Tag: ဒီမော့ဆို

  • ဒီးမော့ဆို အမှတ် (၁၁၀၂)တပ်ရင်းမှ စစ်ထောက်လှမ်းရေး ရဲဘော်ချာလီ (ခ) ဗိုလ်သံချောင်း၏ ဈာပန

    ဒီးမော့ဆို အမှတ် (၁၁၀၂)တပ်ရင်းမှ စစ်ထောက်လှမ်းရေး ရဲဘော်ချာလီ (ခ) ဗိုလ်သံချောင်း၏ ဈာပန

    RNA_ဇွန်(၂၇)၊၂၀၂၅ခုနှစ်။

    ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်အစပ် မိုးဗြဲမြို့ကို အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ခုခံတိုက်ရင်း ကျဆုံးခဲ့ရသော PDF၊ ရှမ်းတောင်/ကယား(ကရင်နီ) စစ်တိုင်း၊ ဒီးမော့ဆိုအမှတ် (၁၁၀၂)တပ်ရင်းတွင် စစ်ထောက်လှမ်းရေးအဖြစ် တာ၀န်ထမ်းဆောင်ခဲ့သော ရဲဘော်ချာလီ (ခ) ဗိုလ်သံချောင်း၏ ဈာပနခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။

    (more…)

  • ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကို သိမ်းပိုက်နိုင်ခဲ့

    ကရင်နီပြည်နယ်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းတခုကို သိမ်းပိုက်နိုင်ခဲ့

    RNA_စက်တင်ဘာ(၃)၊၂၀၂၄ခုနှစ်။
     
    ကရင်နီပြည်နယ် လွိုင်ကော်-ဒီးမော့ဆိုလမ်းမကြီးပါအဝင် ဖရူဆိုမြို့နယ်၊ ဖားဆောင်းမြို့နယ် စသည်တို့တွင် ဩဂုတ်လအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဘော်လခဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁ ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
     
    ဩဂုတ်လ(၁)ရက်နေ့မှစ၍ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက်သို့ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်ဖွဲ့ များအား မိမိတို့တော်လှန်ရေးတပ်ဖွဲ့များမှ ပိတ်ဆို့တိုက်ခိုက်ခဲ့၍ ပန်ကန်း ၊ ဒေါပိုးစီ ၊ (၆)မိုင်စံပြ ကျေးရွာများတစ်လျှောက် တစ်လတာလုံး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း၊ ဘောလခဲမြို့ နှင့် မယ်စလောင်းတောင်အကြားရှိ စစ်ကောင်စီမှ အခိုင်အမာတပ်စွဲထားသော ရေကျော်စခန်းအား ဩဂုတ်လ (၈)ရက်နေ့တွင် KA ၊ KNDF ၊ KNPLF တို့ပူးပေါင်း၍ တိုက်ခိုက်သိမ်းပိုက်ကာ ရှင်းလင်းနိုင်ခဲ့သည်ဟု KNDF ကယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • လွိုင်ကော်နှင့်ဒီးမော့ဆိုမြို့တို့တွင် တော်လှန်ရေး တပ်ပေါင်းစုက ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီလေကြောင်းက ရိက္ခာပို့နေရ

    လွိုင်ကော်နှင့်ဒီးမော့ဆိုမြို့တို့တွင် တော်လှန်ရေး တပ်ပေါင်းစုက ပိတ်ဆို့ထားသည့်အတွက် စစ်ကောင်စီလေကြောင်းက ရိက္ခာပို့နေရ

    RNA_ဇန်နဝါရီ(၁၀)၊၂၀၂၄ ခုနှစ်။

    ကရင်နီပြည်၊ လွိုင်ကော်မြို့နယ် ဒီးမော့ဆိုမြို့ အဝင်အထွက်များတွင် KNDF နှင့် တော်လှန်ရေးတပ်ပေါင်စုရဲဘော်များ ပိတ်ဆို့ထားသည့်အတွက် မြို့တွင်းမှ စစ်ကောင်စီလက်အောက်ခံများ စခန်းအတွင်းနေထိုင်ကာ လေကြောင်းမှ ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်နေရကြောင်း သိရသည်။

