ဘောလခဲမြို့နယ်က စစ်ကောင်စီ၏ ၁၂ မိုင်ကုန်းစခန်းကို ပူးပေါင်းတပ်ဖွဲ့များသိမ်းပိုက်

Written by

in

RNA_ဖေဖော်ဝါရီ(၁၀)၊၂၀၂၄ခုနှစ်။

ကရင်နီပြည် (ကယားပြည်နယ်)၊ ဘောလခဲမြို့နယ်၊ ရွာသစ်မြို့နယ်ခွဲရှိ စစ်ကောင်စီ၏ ခမရ – ၁၁၂ ၏ ၁၂ မိုင်ကုန်းစခန်းကို ကရင်နီပြည်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဖေဖော်ဝါရီလ ၈ ရက်နေ့က သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။

 

စစ်ကောင်စီ၏ ၁၂ မိုင်ကုန်းစခန်းကို ကရင်နီပြည် ပြည်သူ့လွတ်မြောက် ရေးတပ်မတော် (KPLA) တပ်မဟာ(၇၈၂၆)၊ တပ်မဟာမှူး ရဲဘော်ဆီမိုးနယ် ဦးစီးပြီး KA၊ KNDF၊ PDF၊ KNPLF Federal Wing ဒရုန်းတပ်ဖွဲ့၊ FFD ဒရုန်းတပ်ဖွဲ့၊ PDF ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီလက်အောက်ခံများ ချေမှုန်းခံမှုရှိပြီး သုံ့ပန်း တဦးဖမ်းဆီးရမိကာ အခြားသူများ ထွက်ပြေးလွတ်မြောက်သူများရှိသည်ဟု KPLA ကထုတ်ပြန်ထားသည်။



စခန်းသိမ်းတိုက်ပွဲအတွင်း MA 1 အမျိုးအစား သေနတ် (၈) လက်၊ MA2 အမျိုးအစား သေနတ် (၁)လက်၊ MA 3 အမျိုးအစားသေနတ် (၁) လက်၊ MA 11 အမျိုးအစား သေနတ် (၁) လက်၊ ၆၀ မမ စိန်ပြောင်း (၃) လက်၊ ငါးကြင်းမြီး စက်လတ်(၁) လက်၊ ၉ မမ ပစ္စတို (၁) လက် ရန်သူ့ လက်နက် စုစုပေါင်း (၁၆) လက်နှင့် ခဲယမ်းမျိုးစုံနှင့် အခြားစစ်ရေးဆိုင်ရာ ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တချို့ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#RedNewsAgency