မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

“လက်ရှိအခြေအနေမှာ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့နေနေသာသာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေကိုယ်တိုင်က တော်လှန်ရေးအဖွဲ့တွေရဲ့ ဖြတ် (၄) ဖြတ် လုပ်ခြင်းကို ခံနေရ”

မောင်ဝိ 

ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ၃ နှစ်ပြည့်ကာနီး ကာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာနဲ့ မြို့ကြီးတွေကိုပါ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ တော်လှန်ရေး သိသိသာသာ တိုးတက်လာချိန်ကို အဓိကပြောပါဆိုရင် ရှမ်းမြောက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့်ပဲ မြောက်ပိုင်းမဟာမိတ် () ဖွဲ့က ဦးဆောင်ခဲ့တဲ့ ရှမ်းမြောက်က စစ်ဆင်ရေးကို စစ်ခေါင်းဆောင်ကိုယ်တိုင် ထိတ်လန့်လာတဲ့အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။ 

၁၀၂၇ မစတင်ခင် ၂ ပတ်လောက်အလိုကတည်းကစစ်တပ်အနေနဲ့ စာထုတ်ပြီး သူ့တပ်ရင်းတွေကို အကြောင်းကြားထားခဲ့တာဖြစ်တယ်လို့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်းမှာ ပါခဲ့တဲ့ အရာရှိဖြစ်သူထံမှ သိရပါတယ်။ ၁၀၂၇ မစတင်ခင် အောက်တိုဘာ ၇ ရက်နေ့လောက်ကတည်းက လုံထန်ဘက်မှာ တိုက်ပွဲအသေးစားလေးတွေ ဖြစ်ပွားခဲ့ပါတယ်။ အောက်တိုဘာလ ၁၀ ရက်နေ့မနက် ၂ နာရီလောက်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ချင်းရွှေဟော်ကို အရင်ဝင်သိမ်းခဲ့ပါတယ်။ ဒီနောက် ဟိုပန်နဲ့ ချင်းရွှေဟော်က ကားနဲ့ ၂၅ မိနစ်လောက်သွားရတဲ့ ဟိုပန် ဖောင်ဆိပ်စခန်းမှာကလည်း စစ်တပ်က တပ်စွဲထားတဲ့ အင်အား ၅၀ လောက်ရှိတယ်လို့ ဆိုပါတယ်။

၁၀၂၇ စတင်ခဲ့တဲ့ မနက်ပိုင်း ၄ နာရီလောက်မှာ MNDAA နဲ့မဟာမိတ် ပူးပေါင်း အင်အား ၂၀၀၀ ခန့်ဟာ ဟိုပန်တံတားကို ဝင်စီးခဲ့ပါတယ်။ ဒီနောက် ဖောင်ဆိပ် စစ်ကောင်စီ စခန်းကျခဲ့တယ်။ အဲ့အချိန် ဟိုပန်ထဲက တပ်တွေက လက်နက်ကြီး တွေနဲ့ ဖောင်ဆိပ်တံတားဘက်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပေမယ့်၊ စစ်တပ်ကအင်အားနဲ့ ပြန်တိုက်နိုင်တာမျိုး မရှိခဲ့ပါဘူး။ ဟိုပန်ဖောင်ဆိပ်ကို သိမ်းပြီး မဟာမိတ်ပူးပေါင်းအဖွဲ့က တံတားကိုဖျက်ခဲ့ပါတယ်။ ဖောင်ဆိပ်ဘက်ကနေ ကွမ်လုံဘက်ကို မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ဆက်တက်တယ်။ ကွမ်းလုံမရောက်ခင် ကောင်းကျဲဘက်မှာ မြောက်ပိုင်း ၃ ဖွဲမှ အဖွဲ့ ၄ နေရာလောက်ခွဲပြီး၊ ကွမ်လုံမှာရှိတဲ့တပ်တွေကို ဒရော့ဗုံးချတာ၊ ရနိုင်မယ်ထင်တဲ့နေရာတွေကိုဝင်ပစ်တယ်။

စစ်တပ်ဘက်ကလည်း ပြန်ပစ်တယ်။ စစ်တပ်ဘက်က စခန်းကျရခြင်းရဲ့အဓိကအကြောင်းရင်းက ဒရော့ဗုံးဖြင့် တိုက်ခိုက်ခြင်းကြောင့်ပဲ ဖြစ်တယ်။ တော်လှန်ရေးဘက်က ဒရော့ဗုံးကို တွင်တွင်ကျယ်ကျယ်သုံးလာတာကြောင့် တပ်ဘက်က ​Drong Guard Drong Jammer Drong Gun တွေရှိပေမယ့် မခုခံနိုင်ခဲ့ပါ။ နောက်ပိုင်းမှာ တော်လှန်ရေးဘက်က ဒရုန်းတခါလာရင် ၇၈ စီးအထိ တိုက်ခိုက်လာခဲ့ကြတယ်။ စစ်တပ်ဘက်က ဒရုန်းတစီးကို ပစ်ချခဲ့ရင်တောင် ကျန်ရှိနေတဲ့ ဒရုန်း ၆ စီးခန့်က ဝိုင်းဝန်းပစ်ခတ်မှုကြောင့် စစ်တပ်က ခံစစ်ပြင်ဆင်နိုင်ခြင်း မရှိခဲ့ပါဘူး။ 

