စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။

ကရင်နီပြည်၊ ၁၁.၁၁ စစ်ဆင်ရေး လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချ အညံ့ခံသည့် မြင်းကွင်းရုပ်သံကို KNDF က ထုတ်ပြန်လိုက်သည်။

စစ်ကောင်စီ၏ တပ်သားများအပြင် ရဲတပ်ဖွဲ့ဝင်များ တစ်ဦးချင်းသော်လည်ကောင်း၊ အစုအဖွဲ့လိုက်သော်လည်ကောင်း၊ ဌာနအလိုက်၊ တပ်ရင်းအလိုက် ပြည်သူ့ဖက်ပူးပေါင်း၍ လက်နက်ချရန် လုပ်ဆောင်ပါက KNDF အနေဖြင့် ကောင်းမွန်နွေးထွေးစွာ ကြိုဆိုသွားမည်ဟု ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor