Tag: KNDF

  • နွေဦးတော်လှန်ရေးကာလ ကရင်နီပြည်မှာ ၁၈၇ ဦး ကျဆုံးခဲ့ရ

    နွေဦးတော်လှန်ရေးကာလ ကရင်နီပြည်မှာ ၁၈၇ ဦး ကျဆုံးခဲ့ရ

    RNA_ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။

    မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ကရင်နီ (ကယား) ပြည်မှာ KNDF/PDF ပြည်သူ စုစုပေါင်း (၁၈၇) ဦး ကျဆုံးခဲ့ရကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။

    ဓာတ်ပုံ: နိုဝင်ဘာလ ၂၅ ရက်နေ့က ကျဆုံးခဲ့သည့် KNDF ရဲဘော် (၄) ဦး ဈာပန မြင်ကွင်း CJ ။

    စစ်ကောင်စီ၏ ဖမ်းဆီး ပစ်ခတ် ညှင်းပန်း သတ်ဖြတ်မှုစသည်တို့ကြောင့် နွေဦးတောင်လှန်ရေးလာက ကရင်နီပြည် သပိတ်တိုက်ပွဲတွင် (၂) ဦး၊ စစ်ဘေးရှောင်စဉ် ( ၁၁) ဦး၊ အရပ်သားပြည်သူ ( ၁၃၃) ဦး၊ KNDF/PDF စသည့် လက်နက်ကိုင်တိုက်ပွဲဝင်သူ (၄၁) ဦး ကျဆုံးခဲ့ရကြောင်း၊ မြို့နယ်အားဖြင့် ဒီးမော့ဆို ( ၉၈) ဦး၊ လွိုင်ကော် (၂၄) ဦး၊ မိုးဗြဲ (၈) ဦး၊ ဖယ်ခုံ (၁၅) ဦး၊ ဘောလခဲ (၂) ဦး၊ ဖရူဆို (၄၀) ဦးတို့ ကျဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

     

    အာဏာသိမ်း စစ်တပ်၏ ဖမ်းဆီး၊ ပစ်ခတ်၊ သတ်ဖြတ်မှုကြောင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ကျဆုံးခဲ့ရသူ (၁၃၇၇) ဦးရှိကြောင်း AAPP က ကောက်ယူရရှိထားသည့်စာရင်းကို ထုတ်ပြန်ထားပြီး ယခုစာရင်းထက် ပိုများနိုင်ကြောင်း သိရသည်။

    ဓာတ်ပုံ: နိုဝင်ဘာလ ၂၅ ရက်နေ့က ကျဆုံးခဲ့သည့် KNDF ရဲဘော် (၄) ဦး ဈာပန မြင်ကွင်း CJ ။

    Red News Agency

  • စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ကို ခုခံပစ်ရင်း ကျဆုံးသွားခဲ့ရသည့် ကိုဝေလင်း

    စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ကို ခုခံပစ်ရင်း ကျဆုံးသွားခဲ့ရသည့် ကိုဝေလင်း

    RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကောင်စီတပ်သား (၅၀) ဝန်းကျင်လောက် စခန်းအနီး တက်လာစဉ် ရဲဘော်‌များကို ဆုတ်ခိုင်းပြီး ကတုတ်ကျင်း ထဲကနေ တဦးတည်း ခံပစ်ယင်း PDF သူရဲကောင်း ကိုဝေလင်း ယနေ့ ကျဆုံးသွားကြောင်း သိရသည်။

    ဧရာဝတီတိုင်းက PDF သူရဲကောင်း ကိုဝေလင်း မကျဆုံးမီ ဒီဇင်ဘာလ (၅) ရက်နေ့က ” တောင်တန်း ပြည်မ စည်းလုံးအားနဲ့ ကြွေးဟောင်း ကြွေးသစ် ပြန်ယူရမယ်၊ သခင်သွေးများ ရဲရဲနီဖို့ အချိန်တန်ပြီ ” ဟု လူ့မှုကွန်ယက်မှာ ရေးသားခဲ့သည်။

    PDF သူရဲကောင်း ကိုဝေလင်းသည် ဧရာဝတီတိုင်းမှ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မယ်ဝါးခီးကျေးရွာအနီးက တပ်စခန်းတခုကို ရောက်ရှိနေသူဖြစ်ကြောင်း၊ ယနေ့ နေ့လည်ပိုင်းက စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် စခန်းသိမ်းရန် စစ်ကြောင်းတက်လာပြီး အဝေးကနေ လက်နက်ကြီးများနှင့် ပစ်ခတ်သလို လေကြောင်းမှလည်း ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီး ပစ်ခတ်မှုများ၊ အင်အားအများအပြား ထိုးစစ်ဆင်မှုတို့ကြောင့် KNLA နှင့် PDF တို့ ပူးပေါင်းတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီဘက်ကလည်း အသေ အပျောက်များကြောင်း၊ မယ်ဝါးခီး ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေကြရပြီး ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ယနေ့ မယ်ဝါးခီးအနီး စခန်းတခုတိုက်ပွဲတွင် PDF ကျဆုံး သူရဲကောင်းများရှိနေကြောင်း ဒေသခံ သတင်းရင်းမြစ်ထံမှ သိရသည်။