၁၀၂၇ စဖြစ်တဲ့နေ့မှစတင်ပြီး ဖုန်းလိုင်းတွေပျောက်ပြီး၊ ကွမ်လုံတမြို့လုံးအဆက်အသွယ်ပြတ်တောက်သွားခဲ့တယ်။ စစ်ကောင်စီတပ်အချင်းချင်းကို CDMA Icon စတာတွေနဲ့ပဲ ဆက်သွယ်ဖြစ်ကြတယ်။ ဒါ့ကြောင့်ပဲ ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ တပ်စခန်း ၂၀၀ ကျော်သိမ်းပိုက်ခံရပြီး မြို့ကြီးတွေကိုပါ စစ်တပ်က လက်လွှတ်လာခဲ့ရတာဖြစ်တယ်။ လက်ရှိအခြေအနေမှာ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့နေနေသာသာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေကိုယ်တိုင်က တော်လှန်ရေးအဖွဲ့တွေရဲ့ ဖြတ် () ဖြတ် လုပ်ခြင်းကို ခံနေရပြီး ရိက္ခာ၊ ဆက်သွယ်ရေး၊ ဘဏ္ဍာရေးအပြင် လူထုနဲ့ပါ အဆက်အသွယ်ပြတ်တောက်နေခဲ့တာပါ။ 

စစ်ကောင်စီတပ်က စစ်တိုက်နေတဲ့ စစ်သားတွေကိုယ်တိုင်ရဲ့ အခြေအနေဟာ အကျအဆုံး၊ ဒဏ်ရာရရှိသူတွေများလာတာကြောင့် စိတ်ဓာတ်ကျဆင်းမှုတွေများပြားလာခဲ့ပါတယ်လို့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ပြည်သူ့ရင်ခွင်ခိုလှုံလာသူ အရာရှိတစ်ဦးက ပြောပြပါတယ်။ 

၁၀၂၇ စစ်ဆင်ရေးရဲ့ ရလဒ်အနေနဲ့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ သိန္နီ၊ မုံးကိုး၊ ကွမ်းလုံ စတဲ့ရှမ်းမြောက်ဒေသက မြို့ကြီးတွေကို MNDAA နဲ့ မဟာမိတ်တွေက ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ ဒါ့အပြင် စစ်ကိုင်းတိုင်း၊ စစ်ဒေသ ၁ ရှိ ကောလင်းမြို့အပါအဝင် ပင်လယ်ဘူး၊ ခမ်းပတ်၊ ရွှေပြည်အေး၊ မော်လူးစတဲ့မြို့ကြီးတွေကိုပါ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်များ နဲ့မဟာမိတ် ပူးပေါင်တပ်များက သိမ်းပိုက်ခဲ့ပါတယ်။

တဖက်မှာလည်း ချင်းတော်လှန်ရေးတပ်ဖွဲ့များက ရိဒ်ခေါဒါရ်၊ လိုင်လင်းပီ၊ ရေဇွာ၊ ဝေဘူလ၊ နှာရိန်၊ ဆူရ်ခွာ၊ မကွီးအိမ်နူး စတဲ့နယ်စပ်မြို့တွေကို အဓိက ထိန်းချုပ်လာနိုင်ခဲ့ခြင်းဖြစ်တယ်။ ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များကလည်း မယ့်စဲမြို့အပါအဝင် ကရင်နီပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီး၊ မြို့တော်ဖြစ်တဲ့ လွိုင်ကော်ရဲ့ တဝက်ခန့်ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ ဒီမြို့သိမ်းတိုက်ပွဲများအတွင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ မြောက်ပိုင်မဟာမိတ် ၃ ဖွဲ့ရဲ့စစ်ရေးနဲ့ လက်နက်အကူအညီ များစွာပါရှိတယ်ဆိုတာကို စစ်ကောင်စီရာထူးကြီးပိုင်းတွေအနေနဲ့ အထိုက်အလျောက်သိရှိထားပြီး ဖြစ်တယ်။

၁၀၂၇ စစ်ဆင်ရေးအပေါ်  ထိတ်လန့်လာတဲ့ စစ်ခေါင်းဆောင်ဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ လားရှိုးမြို့ကိုသွားရောက်ခဲ့ပြီး ဒဏ်ရာရစစ်သားတွေအပါအဝင် စစ်သားနဲ့ ရဲတွေကို အားပေးစကားပြောလာခဲ့တာကတော့ရှမ်းမြောက်မှာ ငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ဆိုပါတယ်။ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကနေပြီးစစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေနဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ MNDAA AA TNLA တို့ တရုတ်နိုင်ငံမှာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တယ်လို့ တရားဝင်ထုတ်ပြောခဲ့ပါတယ်။ အခုက စစ်တပ်ဟာ မနိုင်တော့မှန်းသိတဲ့အချိန်မှာ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့နဲ့ အတင်းညှိနှိုင်းဖို့ တရုတ်ကို တွန်းအားပေးနေသလို အပစ်အခတ်ရပ်စဲရေးဆိုတာကို ဦးစားပေးပြောဆိုလာတာပါ။

အခုလိုပြောဆိုမှုတွေကြောင့် ဒီဇင်ဘာလ ၁၂ ရက်နေ့ ညပိုင်းမှာမြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှလတ်တလောတွင် တွေ့မြင်နေရသော သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စိုးရိမ်ပူပန်မှုများ ရှိနေသည်ကို မိမိတို့အနေဖြင့် သိရှိရ၍ အဆိုပါကိစ္စရပ်အပေါ် များစွာစိုးရိမ်ပူပန်မှု မရှိကြစေရန် ပြောကြားလိုပါသည်။ ထို့အတူ မိမိတို့အနေဖြင့် ဘုံရည်မှန်းချက် အလုံးစုံပြည့်ဝသည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူလူထု တစ်ရပ်လုံးနှင့် လက်တွဲကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း လေးစားစွာ အသိပေးအပ်ပါတယ်လို့ဆိုပါတယ်။ ဒီအချက်တွေအရ စစ်ကောင်စီအနေနဲ့ တကူးတက ငြိမ်းချမ်းရေးဆွေးနွေးတာတောင်မှ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က လက်မခံနိုင်ဘူးဆိုတာကို ပြည်သူတရပ်လုံးကိုအသိပေးခြင်းဖြစ်တယ်။

ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကလည်း ” NUG နဲ့ EROs တွေကြား နိုင်ငံရေးရော စစ်ရေးပါ မဟာဗျုဟာပိုင်း ညှိနှိုင်းမှုနဲ့ပူးပေါင်းဆောင်ရွက်မှု တောက်လျှောက် ရှိခဲ့တယ်၊ စစ်အာဏာရှင် အမြစ်ဖြတ်နိုင်ဖို့ဆိုရင် တစ်ဦးကောင်း တစ်ဖွဲ့ကောင်း ဆောင်ရွက်လို့ မရနိုင်ဘဲ၊ အတူတကွ လက်တွဲပူးပေါင်းပြီးဟန်ချက်ညီညီ အလုပ်လုပ်မှ ရနိုင်မယ်ဆိုတာလည်း အားလုံး သဘောကိုက်ညီကြတယ်။ စစ်အုပ်စုနဲ့ပတ်သက်ရင် တိုင်းရင်းသားခေါင်းဆောင်တွေဟာ ကျွန်တော်တို့ထက် အတွေ့အကြုံပိုများပါတယ်။ စစ်အုပ်စုနဲ့ပတ်သက်ရင် အံတိုနေတဲ့ခေါင်းဆောင်တွေ၊ အဖွဲ့အစည်းတွေချည်းပဲလို့ ဆိုထားပါတယ်။

အခုချိန်မှာ မြန်မာပြည်အထက်ပိုင်းတခုလုံးဟာ တော်လှန်ရေးတပ်ဖွဲ့တွေလက်ထဲ ရောက်ရှိဖို့ မကြာတော့ပါဘူး။ နယ်စပ်ကုန်သွယ်ရေးရဲ့ ၄၀ ရာခိုင်နှုန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေက ထိန်းချုပ်ထားနိုင်ပြီး၊ အရှိန်အဟုန်မပျက် မြို့သိမ်းတိုက်ပွဲတွေကိုဆက်ပြီး ဆောင်ရွက်နေကြပါတယ်။ 

အခုလို မြို့တွေ အသိမ်းခံနေရတဲ့ အခြေအနေမှာ စစ်ကောင်စီအတွက် ထွက်ပေါက်ပိတ်နေပါပြီ၊ သူ့ထွက်ပေါက်အတွက် ငြိမ်းချမ်းရေးဆိုတဲ့ စကားကို ကမ်းလှမ်းလာသလို လောက်ကိုင်မြို့မှာဆိုရင် စစ်တပ်လက်အောက်ခံ ဝန်ထမ်းတွေကို ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုတာတွေအထိ ရှိလာခဲ့ပါပြီ။ ဒီတော့ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီအနေနဲ့ ပြည်သူလူထုရှေ့ကို ဒူးထောက်ရတော့မယ့် အခြေအနေမျိုး မကြာခင်ဖြစ်လာတော့မယ်ဆိုတာ သေချာနေပါပြီ။ အဲဒီကာလမတိုင်ခင်တော့ စစ်တပ်ရဲ့ သွေးထိုးစကားတွေကို ရှောင်ကျဥ်နိုင်ဖို့ တော်လှန်ရေးသတိ အမြဲရှိကြဖို့ အသိပေးလိုက်ရပါတယ်။ ။ 

Red News Agency

By Editor