက်ပိုင်းက လွတ်မြောက်ဒေသ တနေရာတွင် ကျင်းပခဲ့သည်။

    (more…)