လောက်ကိုင်မြို့

စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီ

စစ်ကောင်စီလက်အောက်ခံ ၂ ထောင်ကျော် အလင်းဝင်သည့်အတွက် “စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်” ဖြစ်ပြီ

ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦးနှင့် ရဲဘော်အဆင့် (၁၈၉၅) ဦးအလင်းဝင်သည့်အတွက် "စစ်ကောင်စီ ကင်းစင်သည့် လောက်ကိုင်" ဖြစ်ပြီဟု ညီနောင်မဟာမိတ်အဖွဲ့ကြေညာ RNA_ဇန်နဝါရီ(၆)၊၂၀၂၃ခုနှစ်။ လောက်ကိုင်မြို့မှ ဒကစ အပါအဝင် ဗိုလ်မှူးချုပ်အဆင့် (၆) ဦး၊ အရာရှိ ၂၈၈ ဦး၊ ရဲဘော်အဆင့် (၁၈၉၅) ဦးနှင့် “နမ်ထင်းမိန်ရှန်း” မှ (၂၆၆) ဦး အလင်းဝင်ခဲ့သည့်အတွက် စစ်ကောင်စီလက်အောက်ခံ “ခွေးတစ်ကောင်၊ ကြောင်တစ်မြီး” ပါမကျန် လက်နက်ချအညံ့ခံခဲ့ကြပြီးဖြစ်သည့်အတွက် ကိုးကန့် (လောက်ကိုင်) တစ်ခွင်လုံးသည် “စစ်ကောင်စီ ကင်းစင်သည့်နယ်မြေ’ ဖြစ်ခဲ့ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ကြေညာထားသည်။ လောက်ကိုင်မြို့တွင် လက်နက်ချအညံ့ခံခဲ့ရသည့် အထဲတွင် မိသားစုဝင်…
Read More

လောက်ကိုင် ဒကစ လက်နက်ချသည့်အတွက် လောက်ကိုင်ကို MNDAA အပြီးသတ်သိမ်းပိုက်

RNA_ဇန်နဝါရီ(၅)၊၂၀၂၄ခုနှစ်။   ကိုးကန့်အထူးဒေသ (၁) လောက်ကိုင်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) မှ ယမန်နေ့ (ဇန်နဝါရီ ၄ ရက်) ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့်အတွက် MNDAA နှင့်ပူးပေါင်းတပ်ဖွဲ့များက လောက်ကိုင်မြို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။   လောက်ကိုင်ရှိ စစ်ကောင်စီလက်အောက်ခံများကို MNDAA ဦးဆောင်သည့် မဟာမိတ်တပ်ဖွဲ့များက ၁၀၂၇ စစ်ဆင်ရေးအတွင်း နေ့စဉ်တိုက်ခိုက်လာခဲ့သည့်မှာ ဇန်နဝါရီလ ၃ ရက်နေ့အထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ လောက်ကိုင်မြို့ကို MNDAA ထိန်းချုပ်သွားနိုင်ပါက ရှမ်းပြည်နယ် အထူးဒေသ (၁) အားလုံး စိုးမိုးထားနိုင်ပြီဖြစ်ကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။ ယမန်နေ့ညပိုင်းက လက်နက်ချအညံ့ခံခဲ့သည့် လောက်ကိုင် ဒကစ ပါအဝင် စစ်ကောင်စီလက်အောက်ခံများကို…
Read More
မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

"လက်ရှိအခြေအနေမှာ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့နေနေသာသာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေကိုယ်တိုင်က တော်လှန်ရေးအဖွဲ့တွေရဲ့ ဖြတ် (၄) ဖြတ် လုပ်ခြင်းကို ခံနေရ" မောင်ဝိ  ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ၃ နှစ်ပြည့်ကာနီး ကာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာနဲ့ မြို့ကြီးတွေကိုပါ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ တော်လှန်ရေး သိသိသာသာ တိုးတက်လာချိန်ကို အဓိကပြောပါဆိုရင် ရှမ်းမြောက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့်ပဲ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က ဦးဆောင်ခဲ့တဲ့ ရှမ်းမြောက်က စစ်ဆင်ရေးကို စစ်ခေါင်းဆောင်ကိုယ်တိုင် ထိတ်လန့်လာတဲ့အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။  ၁၀၂၇ မစတင်ခင် ၂ ပတ်လောက်အလိုကတည်းကစစ်တပ်အနေနဲ့ စာထုတ်ပြီး သူ့တပ်ရင်းတွေကို အကြောင်းကြားထားခဲ့တာဖြစ်တယ်လို့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်းမှာ ပါခဲ့တဲ့…
Read More
မျက်ဝါးထင်ထင်မြင်လာရတဲ့ စစ်တပ်ရဲ့ ပြိုလဲနေမှုများ

