ကရင်နီတပ်မတော်

စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ ၁၁.၁၁ စစ်ဆင်ရေး လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချ အညံ့ခံသည့် မြင်းကွင်းရုပ်သံကို KNDF က ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီ၏ တပ်သားများအပြင် ရဲတပ်ဖွဲ့ဝင်များ တစ်ဦးချင်းသော်လည်ကောင်း၊ အစုအဖွဲ့လိုက်သော်လည်ကောင်း၊ ဌာနအလိုက်၊ တပ်ရင်းအလိုက် ပြည်သူ့ဖက်ပူးပေါင်း၍ လက်နက်ချရန် လုပ်ဆောင်ပါက KNDF အနေဖြင့် ကောင်းမွန်နွေးထွေးစွာ ကြိုဆိုသွားမည်ဟု ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာ တိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_ဧပြီ(၂၅)၊၂၀၂၃ ခုနှစ်။   ရှမ်း- ကယား နယ်စပ်၊ ဖယ်ခုံမြို့နယ်၊ မြောက်စလုံးကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်များနှင့် ဧပြီလ (၂၄) ရက်နေ့က တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု KnIC ကယနေ့ ထုတ်ပြန်ထားသည်။   စစ်ကောင်စီတပ်စစ်ကြောင်းသည် ဧပြီလ ၂၁ ရက်နေ့က မြောက်စလုံးကျေးရွာဘက် စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ သေဆုံးသည့်စာရင်းကို အတိအကျ ထုတ်ပြန်ခြင်းမရှိသေးသော်လည်း KNDF Bo- 11 မှရဲဘော်တစ်ဦးကျဆုံးခဲ့ရကြောင်း၊ KNDF၊ KA နှင့် မဟာမိတ်တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (more…)
Read More
“ရန်သူအလုပ် ရန်သူ လုပ်နေတယ်၊ မိမိတို့လည်း မိမိအလုပ် လုပ်ကြပါရန်” ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ်မှ KA၊ KNDF ရဲဘော်များကိုမှာကြား

“ရန်သူအလုပ် ရန်သူ လုပ်နေတယ်၊ မိမိတို့လည်း မိမိအလုပ် လုပ်ကြပါရန်” ကရင်နီတပ်မတော် ဒု-စစ်ဦးစီးချုပ်မှ KA၊ KNDF ရဲဘော်များကိုမှာကြား

RNA_မတ်(၁၈)၊၂၀၂၃ ခုနှစ်။ ပင်လောင်းမြို့နယ် နမ့်နိန်ရွာဖြစ်စဉ်တွင် PNO ဥက္ကဋ္ဌ ခွန်အောင်ခမ်းထီသည် စစ်ကောင်စီနှင့်ပေါင်းပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို စွပ်စွဲနေသည့်ကိစ္စနှင့်အခြားကိစ္စတို့အပါအဝင်" ရန်သူအလုပ် ရန်သူအလုပ် လုပ်နေတယ်၊ မိမိတို့လည်း မိမိအလုပ်ပါရန်" စသဖြင့် ကရင်နီတပ်မတော် (KA) ဒု-စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ်မှ KA၊ KNDF ရဲဘော်များထံ အသိပေးစာတစောင် ရေးသားခဲ့သည်။ စစ်ကောင်စီတပ်မှကျူးလွန်ခဲ့သည့် နမ့်နိန်ရွာဖြစ်စဉ်ကို စစ်ကောင်စီနှင့်ပူးပေါင်းနေသည့် PNO က KNDF၊ KNPP၊ PDF တို့ဟု စွပ်စွဲပြီး လူမျိုးရေး၊ ဘာသာရေးအခြေခံကာ တိုက်ခိုက်နေကြောင်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် PNO ဥက္ကဋ္ဌ ခွန်အောင်ခမ်းထီနှင့် တွေ့ဆုံခဲ့ပြီး ၂ ပတ်အတွင်း နမ့်နိန်ကျေးရွာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု…
Read More
ကရင်နီတပ်မတော် စခန်းတခုကို သိမ်းပိုက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ် အထိနာပြီး တပ်ဆုတ်သွား

ကရင်နီတပ်မတော် စခန်းတခုကို သိမ်းပိုက်ရန်ကြိုးစားသည့် စစ်ကောင်စီတပ် အထိနာပြီး တပ်ဆုတ်သွား