    “လွိုင်ကော်မြို့ရဲ့အဝင်အထွက်တွေ ပြီးရင်မြိုထဲထိပါ တော်လှန်ရေးတပ်ပေါင်းစုက နေရာယူထားပါတယ်။ အဲဒီအနေအထားကြောင့် စစ်ကောင်စီတပ်တွေအနေနဲ့ မြေပြင်က ရိက္ခာပို့မရတော့ဘူး အခုစစ်ကောင်စီက လေကြောင်းကနေပဲ ရိက္ခာပို့နေတယ်။ လေထီးနဲ့ ပစ္စည်းတွေ ပစ်ချရတဲ့ အနေအထားဖြစ်နေပြီ။ ရဟတ်ယာဉ်ဆိုရင်တော့ ကျနော်တို့ ပစ်တာတွေရှိတယ်။ ဒီးမော့ဆိုမှာဆိုရင်လည်း ဒီအတိုင်းပဲ ကျနော်တို့ ပိတ်ဆို့ထားပါတယ်” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက Red News Agency ကိုပြောသည်။

    ကရင်နီပြည်တွင်း စစ်ကောင်စီလက်အောက်ခံများအနေဖြင့် သူတို့အခြေစိုက်စခန်းအတွင်းမှ ထွက်မရတော့သည့်အနေအထားဖြစ်နေပြီး စားနပ်ရိက္ခာများ ပြတ်လပ်မှုများရှိကြောင်း၊ ရိက္ခာကို ကင်းထောက်လေယာဉ်ဖြင့် လေထီးဖြင့် ချပြီး၊ လက်နက်ခဲယမ်းဆိုပါက ရဟတ်ယာဉ်မှ လေထီးဖြင့် ပစ်ချမှုများ ယခုရက်ပိုင်းပြုလုပ်နေရကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီထိန်းချုပ်ထားသည့် တခုတည်းသော လွိုင်ကော်မြို့ကို ပူးပေါင်းတပ်ဖွဲ့များ ယနေ့ စတင်ထိုးစစ်ဆင်

    စစ်ကောင်စီထိန်းချုပ်ထားသည့် တခုတည်းသော လွိုင်ကော်မြို့ကို ပူးပေါင်းတပ်ဖွဲ့များ ယနေ့ စတင်ထိုးစစ်ဆင်

    RNA_နိုဝင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။
     
    ကရင်နီပြည်တခုလုံးတွင် စစ်ကောင်စီယန္တရား အဓိကလည်ပတ်နိုင်သည့် တခုတည်းသော လွိုင်ကော်မြို့ဝန်းကျင်ကို ယနေ့ KNDF၊ KA နှင့် ပူးပေါင်းမဟာမိတ်များ စတင်ထိုးစစ်ဆင်ပြီဖြစ်ကြောင်း သိရသည်။
    [embedyt] https://www.youtube.com/watch?v=teSfYrLq7-Y[/embedyt]
     
    ကရင်နီပြည်ရှိ စစ်ကောင်စီတပ်အနေဖြင့် လွိုင်ကော်မြို့တခုတည်းသာရှိပြီး ပြည်နယ်အတွင်းအခြားသော အထိုင်တပ်စခန်းအနည်းငယ်သာရှိတော့ကြောင်း၊ ကရင်နီပြည်အတွင်း စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုးမှုများကို နေ့စဉ်ပြုလုပ်နေကြောင်း KNDF ဗဟို သတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက Red News Agency ပြီးခဲ့သည့်အပတ်ထဲက ပြောကြားထားသည်။
     
    #RedNewsAgency

  • ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူး အပါအဝင် (၇၀) ဝန်းကျင်သေဆုံး

    ဒီးမော့ဆို-ဖရူဆို လမ်းမကြီးပေါ်တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူး ဒုတပ်ရင်းမှူး အပါအဝင် (၇၀) ဝန်းကျင်သေဆုံး

    RNA_ဩဂုတ်(၁၉)၊၂၀၂၃ ခုနှစ်။
    ကရင်နီပြည်၊ ဒီးမော့ဆိုမြို့မှ ဖရူဆိုဖက်သို့ ဦးတည်သည့် ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် ကရင်နီပြည်တော်လှန်ရေး ပူးပေါင်းတပ်များအကြား တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးအပါအဝင် (၇၀) ဝန်းကျင်သေဆုံးသည်ဟု ယနေ့ KNDF ကထုတ်ပြန်ထားသည်။
    ” သြဂုတ်လ (၁၀) ရက်နေ့မှ (၁၂) နေ့အတွင်း ငွေတောင်ရွာသစ် နှင့် ထီးသော်ကူးရွာတို့တွင် တိုက်ပွဲများအထူးပြင်းထန်ခဲ့ကာ မိမိတို့ပူးပေါင်းတပ်များမှ ညီညွတ်စွာ ချေမှုန်းတိုက်ခိုက်ခဲ့၍ တပ်မ (၅၅) လက်အောက်ခံတပ်များဖြစ်သည့် ခမရ(၁၁၂) မှ တပ်ဖွဲ့ဝင်(၄၅)ဦးနီးပါး ထိခိုက်သေဆုံးပြီး၊ ခလရ(၃)မှ တပ်ရင်းမှူး နှင့် ဒုရင်းမှူး အပါအဝင် (၂၆)ဦးခန့် ထိခိုက်သေဆုံးခဲ့ကာ လက်နက်ငယ်အစုံ(၁၅)လက်၊ လက်နက်ကြီး(၁) လက် အပါအဝင် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ကျည်ဆံများ နှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိ ခဲ့ပါသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • ကယားပြည်နယ်အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီဝန်ထမ်းများကိုရွေ့ပြောင်းနေ

