လွိုင်ကော် နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတွင် ကျဆုံးခဲ့ရသည့် ရဲဘော် ၃ ဦးဈာပနပြုလုပ်

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ခုနှစ်။
ကရင်နီပြည်၊ လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက် ရှေ့တန်းကာကင်းတနေရာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း ကျဆုံးခဲ့ရသည့် KNPLF B/9425 တပ်ရင်းမှ တပ်စုမူးရဲဘော်သားချော၊ ဒုတပ်စိပ်မူးရဲ​ဘော်ရွှေအေး၊ ရဲဘော်သိန်းရွှေ တို့၏ ဈာပနအခမ်းအနားကို အောက်တိုဘာ ၁၅ ရက်နေ့တွင်ပြုလုပ်ပြီး ၁၆ ရက်နေ့တွင် သ​င်္ဂြိုလ်ခဲ့ကြောင်း သိရသည်။
တပ်စုမှူးရဲဘော်သားချော၊ ဒုတပ်စိပ်မူးရဲဘော်ရွှေအေး၊ ရဲဘော်သိန်းရွှေ တို့သည် စစ်အာဏာရှင် စနစ်အမြစ်ပြတ်ချေမှုန်းရေး၊ တန်းတူအခွင့်အရေး ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံ​တော်ထူထောင်နိုင်ရေး ရည်မှန်းချက်များနှင့်အတူ (ကယား) ကရင်နီပြည်နယ်အတွင်းတော်လှန်ရေး လုပ်ငန်းများ အစွမ်းကုန်ကြိုးစားရင်း မြင့်မြင့်စွာကျဆုံးသည့်အတွက် KNPLF B/9425 တပ်ရင်းမှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ ဂုဏ်ယူကာ မှတ်ကျောက်မှတ်တမ်းတင်သွားမည်ဟု ထုတ်ပြန်ထားသည်။

တစ်လေးလုံး (Operation 1111 ) စစ်ဆင်ရေးစသည့် နိုဝင်ဘာ ၁၁ ရက်နေ့မှစတင်ကာ KNPLF၊ KA၊ KNDF၊ DMO Local PDF၊ အလယ်ပိုင်းတိုင်း PDFနှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် အကြမ်းဖက်စစ်ကောင်စီတပ်စွဲထားသည့် နန်းမယ်ခုံမြို့နယ်၊ ဒီမော့ဆိုမြို့နယ်၊ လွိုင်ကော်မြို့နယ် တို့အား တစ်ချိန်တည်း တစ်​​​​ပြေးညီတိုက်ခိုက်၍ စခန်းကြီးငယ်ပေါင်း (၇)ခုထိ သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီး မြို့သိမ်းနိုင်ရေး တိုက်ပွဲများ ဆက်လက်ဆင်နွှဲနေကြောင်း သိရသည်။

 

#RedNewsAgency
By Editor