RNA_မတ်(၁၂)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည် ဆိုတရှားမြို့နယ်တွင်ရှိသည့် ကရင်နီတပ်မတော် တပ်ရင်း(၃) စခန်းတခုကို စစ်ကောင်စီတပ်မှ တပ်ရင်း (၃) ရင်းပေါင်းပြီး အင်အားအများအပြားဖြင့် သိမ်းပိုက်ရန် ရန်ကြိုးစားခဲ့သော်လည်း အထိနာပြီး တပ်ဆုတ်သွားကြောင်း သိရသည်။ ကရင်နီ-ထိုင်း နယ်စပ်အမှတ်(၈)နှင့် (၉)အကြားတွင်ရှိသည့် ကရင်နီတပ်မတော် ရင်း(၃)၏ တပ်စခန်းတစ်ခုအား သိမ်းပိုက်ရန် စစ်ကောင်စီတပ် ခမရ-၃၃၇၊ ခမရ - ၃၃၄နှင့် ခမရ-၅၁၉ တပ်ရင်း(၃)ရင်းမှ ပူးပေါင်းကာ မတ်လ (၁၁) ရက်နေ့ နံနက် (၁၁)မှ ညနေ (၆) နာရီထိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်ဟု KnIC ကသတင်းထုတ်ပြန်ထားသည်။ (more…)
Read More
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် (၅) ဦးဖမ်းခံရပြီး (၆) ဦးသေဆုံး

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ တပ်ခွဲမှူး (၁) ဦးအပါအဝင် (၅) ဦးဖမ်းခံရပြီး (၆) ဦးသေဆုံး

RNA_ဖေဖော်ဝါရီ(၂၀)၊၂၀၂၃ ခုနှစ်။ ဘောလခဲမြို့နယ်၊ ဟွေ့မာကော်နှင့် ဟွေခွန်းမောင်းကျေးရွာအကြား လက်နက်ခဲယမ်းနှင့် ရိက္ခာများသယ်ပို့နေသည့် စစ်ကောင်စီတပ် ခလရ (၅၄) မှ အင်အား (၃၀) ခန့်ပါ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီး တပ်ခွဲမှူး(၁)ဦးအပါအဝင် (၅) ဦးအရှင်ဖမ်းခံရပြီး (၆) ဦးသေဆုံးကြောင်း သိရသည်။ ကရင်နီတပ်မတော်(KA)၊ ကရင်နီကွန်မန်ဒိုတပ်ဖွဲ့မှ ဦးစီး၍ ကရင်နီတပ်မတော် အမှတ်(၁)တပ်ရင်း၊ ကရင်နီတပ်မတော်အမှတ် (၅) တပ်ရင်းနှင့် KNDFတို့ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့က ဖေဖော်ဝါရီလ (၁၉) ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း၊ အရှင်ဖမ်းမိသူများနှင့်အတူ MA လက်နက်မျိုးစုံ (၁၀)လက်နှင့် ကျည်ဆံ၊ ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ကရင်နီစစ်ဘက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ယနေ့ တိုက်ပွဲ (၂) ခုတွင် စစ်ကောင်စီတပ်သား (၇) ယောက်သေ၊ ကရင်နီတပ်မတော်က တဦးကျ

ယနေ့ တိုက်ပွဲ (၂) ခုတွင် စစ်ကောင်စီတပ်သား (၇) ယောက်သေ၊ ကရင်နီတပ်မတော်က တဦးကျ

RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်အတွင်း ကရင်နီတပ်မတော် (KA) နှင့် KNDF တို့ တိုက်ခိုက်မှုကြောင့် ယနေ့ စစ်ကောင်စီတပ်သား (၇) ယောက်သေပြီး (၈) ယောက်နီးပါး ဒဏ်ရာရရှိသွားပြီး၊ ကရင်နီတပ်မတော် (KA)က ရဲဘော် တဦးရျဆုံးခဲ့ကြောင်း သိရသည်။ ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအရှေ့ဘက်၊ ကနန်းကွယ်ရွာ နှင့် ရေကန်ရွာ အကြားတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၄) ယောက်သေပြီး (၄) ယောက်ဒဏ်ရာရရှိသွားကြောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်ကျေးရွာအုပ်စု၊…
Read More