    ကယားပြည်နယ်အတွင်း ကျန်ရှိနေသည့် စစ်ကောင်စီဝန်ထမ်းများကိုရွေ့ပြောင်းနေ

    RNA_ဇွန်(၃၀)၊၂၀၂၃ခုနှစ်။

    ကယားပြည်(ကရင်နီပြည်) နယ်အတွင်း လွိုင်ကော်မြို့ပါအဝင် ကျန်ရှိနေသည့် စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများကို ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ ပြောင်ရွေ့နေကြောင်း သိရသည်။

    ကရင်နီပြည်အတွင်း စစ်ကောင်စီသည် နယ်မြေများစွာကို စွန့်လွှတ်နေ့ရပြီး လွိုင်ကော်မြို့ပေါ်တချို့သာ နယ်မြေစိုးမိုးမှုရှိတော့ကြောင်း၊ အခြားမြို့နယ်များတွင် စစ်ကောင်စီမှ နယ်မြေစိုးမိုးမှုရှိတော့သည့်အပြင် တိုက်ပွဲပြင်းထန်မှုများတွင်လည်း အသေအဆုံးများနေကြောင်း၊ KNDF နှင့် မဟာမိတ်ပြည်သူ့ကာကွယ်ရေး လက်နက်ကိုင်တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးရေးကို လုပ်ဆောင်နေကြကြောင်း သိရသည်။

    “အခုက ကယားက ဝန်ထမ်းတွေရွေ့နေပြီပြောတယ်၊ အားလုံးကို လက်လွှတ်မဲ့သဘောလို့လည်း ပြောလို့ရသလို သူတို့ဝန်ထမ်းတွေမရှိတဲ့အခါ လေကြောင်းကနေ အကုန်တိုက်နိုင်တယ် အဲဒါတော့သတိထားရမယ်။ ဝန်ထမ်းတွေကို ရွေ့နေတာကတော့ သေချာနေပြီ” ဟု စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းတဦး၏ မိသာစုဝင်တဦးကပြောသည်။

    (more…)

  • ကရင်နီစစ်မျက်နှာမှာ စစ်ကောင်စီတပ် အသည်းအထန် ဘာ့ကြောင့်ကာကွယ်နေလဲ

    ကရင်နီစစ်မျက်နှာမှာ စစ်ကောင်စီတပ် အသည်းအထန် ဘာ့ကြောင့်ကာကွယ်နေလဲ

    “ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေ တဖြည်းဖြည်းအားကောင်းလာတာကြောင့် စစ်တပ်ဟာ ၂၀၂၃ ခုနှစ် မှစပြီး ရှမ်းမြောက်မှ  စကခ ၂ တခုလုံးနှင့် စကခ ၇ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုအပြင် ရှမ်းအရှေ့မှာရှိတဲ့ စကခ ၁၈ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုကို ကရင်နီစစ်မျက်နှာမှာ ထပ်မံဖြည့်တင်းခဲ့ရတယ်။ါကြောင့်၂၀၂၁/၂၀၂၂ အတွင်း တိုင်း/ဒကစ လက်အောက်ခံ တပ်ရင်း ၁၃ ရင်း၊ တပ်မ ၆၆ လက်အောက်ခံ၉ရင်း စုစုပေါင်း ၂၂ ရင်းခန့် စစ်ဆင်ရာမှ ၂၀၂၃ မှာတော့ နောက်ထပ် ၁၆ ရင်းခန့် ထပ်ဖြည့်တင်းခဲ့ရပါတယ်။ ဒါကြောင့်လက်ရှိအချိန် ကရင်နီစစ်မျက်နှာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆင်ရေးဝင် ခြေလျင်/ ခြေမြန် တပ်ရင်း ၃၆ ရင်း၊ အင်အား ၄,၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေတယ်လို့ အကြမ်းဖျဥ်းတွက်ဆနိုင်ပါတယ်”