    Red News Agency

  • စစ်ကောင်စီတပ်က ကရင်နီပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်

    စစ်ကောင်စီတပ်က ကရင်နီပြည်မှာ လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်

    RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီပြည် (ကယား) နယ်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ဆိုမိုကျေးရွာအနီးမှာ ဒီဇင်ဘာလ ၂၄ ရက်နေ့က ပြည်သူ့စစ် (၄) ဦး၊ ပြည်သူ (၃၅) ဦးကို စစ်ကောင်စီတပ်က ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခြင်းသည် လူသားမျိုးနွယ်စုဆိုင်ရာ လူမျိုးတုံး သတ်ဖြတ်ဖြစ်ကြောင်း ဒေသတွင်းအဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

    စစ်ကောင်စီ တပ်မ (၆၆) ၊ ခမရ (၁၀၈) စစ်ကြောင်းတို့က ဆိုမိုကျေးရွာအနီး ဒေသခံများကို ဖမ်းဆီးရိုက်နှက်ခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ဖျက်ဆီးသည့်အတွက် တားမြစ်သည့် ပြည်သူ့စစ် (၄) ဦး လက်ပြန်ကြိုးတုပ်ကာ ပစ်သတ်ခဲ့ကြောင်း၊ စစ်ဘေးရှောင်ထွက်ခွါသည့် ပြည်သုများ စစ်ကြောင်းနှင့်တွေ့ကာ ဒန်ပါကား (၃) စီး၊ ကားငယ် (၃) စီး၊ ထော်လော်ကြည်နှင့် ဆိုင်ကား (၅) တို့နှင့်အတူ ပြည်သူ (၃၅) ဦးကို မီးရှို့သတ်ဖြတ်ခဲ့ကြောင်း၊ ခမရ (၅၄) တပ်မှ လက်နက်ကြီးပစ်ခတ်သဖြင့် လွိုင်ကော်မြို့နယ် ဘာဒိုရွာနှင့် နာနတ်တောရပ်ကွက်အတွင်း။ လက်နက်ကြီးကျကာ အိုးအိမ်များပျက်စီးခဲ့ရပြီး ပြည်သူ (၁) ဦး သေဆုံးခဲ့ရသည်။

    (more…)

  • ယနေ့ တိုက်ပွဲ (၂) ခုတွင် စစ်ကောင်စီတပ်သား (၇) ယောက်သေ၊ ကရင်နီတပ်မတော်က တဦးကျ

    ယနေ့ တိုက်ပွဲ (၂) ခုတွင် စစ်ကောင်စီတပ်သား (၇) ယောက်သေ၊ ကရင်နီတပ်မတော်က တဦးကျ

    RNA_ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၂၁ ခုနှစ်။

    ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်အတွင်း ကရင်နီတပ်မတော် (KA) နှင့် KNDF တို့ တိုက်ခိုက်မှုကြောင့် ယနေ့ စစ်ကောင်စီတပ်သား (၇) ယောက်သေပြီး (၈) ယောက်နီးပါး ဒဏ်ရာရရှိသွားပြီး၊ ကရင်နီတပ်မတော် (KA)က ရဲဘော် တဦးရျဆုံးခဲ့ကြောင်း သိရသည်။

    ကရင်နီတပ်မတော် (KA) နှင့် KNDF တို့မှ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအရှေ့ဘက်၊ ကနန်းကွယ်ရွာ နှင့် ရေကန်ရွာ အကြားတွင် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား (၄) ယောက်သေပြီး (၄) ယောက်ဒဏ်ရာရရှိသွားကြောင်း၊ ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်ကျေးရွာအုပ်စု၊ ဝပ်လထွားကျေးရွာအတွင်း ကင်းပုန်းစောင့်နေသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ဝန်းကျင်က တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ‌၄ ဦးသေပြီး ၅ ဦးဒဏ်ရာရှိကြောင်း KNDF က ယနေ့ ထုတ်ပြန်ထားသည်။

    စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော် (KA)၊ KNDF တို့တိုက်ပွဲပြင်းထန်ခဲ့ပြီး ကရင်နီတပ်မတော် (KA)က ရဲဘော်တဦး ကျဆုံးခဲ့ရကြောင်း၊ ဒဏ်ရာရရှိခဲ့သူ နှစ်ဦးရှိကြောင်း သိရသည်။

    Red News Agency