17
Nov
RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။ ကရင်နီပြည်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတနေရာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့ရသည့် KNPLF B/9425 တပ်ရင်းမှ တပ်စုမူးရဲဘော်သားချော၊ ဒုတပ်စိပ်မူးရဲဘော်ရွှေအေး၊ ရဲဘော်သိန်းရွှေ တို့၏ ဈာပနအခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့တွင်ပြုလုပ်ပြီး ၁၆ ရက်နေ့တွင် သင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။ တပ်စုမှူးရဲဘော်သားချော၊ ဒုတပ်စိပ်မူးရဲဘော်ရွှေအေး၊ ရဲဘော်သိန်းရွှေ တို့သည် စစ်အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်ထူထောင်နိုင်ရေး ရည်မှန်းချက်များနှင့်အတူ (ကယား) ကရင်နီပြည်နယ်အတွင်းတော်လှန်ရေး လုပ်ငန်းများ အစွမ်းကုန်ကြိုးစားရင်း မြင့်မြင့်စွာကျဆုံးသည့်အတွက် KNPLF B/9425 တပ်ရင်းမှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ ဂုဏ်ယူကာ မှတ်ကျောက်မှတ်တမ်းတင်သွားမည်ဟု ထုတ်ပြန်ထားသည်။ (more…)