    ချမ်းမင်း

    ကယားပြည်နယ် ( ကရင်နီ) ဟာ ၂၀၂၁ခု နှစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာတွင်ရှေ့တန်းကပါဝင်ခဲ့ပြီး အတက်ကြွဆုံးပါဝင်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။CDM လှုပ်ရှားမှုမှာလည်း အားကောင်းခဲ့တယ်။ ထို့အပြင် အစောဆုံးလက်နက်ကိုင် တိုက်ခိုက်ခဲ့တဲ့ ပြည်နယ်တစ်ခုလဲ ဖြစ်ပါတယ်။၂၀၂၁ ခုနှစ်မေလ ၂၀ ရက်နေ့က ဒီမော့ဆိုနဲ့ မိုးဗြဲမှာ စစ်ကောင်စီလက်အောက်ခံတွေကို စတင်တိုက်ခိုက်ခြင်းဖြင့် ကယားပြည်နယ်ဟာ နွေဦးတော်လှန်ရေးကို လက်နက်ကိုင်တော်လှန်ခြင်းဖြင့် စတင်ခဲ့ပါတယ်။

    ကရင်နီပြည်မှာ လက်နက်ကိုင်တော်လှန်ရေး စဖြစ်ပြီဆိုကတည်းက အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီး၊ လက်နက်ငယ် လေယာဥ်ပစ်ကူတွေ ဖောဖောသီသီသုံးပြီး နှိမ်နှင်းဖို့ ကြိုးစားခဲ့တာ အားလုံးအသိပါ။ အခုလို ပြည်နယ်သေးသေးလေးကို အကြမ်းဖက်စစ်တပ်ဟာ နည်းလမ်းမျိုးစုံသုံးပြီး သဲကြီးမဲကြီးနှိမ်နှင်းနေရတဲ့အဓိကအကြောင်းအရင်းကတော့ ကယားပြည် နယ်ဟာ စစ်ခေါင်းဆောင်အခြေစိုက်ရာ နေပြည် တော်မြို့နဲ့ အနီးဆုံးမှာတည်ရှိတဲ့ အတွက်ပဲ ဖြစ်ပါတယ်။

    ကရင်နီပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ် ၇ ခုအနက် အသေးဆုံး ပြည်နယ်ဖြစ်ပြီး တောတောင်ထူထပ်တဲ့ ပြည်နယ်လဲဖြစ်ပါတယ်။ ဒါပေမဲ့ အထက်မှာပြောခဲ့သလို စစ်ခေါင်းဆောင်တွေ အခြေစိုက်ရာနေပြည်တော်နဲ့ အနီးဆုံးမှာတည်ရှိတဲ့အတွက်ကြောင့် ဟိုယခင်ကတည်းက စစ်ခေါင်းဆောင်တွေဟာ ကယားပြည်နယ်အတွင်း တပ်အင်အားအများအပြားချထားပြီး နေပြည်တော်လုံခြုံရေးအတွက် ကြိုတင်ပြီးစီမံထားခဲ့ပါတယ်။

    မြေမျက်နှာသွင် ပြင်အရကော၊ စစ်ရေးအနေအထားအရကော အရေးကြီးတာကြောင့် စစ်ခေါင်းဆောင်များဟာ ကယားပြည်နယ်တွင် တိုက်ခိုက်ရေး တပ်များအပြင် အခြားလက်ရုံးတပ်များပါ တည်ထားပြီး စစ်သည်အင်အားအများအပြားချထားပါတယ်။ စစ်ဖက်ဆိုင်ရာ ဖွဲ့စည်းပုံအရ ကရင်ပြည်နယ်ဟာ အကြမ်းဖက်စစ်တပ်၏ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) နယ်မြေအတွင်း၌ တည်ရှိပါတယ်။ ရပခရဲ့ လက်အောက်မှာ လွိုင် ကော်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရှိသည့်အပြင် ဘောလခဲတွင် အခြေချစစ်ဗျူဟာ (စဗခ) တခု လည်းအခြေစိုက်ထားပါသေးတယ်။

    ကယားပြည်နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ တပ်တွေကတော့ လွိုင်ကော်  ခလရ ၅၄၊ ဖားဆောင်း  ခလရ ၁၃၄၊ ခလရ ၁၃၅၊ ဘောလခဲ  ခမရ ၃၃၇၊ ခမရ ၄၂၉၊ ခမရ ၄၃၀၊ ဖရူးဆိုး  ခမရ ၄၂၈၊ ခမရ ၅၃၁၊ မိုးဗြဲ ခမရ ၄၂၂၊ လောပိတ  ခလရ ၇၂၊ လွိုင်လင်လေး  ခမရ ၅၃၀ စုစုပေါင်းတပ်ရင်း ၁၁ ရင်း ရှိပါတယ်။ အဲ့တာတွေအပြင် အမှတ်() စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၇) ကိုလည်း ဖယ်ခုံတွင် အခြေစိုက် ထားပါသေးတယ်။

