Tag: မုံကိုး

  • ဒဏ်ရာရ စွန့်ပစ်ခံ စစ်ကောင်စီတပ်သား ခင်မောက်အိုက် စစ်ကောင်စီကို အရမ်းစိတ်နာ

    ဒဏ်ရာရ စွန့်ပစ်ခံ စစ်ကောင်စီတပ်သား ခင်မောက်အိုက် စစ်ကောင်စီကို အရမ်းစိတ်နာ

    RNA_ဒီဇင်ဘာ(၃၁)၊၂၀၂၃ခုနှစ်။

    စစ်ကောင်စီ၏ တပ်မ (၉၉) နှင့် MNDAA တို့ တိုက်ပွဲဖြစ်ပွါးစဉ်အတွင်း ဒဏ်ရာရစစ်သည်တဦးကို စွန်ပစ်ထားခဲ့သည့်အတွက် MNDAA မှကယ်ထုတ်ခဲ့ရပြီး စစ်ကောင်စီတပ်ကို အရမ်းစိတ်နာကြောင်း ဖွင့်ဟဝန်ခံထားသည်။

    စစ်ကောင်စီတပ်မ( ၉၉) လက်အောက် အထူးတပ်ရင်း (၁၅) တွင် တာဝန်ထမ်းဆောင်သော ဆေးတပ်သားတစ်ဦးဖြစ်သည့် အသက် ၄၂ နှစ်အရွယ် ခင်မောင်အိုက်ကို တိုက်ပွဲအတွင်း ဒဏ်ရရှိချိန် ဒီဇင်ဘာလ ၁၄ ရက်နေ့က စွန့်ပစ်ထားခဲ့ခြင်း ဖြစ်သည်။

    [embedyt] https://www.youtube.com/watch?v=-zJ9qsxuVP4[/embedyt]

    ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်နေ့ မုံးကိုး ခရိုင်နန်ခုန့်ဒေသတွင် တိုက်ပွဲဖြစ်ပွါးခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့မှသာ စွန်ပစ်ခံ စစ်ကောင်စီတပ်သားကို ကယ်တင်နိုင်ခဲ့ကြောင်း၊ MNDAA မှ ကယ်တင်နိုင်ခဲ့ချိန် ဆေးကုသမှုပေးကာ ပြုစုစောင့်ရှောပ်ခဲ့သည့်အတွက် အလွန်ကျေးဇူးတင်ကြောင်း ပြောကြားထားသည့်ရုပ်သံကို MNDAA ကထုတ်ပြန်ထားသည်။

    #RedNewsAgency
    https://t.me/rednewsagency/5097

  • မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

    မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

    “လက်ရှိအခြေအနေမှာ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့နေနေသာသာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေကိုယ်တိုင်က တော်လှန်ရေးအဖွဲ့တွေရဲ့ ဖြတ် (၄) ဖြတ် လုပ်ခြင်းကို ခံနေရ”

    မောင်ဝိ 

    ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ၃ နှစ်ပြည့်ကာနီး ကာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာနဲ့ မြို့ကြီးတွေကိုပါ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ တော်လှန်ရေး သိသိသာသာ တိုးတက်လာချိန်ကို အဓိကပြောပါဆိုရင် ရှမ်းမြောက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့်ပဲ မြောက်ပိုင်းမဟာမိတ် () ဖွဲ့က ဦးဆောင်ခဲ့တဲ့ ရှမ်းမြောက်က စစ်ဆင်ရေးကို စစ်ခေါင်းဆောင်ကိုယ်တိုင် ထိတ်လန့်လာတဲ့အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။ 

    ၁၀၂၇ မစတင်ခင် ၂ ပတ်လောက်အလိုကတည်းကစစ်တပ်အနေနဲ့ စာထုတ်ပြီး သူ့တပ်ရင်းတွေကို အကြောင်းကြားထားခဲ့တာဖြစ်တယ်လို့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်းမှာ ပါခဲ့တဲ့ အရာရှိဖြစ်သူထံမှ သိရပါတယ်။ ၁၀၂၇ မစတင်ခင် အောက်တိုဘာ ၇ ရက်နေ့လောက်ကတည်းက လုံထန်ဘက်မှာ တိုက်ပွဲအသေးစားလေးတွေ ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မနက် ၂ နာရီလောက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်ကို အရင်ဝင်သိမ်းခဲ့ပါတယ်။ ဒီနောက် ဟိုပန်နဲ့ ချင်းရွှေဟော်က ကားနဲ့ ၂၅ မိနစ်လောက်သွားရတဲ့ ဟိုပန် ဖောင်ဆိပ်စခန်းမှာကလည်း စစ်တပ်က တပ်စွဲထားတဲ့ အင်အား ၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

    ၁၀၂၇ စတင်ခဲ့တဲ့ မနက်ပိုင်း ၄ နာရီလောက်မှာ MNDAA နဲ့မဟာမိတ် ပူးပေါင်း အင်အား ၂၀၀၀ ခန့်ဟာ ဟိုပန်တံတားကို ဝင်စီးခဲ့ပါတယ်။ ဒီနောက် ဖောင်ဆိပ် စစ်ကောင်စီ စခန်းကျခဲ့တယ်။ အဲ့အချိန် ဟိုပန်ထဲက တပ်တွေက လက်နက်ကြီး တွေနဲ့ ဖောင်ဆိပ်တံတားဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့်၊ စစ်တပ်ကအင်အားနဲ့ ပြန်တိုက်နိုင်တာမျိုး မရှိခဲ့ပါဘူး။ ဟိုပန်ဖောင်ဆိပ်ကို သိမ်းပြီး မဟာမိတ်ပူးပေါင်းအဖွဲ့က တံတားကိုဖျက်ခဲ့ပါတယ်။ ဖောင်ဆိပ်ဘက်ကနေ ကွမ်လုံဘက်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဆက်တက်တယ်။ ကွမ်းလုံမရောက်ခင် ကောင်းကျဲဘက်မှာ မြောက်ပိုင်း ၃ ဖွဲမှ အဖွဲ့ ၄ နေရာလောက်ခွဲပြီး၊ ကွမ်လုံမှာရှိတဲ့တပ်တွေကို ဒရော့ဗုံးချတာ၊ ရနိုင်မယ်ထင်တဲ့နေရာတွေကိုဝင်ပစ်တယ်။

    (more…)