မျက်ဝါးထင်ထင်မြင်လာရတဲ့ စစ်တပ်ရဲ့ ပြိုလဲနေမှုများ

"လက်ရှိအချိန်မှာ စစ်တပ်ရဲ့တပ်ရင်းအလိုက် ရှုံးနိမ့် ထွက်ပြေး အညံ့ခံ လက်နက်ချအလင်းဝင်လာကြရတာ (ရဲတပ်ရင်းတွေမပါ) တပ်ရင်း (၁၀) ရင်း အထိရှိခဲ့ပါပြီ။ လက်နက်ချ အညံ့ခံခဲ့ရတဲ့ စစ်​ကောင်စီ တပ်ရင်းတွေကတော့ ခလရ ၁၄၃၊ ခမရ ၃၃၉၊ ခမရ ၃၅၁၊ ခမရ ၃၅၈၊ ခမရ ၄၃၀၊ ခလရ ၈၁၊ ခလရ ၁၂၅၊ ခမရ ၄၂၅၊ ခမရ ၆၊ ခလရ ၁၂၉ တို့ဖြစ်ကြပါတယ်" ************************* မောင်ဝိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကုန်းကြမ်းမြို့အခြေစိုက် ခလရ(၁၂၅)တပ်ရင်းတစ်ရင်းလုံး အလံဖြူထောင်ကာ လက်နက်ချအလင်းဝင်လာတယ်လို့ MNDAA က နိုဝင်ဘာလ ၂၉ ရက်နေ့မှာ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။…
Read More
တစ်လှိုင်းပြီးတစ်လှိုင်း (သို့) MNDAA ရဲ့ အိမ်ပြန်လမ်းလား

တစ်လှိုင်းပြီးတစ်လှိုင်း (သို့) MNDAA ရဲ့ အိမ်ပြန်လမ်းလား

"ချင်းရွှေဟော်ကို တော်လှန်ရေးအင်အားစုတွေက သိမ်းပိုက်လိုက်ပါတယ်။ ချင်းရွှေဟော်ရဲ့ မြောက်ဘက်မှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေထဲက တစ်ဖွဲ့ဖြစ်တဲ့ ကိုးကန့် MNDAA တို့ရဲ့ ဌာနချုပ်ဟောင်း လောက်ကိုင်မြို့ရှိပါတယ်။ လောက်ကိုင်ဟာ အရင်တုန်းက MNDAA ရဲ့ ဌာနချုပ်" ***************************** လှဆောင် မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်နဲ့အတူ လက်တွေ့လုပ်ဆောင်ချက်တွေက ဒီနေ့ တစ်နိုင်ငံလုံးက ပြည်သူတွေကို အံ့အားသင့်သွားစေပါတယ်။ သူတို့ တိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ထဲမှာ အွန်လိုင်းလောင်းကစားလိမ်လည်မှုတွေ ပပျောက်ရေးအတွက်ပါလို့ ခေါင်းစဉ်တပ်ထားတဲ့အတွက် အိမ်နီချင်း တရုတ်နိုင်ငံက မီးစိမ်းပြလိုက်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒီနေ့ အကြီးအကျယ်တိုက်ပွဲဖြစ်ပြီး တံတားပါ ပျက်စီးခဲ့တဲ့နေရာဟာ နယ်စပ်ကုန်သွယ်ရေးဂိတ် ချင်းရွှေဟော်အဝင်မှာပါ။ အဲဒီ ချင်းရွှေဟော်မြို့ဆိုတာဟာ မန်းလေးဘက်က တက်လာရင် လားရှိုးအကျော် မူဆယ်မရောက်ခင် သန္နီမြို့လမ်းခွဲကနေ ညာဘက်ချိုးသွားရတာပါ။…
Read More