    (more…)

  • ဒီးမော့ဆိုမြို့နယ် (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် (၄၀) နီးပါးသေ 

    ဒီးမော့ဆိုမြို့နယ် (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးအပါအဝင် (၄၀) နီးပါးသေ 

    RNA_မေ(၂၄)၊၂၀၂၃ ခုနှစ်။

    ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ အရှေ့ဖက်ခြမ်းရှိ တနီးလာလဲကျေးရွာတောင်ပေါ်မှ ဒေါလျားခူ ကျေးရွာ တောင်ပေါ်ဖက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် KNDF နှင့် မဟာမိတ်တပ်ဖွဲ့များအကြား (၉) ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်ကြီး တစ်ဦးအပါအဝင် (၄၀) နီးပါးသေဆုံးကြောင်း သိရသည်။

    “စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသူ(၁)ဦး၊ဗိုလ်အဆင့်ရှိသူ(၂)ဦး အပါအဝင် စစ်ကောင်စီတပ်သား (၄၀)နီးပါး သေဆုံးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူလည်းများပြားခဲ့ပါသည်” ဟု KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    (more…)

  • စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်တပ်စိတ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံး

    စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်မှုကြောင့်တပ်စိတ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံး

    RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အလယ်ပိုင်းတိုင်စစ်ဒေသ(၃)၊ ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ တပ်စိပ်မှူး ရဲဘော်မျိုးမြင့်မြတ်သည် စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ကျဆုံးသွားခဲ့ရကြောင်း သိရသည်။

    စစ်ကောင်စီတပ် လေယာဉ်ဖြင့် ဗုံးကြဲမှု‌ကြောင့် ဧပြီလ ၂၇ ရက်နေ့ ည ၁၁ နာရီ ၃၀ တွင် တပ်စိပ်မှူး ရဲဘော်မျိုးမြင့်မြတ် ကျဆုံးခဲ့ရကြောင်း၊ ဧပြီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ဈာပနအခမ်းအနားပြုလုပ်ခဲ့ပြီး ၂၉ ရက်နေ့ နေ့လည် (၁) ရီတွင် ရေစက်ချ အမျှဝေ တရားနာပြီး ဂူသွင်းသင်္ဂြိုလ်ခဲ့ကြောင်း အလယ်ပိုင်းတိုင်း၊ ဒီးမော့ဆို (၁၁၀၂) တပ်ရင်းမှ ထုတ်ပြန်ထားသည်။

    (more…)

  • စစ်ကောင်စီတပ် အသေအဆုံးများနေသည့် ဒီးမော့ဆိုမြို့နယ်တွင် လေကြောင်းဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်နေ

    စစ်ကောင်စီတပ် အသေအဆုံးများနေသည့် ဒီးမော့ဆိုမြို့နယ်တွင် လေကြောင်းဗုံးကြဲပစ်ခတ်မှုများ ပြုလုပ်နေ

    RNA_ဧပြီ(၃၀)၊၂၀၂၃ ခုနှစ်။

    ကရင်နီ(ကယား)ပြည်၊ ဒီးမော့ဆိုမြို့နယ်၊ အနောက်ခြမ်းတွင် တိုက်ပွဲများတွင် စစ်ကောင်စီတပ်အထိနာသေဆုံးမှုများပြားနေသည့်အတွက် စစ်ကောင်စီတပ်သည် ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းမှဗုံးကြဲ ပစ်ခတ်မှုများပြုလုပ်နေကြောင်း သိရသည်။

    ဧပြီလ(၂၉) ရက်နေ့ နံနက် (၉) နာရီ (၃၀) မိနစ်ခန့်က ဒီးမော့ဆို အနောက်ခြမ်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ဂျက်ဖိုက်တာဖြင့် ပစ်ခတ်ခြင်းများကို (၆)ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြောင်း၊ အထိုင်တပ်မြေပြင် လက်နက်ကြီးတပ်မှလည်း ၁၂၀ မမဖြင့် (၃၀)ကြိမ်ထက်မနည်း ပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ် ဒီးမော့ဆို မှ ထုတ်ပြန်ထားသည်။

    (more…)