လက်နက်ချအညံ့ခံ

ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံ

ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈)ဦး လက်နက်ချအညံ့ခံ

RNA_ဧပြီ(၁၆)၊၂၀၂၄ ခုနှစ်။ စစ်ကောင်စီ၏ ခလရ−၁၀၃ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် (၄၈) ဦးသည် KNU ဘိတ်−ထားဝယ်ခရိုင် တပ်မဟာ (၄) ထံသို့ ဧပြီလ ၁၅ ရက်နေ့က လက်နက်ချ အညံ့ခံ ခဲ့ကြောင်း သိရသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ အမှတ် (၄) မှ ၂၀၂၄ ခုနှစ် ဧပြီလ (၁၅) ရက်နေ့တွင် မောထာဒေသနှင့် ထီးထာကြား၌ ခလရ−၁၀၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စွဲထားရာ တပ်စခန်းအား စွန့်ခွာပြီး ထီးထာ့ဗျူဟာ သို့ ပြန်လည်ပူးပေါင်းရန် ပြန်လာသည့်လမ်းတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ (၆) ဦးခန့်သေဆုံးခဲ့ပြီးနောက်…
Read More
တောင်ပိုင်းတိုင်းစစ်ရေး အရှိန်အဟုန်က မြို့သိမ်းတိုက်ပွဲထိ ရောက်လာပြီလား

တောင်ပိုင်းတိုင်းစစ်ရေး အရှိန်အဟုန်က မြို့သိမ်းတိုက်ပွဲထိ ရောက်လာပြီလား

"တောင်ပိုင်း စစ်ဒေသမှာလည်း အင်အားအများဆုံးနဲ့ ပထဆုံးလက်နက်ချပွဲဖြစ်ပါတယ်။ ဒါဟာ တော်လှန်ရေးအင်းအားစုများရဲ့ သမိုင်းတွင်တဲ့ အောင်ပွဲတခုဖြစ်ပါတယ်။ လက်နက်ချတယ်ဆိုတာကလည်း ခုခံနိုင်စွမ်း၊ စစ်ကူတွေမရတဲ့အဆုံး အသက်သေမှာကြောက်ပြီး အသက်ရှင်ဖို့ တခုတည်းသော နည်းလမ်းကို ရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်" **************************** ချမ်းမင်း တော်လှန်ရေးအရှိန်ပြင်းလာတဲ့ သတင်းတွေဟာ ဒီရက်ပိုင်းမှာကို အတော်လေး ကျယ်ကျယ်လောင်လောင်နဲ့ မြင်တွေ့နေရပါတယ်။ ရခိုင်ဘက်ကသတင်းတွေ၊ ကချင်ဘက်ကသတင်းတွေသာမက အခုနောက်ဆုံး ကရင်ပြည်နယ်က သတင်းတွေကပါ တော်လှန်ရေးအတွက်အားတက်စရာ၊ အားရှိစရာ အောင်ပွဲတွေများစွာကို မြင်တွေ့နေရပါတယ်။ အနီးစပ်ဆုံးအနေနဲ့ဆိုရင် ဧပြီလ၆ ရက်နေ့က ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေရှိ သင်္ကန်းညီနောင် စစ်ဗျူဟာစခန်းမှ အရာရှိ ၆၇ ဦး အခြားအဆင့် ၄၁ ၀ ဦးအပါအဝင်…
Read More
စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာစခန်း တခုလုံး (၂၀၀ ခန့် ) AAထံ လက်နက်ချ အညံ့ခံ

စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာစခန်း တခုလုံး (၂၀၀ ခန့် ) AAထံ လက်နက်ချ အညံ့ခံ

RNA_ဇန်နဝါရီ(၈)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ စစ်ကောင်စီ၏ တောင်ရှည်ဗျူဟာ စခန်းတခုလုံး ( အင်အား ၂၀၀ ခန့်) သည် ရက္ခိုင့်တပ်တော် - AA ထံ လက်နက်ချအညံ့ခံခဲ့သည်ဟု ယနေ့ AA ကထုတ်ပြန်ထားသည်။ တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း AA နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်များလည်း စစ်ရေးအတွေ့အကြုံယူရင်း တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ အခြားသော တပ်စခန်းများမှလည်း လက်နက်ချ အညံ့ခံရန် (သို့မဟုတ်) ပြည်သူ့ရင်ခွင် ခိုလှုံရန် ဆက်သွယ်မှုများရရှိထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More

လောက်ကိုင် ဒကစ လက်နက်ချသည့်အတွက် လောက်ကိုင်ကို MNDAA အပြီးသတ်သိမ်းပိုက်

RNA_ဇန်နဝါရီ(၅)၊၂၀၂၄ခုနှစ်။   ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ ယမန်နေ့ (ဇန်နဝါရီ ၄ ရက်) ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့်အတွက် MNDAA နှင့်ပူးပေါင်းတပ်ဖွဲ့များက လောက်ကိုင်မြို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။   လောက်ကိုင်ရှိ စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအတွင်း နေ့စဉ်တိုက်ခိုက်လာခဲ့သည့်မှာ ဇန်နဝါရီလ ၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်သွားနိုင်ပါက ရှမ်းပြည်နယ် အထူးဒေသ (၁) အားလုံး စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ယမန်နေ့ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့် လောက်ကိုင် ဒကစ ပါအဝင် စစ်ကောင်စီလက်အောက်ခံများကို…
Read More
စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချအညံ့ခံသည့် ရုပ်သံ

RNA_နိုဝင်ဘာ(၁၅)၊၂၀၂၃ ခုနှစ်။ ကရင်နီပြည်၊ ၁၁.၁၁ စစ်ဆင်ရေး လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း ယမန်နေ့ တိုက်ပွဲတွင် စစ်ကောင်စီလက်အောက်ခံများ KNDFထံ လက်နက်ချ အညံ့ခံသည့် မြင်းကွင်းရုပ်သံကို KNDF က ထုတ်ပြန်လိုက်သည်။ စစ်ကောင်စီ၏ တပ်သားများအပြင် ရဲတပ်ဖွဲ့ဝင်များ တစ်ဦးချင်းသော်လည်ကောင်း၊ အစုအဖွဲ့လိုက်သော်လည်ကောင်း၊ ဌာနအလိုက်၊ တပ်ရင်းအလိုက် ပြည်သူ့ဖက်ပူးပေါင်း၍ လက်နက်ချရန် လုပ်ဆောင်ပါက KNDF အနေဖြင့် ကောင်းမွန်နွေးထွေးစွာ ကြိုဆိုသွားမည်ဟု ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More