MNT JP/ MNDAA

ကွတ်ခိုင်မြို့ကိုMNDAA ထိန်းချုပ်ထား

ကွတ်ခိုင်မြို့ကိုMNDAA ထိန်းချုပ်ထား

RNA_မတ် (၁၆)၊၂၀၂၆ ခုနှစ်။ ရှမ်းပြည်နယ်မြောက်ပိုင်းကွတ်ခိုင်မြို့တစ်ခုလုံးကို ကိုးကန့်တပ်မတော် (MNDAA) မှ အပြည့်အဝထိန်းချုပ်ထားကြောင်းကွတ်ခိုင်မြို့ ဒေသခံတစ်ဦးက Red News Agency ကို အတည်ပြု ပြောကြားသည်။ ၂၀၂၆ ခုနှစ် မတ်လ ၁၄ ရက်နှင့် ၁၅ ရက်နေ့တို့တွင် တအာင်းတပ်တော် (TNLA) နှင့် MNDAA တပ်ဖွဲ့တို့ ကွတ်ခိုင်မြို့အနီး၌ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး TNLA တပ်ဖွဲ့များ ယနေ့ (မတ်လ ၁၆ ရက်) နံနက်ပိုင်းတွင် မြို့ကနေ ဆုတ်ခွါသွားသည့်အတွက် ကွတ်ခိုင်မြို့တစ်ခုလုံးကို MNDAA တပ်ဖွဲ့မှ ထိန်းချုပ် နိုင်ခဲ့ခြင်းဖြစ်သည်။ (more…)
Read More
စနစ်တကျပြင်ဆင်ပြီး TNLA ကို ထိုးစစ်ဆင်ခဲ့တဲ့ MNDAA

စနစ်တကျပြင်ဆင်ပြီး TNLA ကို ထိုးစစ်ဆင်ခဲ့တဲ့ MNDAA

ဘုံရန်သူ အရှိုက်ကို ထိုးနှက်ခဲ့ကြတဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ဟာ ၁၀၂၇ စစ်ဆင်ရေးမှာ အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ်။ အဲဒီ ညီနောင် မဟာမိတ်တွေထဲက MNDAA ဟာ ညီနောင်တစ်ဖွဲ့ဖြစ်တဲ့ TNLA စိုးမိုးနယ်မြေတွေကို စနစ်တကျပြင်ဆင်ပြီး ထိုးစစ်ဆင်နေပါတယ်။ လူထုမျက်နှာမထောက် ဘုံရန်သူကို ဦးမတည်သော တိုက်ပွဲတွေဟာ တော်လှန်ရေးအတွက် အဖျက်အမှောက်သာဖြစ်ပါတယ်။ ကျည်စဖောက်သူဟာ နံပါတ် (၁) ရန်သူဖြစ်တယ်။ အာဏာ အကျိုးစီးပွားအတွက် ကျည်ဖောက်နေကြပြီလား။ MNDAA ရဲ့နောက်ကွယ်မှာ တရုတ်အစိုးရနဲ့ ဖက်ဆစ်တပ် ရှိနေပြီလားဆိုတာကို အချက်အလက်တွေနဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထွန်းကြည်က သုံးသပ်တင်ပြထားပါတယ်။  #RedNewsAgency #RedNews #RNA
Read More
TNLA နှင့် MNDAA ညီနောင်မဟာမိတ် ဆက်ဆံရေး ထိခိုက်ပြီးနောက် တိုက်ပွဲဖြစ်

TNLA နှင့် MNDAA ညီနောင်မဟာမိတ် ဆက်ဆံရေး ထိခိုက်ပြီးနောက် တိုက်ပွဲဖြစ်

RNA_မတ်(၁၄)၊၂၀၂၆ခုနှစ်။ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ ညီနောင်မဟာမိတ်ဆက်ဆံရေး ထိခိုက်သည့်ပြဿနာများဖြစ်ပွားပြီးနောက် ယနေ့ (မတ်လ ၁၄ ရက်) နံနက်ပိုင်းမှ စတင်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွက်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။ ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ ကွတ်ခိုင်မြို့ နယ် လွယ်ဆမ်ဆစ်နှင့် မန်ပျိန်းကျေးရွာကြားရှိ ဗျုဟာကုန်းတွင် တစ်နေရာ၊ ကွတ်ခိုင်မြို့အထွက် ကောင်းခါးကျေးရွာအနီး တစ်နေရာ၊ ကွတ်ခိုင်မြို့၏ အနောက်မြောက်ဘက်ရှိ ရှုခင်းသာအနီး တစ်နေရာ၊ ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက်ရှိ မော်ဟန်ကျေးရွာအနီး တစ်နေရာနှင့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီး စသည့် နေရာများတွင် ထိတွေ့တိုက် ပွဲများ ဖြစ်ပွားခဲ့သည်ဟုလည်း…
Read More
တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

