“ကရင်နီပြည်နယ်အတွင်း တော်လှန်ရေးအဖွဲ့တွေ တဖြည်းဖြည်းအားကောင်းလာတာကြောင့် စစ်တပ်ဟာ ၂၀၂၃ ခုနှစ် မှစပြီး ရှမ်းမြောက်မှ စကခ ၂ တခုလုံးနှင့် စကခ ၇ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုအပြင် ရှမ်းအရှေ့မှာရှိတဲ့ စကခ ၁၈ မှ တပ်ရင်း သုံးရင်းပါ ဗျူဟာတခုကို ကရင်နီစစ်မျက်နှာမှာ ထပ်မံဖြည့်တင်းခဲ့ရတယ်။ ဒါကြောင့်၂၀၂၁/၂၀၂၂ အတွင်း တိုင်း/ဒကစ လက်အောက်ခံ တပ်ရင်း ၁၃ ရင်း၊ တပ်မ ၆၆ လက်အောက်ခံ၉ရင်း စုစုပေါင်း ၂၂ ရင်းခန့် စစ်ဆင်ရာမှ ၂၀၂၃ မှာတော့ နောက်ထပ် ၁၆ ရင်းခန့် ထပ်ဖြည့်တင်းခဲ့ရပါတယ်။ ဒါကြောင့်လက်ရှိအချိန် ကရင်နီစစ်မျက်နှာတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆင်ရေးဝင် ခြေလျင်/ ခြေမြန် တပ်ရင်း ၃၆ ရင်း၊ အင်အား ၄,၀၀၀ ခန့်ဖြင့် ထိုးစစ်ဆင်နေတယ်လို့ အကြမ်းဖျဥ်းတွက်ဆနိုင်ပါတယ်”
ချမ်းမင်း
ကယားပြည်နယ် ( ကရင်နီ) ဟာ ၂၀၂၁ခု နှစ်အာဏာသိမ်းမှုကိုဆန့်ကျင်ရာတွင်ရှေ့တန်းကပါဝင်ခဲ့ပြီး အတက်ကြွဆုံးပါဝင်ခဲ့တဲ့ ပြည်နယ်တစ်ခုဖြစ်တယ်။CDM လှုပ်ရှားမှုမှာလည်း အားကောင်းခဲ့တယ်။ ထို့အပြင် အစောဆုံးလက်နက်ကိုင် တိုက်ခိုက်ခဲ့တဲ့ ပြည်နယ်တစ်ခုလဲ ဖြစ်ပါတယ်။၂၀၂၁ ခုနှစ်မေလ ၂၀ ရက်နေ့က ဒီမော့ဆိုနဲ့ မိုးဗြဲမှာ စစ်ကောင်စီလက်အောက်ခံတွေကို စတင်တိုက်ခိုက်ခြင်းဖြင့် ကယားပြည်နယ်ဟာ နွေဦးတော်လှန်ရေးကို လက်နက်ကိုင်တော်လှန်ခြင်းဖြင့် စတင်ခဲ့ပါတယ်။
ကရင်နီပြည်မှာ လက်နက်ကိုင်တော်လှန်ရေး စဖြစ်ပြီဆိုကတည်းက အကြမ်းဖက်စစ်တပ်ဟာ လက်နက်ကြီး၊ လက်နက်ငယ် လေယာဥ်ပစ်ကူတွေ ဖောဖောသီသီသုံးပြီး နှိမ်နှင်းဖို့ ကြိုးစားခဲ့တာ အားလုံးအသိပါ။ အခုလို ပြည်နယ်သေးသေးလေးကို အကြမ်းဖက်စစ်တပ်ဟာ နည်းလမ်းမျိုးစုံသုံးပြီး သဲကြီးမဲကြီးနှိမ်နှင်းနေရတဲ့အဓိကအကြောင်းအရင်းကတော့ ကယားပြည် နယ်ဟာ စစ်ခေါင်းဆောင်အခြေစိုက်ရာ နေပြည် တော်မြို့နဲ့ အနီးဆုံးမှာတည်ရှိတဲ့ အတွက်ပဲ ဖြစ်ပါတယ်။

ကရင်နီပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ ပြည်နယ် ၇ ခုအနက် အသေးဆုံး ပြည်နယ်ဖြစ်ပြီး တောတောင်ထူထပ်တဲ့ ပြည်နယ်လဲဖြစ်ပါတယ်။ ဒါပေမဲ့ အထက်မှာပြောခဲ့သလို စစ်ခေါင်းဆောင်တွေ အခြေစိုက်ရာနေပြည်တော်နဲ့ အနီးဆုံးမှာတည်ရှိတဲ့အတွက်ကြောင့် ဟိုယခင်ကတည်းက စစ်ခေါင်းဆောင်တွေဟာ ကယားပြည်နယ်အတွင်း တပ်အင်အားအများအပြားချထားပြီး နေပြည်တော်လုံခြုံရေးအတွက် ကြိုတင်ပြီးစီမံထားခဲ့ပါတယ်။
မြေမျက်နှာသွင် ပြင်အရကော၊ စစ်ရေးအနေအထားအရကော အရေးကြီးတာကြောင့် စစ်ခေါင်းဆောင်များဟာ ကယားပြည်နယ်တွင် တိုက်ခိုက်ရေး တပ်များအပြင် အခြားလက်ရုံးတပ်များပါ တည်ထားပြီး စစ်သည်အင်အားအများအပြားချထားပါတယ်။ စစ်ဖက်ဆိုင်ရာ ဖွဲ့စည်းပုံအရ ကရင်ပြည်နယ်ဟာ အကြမ်းဖက်စစ်တပ်၏ တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) နယ်မြေအတွင်း၌ တည်ရှိပါတယ်။ ရပခရဲ့ လက်အောက်မှာ လွိုင် ကော်အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ရှိသည့်အပြင် ဘောလခဲတွင် အခြေချစစ်ဗျူဟာ (စဗခ) တခု လည်းအခြေစိုက်ထားပါသေးတယ်။
ကယားပြည်နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ တပ်တွေကတော့ လွိုင်ကော် ခလရ ၅၄၊ ဖားဆောင်း ခလရ ၁၃၄၊ ခလရ ၁၃၅၊ ဘောလခဲ ခမရ ၃၃၇၊ ခမရ ၄၂၉၊ ခမရ ၄၃၀၊ ဖရူးဆိုး ခမရ ၄၂၈၊ ခမရ ၅၃၁၊ မိုးဗြဲ ခမရ ၄၂၂၊ လောပိတ ခလရ ၇၂၊ လွိုင်လင်လေး ခမရ ၅၃၀ စုစုပေါင်းတပ်ရင်း ၁၁ ရင်း ရှိပါတယ်။ အဲ့တာတွေအပြင် အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၇) ကိုလည်း ဖယ်ခုံတွင် အခြေစိုက် ထားပါသေးတယ်။
(more…)