RNA_ဧပြီ(၂၇)၊၂၀၂၅ခုနှစ်။ "ပြင်ဦးလွင်တပ်နယ်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ မင်းအောင်လှိုင်က လားရှိုးမြို့အတွင်း တပ်နေရာချရေးကိစ္စမှာ တရုတ်ကိုယ်စားလှယ်ဦးဆောင်နေတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး တပ်တွင်းမကျေနပ်မှုများ ဖြစ်ပေါ်တာကြောင့် တရုတ်မကောင်းကြောင်းမပြောရန်နဲ့ ကျေးဇူးရှင်ကို စော်ကားမှုမပြုလုပ်ရန် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်" #RedNewsAgecny #RedNews #RNA
Read More
နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟုပြော

နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟုပြော

RNA_ဧပြီ(၂၆)၊၂၀၂၅ခုနှစ်။ လားရှိုးမြို့သိမ်းတိုက်ပွဲအပြီး တစ်ပတ်အကြာတွင် ဖွင့်လှစ်နိုင်ခဲ့သော ဆေးရုံးဝန်ထမ်းများနှင့် MNDAA တို့သည် နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြည်လည်ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟု အထူးဒေသ(၁)ကျန်းမာရေးဝန်ထမ်း တာဝန်ရှိသူက ပြောသည်။ ဆေးရုံပိတ်ရင်နှင့် စစ်ကောင်စီပြန်လည်တာဝန်ယူသည့်အချိန်က တစ်ပတ်လောက်ကွာနေသည့်အတွက် အရေးတကြီးလိုအပ်သည့် ကျောက်ကပ်ဆေးစက်အပါအဝင် စက်ပစ္စည်း၊ ဆေးဝါး ၂၀ ရာခိုင်နှုန်းသည်ယူပြီး သိန္နီဆေးရုံကြီးကို ပြောင်းရွေ့ခဲ့ကြောင်း၊ ပြည်သူများအပေါ် အကောင်းဆုံးလုပ်ပေးနိုင်ခဲ့သည့်အပေါ် ကျေနပ်အားရပေမဲ့ နိုင်ငံရေးအရ မဖြစ်မနေ ထားခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်မိသည်ဟု စသဖြင့် ဆေးရုံနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းများ၏ ပြောစကားများကို ကိုးကန့်သတင်းကွန်ရက်တွင် ယနေ့ ဖော်ပြထားသည်။ (more…)
Read More
တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ

"အခုလည်းကြည့်ပါအုံး တရုတ်အားကိုးနဲ့ စစ်လော်ဘီတွေ ဝိုင်းပင့်နေကြတာပါ။ တစ်ကယ်သာ တိုက်ကျစတမ်းဆိုရင် မင်းအောင်လှိုင်တပ်အနေနဲ့ မင်းအောင်လှိုင်တစ်သက် ပြန်ရဖို့မရှိပါဘူး။ မြောက်ပိုင်းတခွင်လုံးဟာ တော်လှန်ရေးအဖွဲ့အစည်းတွေအောက်မှာ ဖြစ်ပါတယ်။ မင်းအောင်လှိုင်ပြန်တိုက်ယူနိုင်တဲ့ နေရာရယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ထိန်းချုပ်နယ်မြေထဲက ဘယ်မြို့များရှိလို့လဲ" ပင်လယ်သူ လာရှိုးပြန်ပေးရတဲ့ ကိစ္စအတွက် တော်လှန်ပြည်သူတွေအနေနဲ့ ဘဝင်မကျမှု၊ ခံပြင်းမှုများစွာဖြစ်ပေါ်နေမှုများ ရှိနေတာကိုတွေ့ရသလို တပ်ထောက်ခံသူများ၊ အမျိုးဘာသာသာသနာကို ဦးထိပ်ထားပါတယ်ဆိုတဲ့ အမျိုးသားရေး ဝါဒီသမားတွေကလည်း ကျေနပ်သူရှိသလို၊ မကျေနပ်သူများလည်း ရှိနေပါတယ်။ ဒါဟာ လက်ရှိ လားရှိုးနဲ့ပတ်သတ်ပြီး မြင်တွေ့ရတဲ့ လူမှုကွန်ရက်‌ပေါ် စိတ်ခံစားချက်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ ပထမဆုံး တပ်ထောက်ခံသူများအနေနဲ့ လာရှိုးပြန်ရပြီ၊တပ်မတော်သားတွေ မြို့ထဲ ပြန်ဝင်ကြောင်းပြောဆိုနေပေမယ့် တစ်ကယ်တွက်ကြည့်မယ်ဆိုရင်တော့ မင်းအောင်လှိုင်အတွက် သမိုင်းဆိုးကြီးဆိုတာကိုလည်း စစ်လော်ဘီတွေ…
Read More
၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်းရဲဘော်များအား ရည်စူးပြီး အလှူဒါနပြုလုပ်

၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်းရဲဘော်များအား ရည်စူးပြီး အလှူဒါနပြုလုပ်

RNA_အောက်တိုဘာ(၂၇)၊၂၀၂၄ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာတွင် (၁၀၂၇)စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်အား တော်လှန်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်း ရဲဘော်များအားယနေ့ အောက်တိုဘာလ (၂၇) ရက် ( ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်) နေ့တွင် အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ (more…)
Read More
MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းခြင်း လုံးဝပြုလုပ်မည်မဟုတ်သည့်အပြင် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းမည်ဟု ကြေညာ

MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးပူးပေါင်းခြင်း လုံးဝပြုလုပ်မည်မဟုတ်သည့်အပြင် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းမည်ဟု ကြေညာ

RNA_စက်တင်ဘာ(၁၉)၊၂၀၂၄ ခုနှစ်။ MNDAA အနေဖြင့် NUG နှင့် စစ်ရေး၊ နိုင်ငံရေးအရပူးပေါင်းခြင်း စစ်မြေပြင်များချဲ့ထွင်ခြင်း၊ မန္တလးနှင့် တောင်ကြီးကို ထိုးစစ်ဆင်တိုက်ခိုက်ခြင်းများ လုံးဝပြုလုပ်မည်မဟုတ်ကြောင်းနှင့် ချက်ချင်းအပစ်ရပ်ပြီး တရုတ်နိုင်ငံနှင့် တက်တက်ကြွကြွပူးပေါင်းကာ ပဋိပက္ခများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးသောလမ်းစဉ်ဖြင့် အဖြေရှာ ဖြေရှင်းသွားမည်ဟု ပြောကြားထားသည်။ (more…)
Read More
စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ထင်ထားတာထက် ပိုမြန်သွားနိုင်တယ်

စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ထင်ထားတာထက် ပိုမြန်သွားနိုင်တယ်

"ကမ္ဘာ့သမိုင်း စာမျက်နှာမှာလည်း နိုင်ငံပိုင် ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို မရရှိခဲ့တာကြောင့် စစ်ရေးနဲ့ နိုင်ငံရေးမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ကျရှုံးသွားခဲ့ရတဲ့ တပ်မတော်ကြီးတွေ ရှိခဲ့ဖူးပါတယ်" ကေဂျီ - Wiper တော်လှန်ရေး သုံးနှစ်ကျော် လေးနှစ်တာ ကာလအတွင်း ရုန်းကန်ဖြတ်သန်းလာခဲ့ရပုံတွေနဲ့ လက်ရှိအနေအထားကို လေ့လာကြည့်မယ်ဆိုရင် နွေဦးတော်လှန်ရေးမှာ စစ်ရေး တိုးတက်အောင်မြင်မှုဟာ အရှိန်အဟုန် မြင့်မားလွန်းတာကို တွေ့မြင်ရပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့ နေရာက ပါဝင်နေတာကို တွေ့မြင်နေကြရပြီး ဒါဟာလည်း ပြည်သူလူထုရဲ့ အာဏာသိမ်း စစ်တပ်အပေါ် လက်မခံတော့တဲ့ အခြေအနေတွေကြောင့် ဖြစ်လာရတယ် ဆိုတာကို သိသာစေပါတယ်။   စစ်ရေးပိုင်းဆိုင်ရာမှာ ကြည်း၊ ရေ၊ လေ…
Read More
လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို တော်လှန်ရေးအင်အားစုများ စောင့်ရှောက်ထား

လားရှိုးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို တော်လှန်ရေးအင်အားစုများ စောင့်ရှောက်ထား

RNA_ဇူလိုင်(၂၉)၊၂၀၂၄ ခုနှစ်။ MNDAA ဦးဆောင်သော တော်လှန်ရေးအင်အားစုများ စစ်ကောင်စီလက်အောက်မှ တိုက်ခိုက်စိုးမိုးထားသည့် လားရှိုးအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသား (၂၀၀) ကျော်ကို လားရှိုး ပြည့်သူ့ကာကွယ်ရေးအဖွဲ့နှင့် တော်လှန်ရေးအင်အားစုများက စောင့်ရှောက်ထားကြောင်း သိရသည်။ "ဆရာဦးထွန်းထွန်းဟိန်အပါနိုင်ကျဉ်း (၂၀၀)ကျော်ကိုပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လားရှိုးခရိုင်နဲ့တော်လှန်ရေးအင်အားစုများက ကောင်းမွန်စွာ စောင့်ရှောက်ထားပါတယ်” ဟု NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးမောင်မောင်ဆွေက အသိပေးပြောကြားထားသည်။ လားရှိုး -မူဆယ်လမ်းပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ ၆၈ တပ်ရင်းကို MNDAAနှင့် ပူးပေါင်းတပ်ဖွဲ့က ဇူလိုြ်လ ၂၈ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လားရှိုးအကျဉ်း ထောင်ကို တော်လှန်ရေးတပ်ဖွဲ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ လားရှိုးမြို့ကို စစ်ကောင်စီက အင်တာနက်နှင့် ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အတွက် လွတ်မြောက်လာသူများနှင့်…
Read More