RNA_နိုဝင်ဘာ(၂၁)၊၂၀၂၃ ခုနှစ်။
ကရင်နီပြည်တော်လှန်ရေး တပ်ပေါင်းစု၏ ပစ်ခတ်မှုကြောင့် ပျက်ကျသွားသည့် လေယာဉ်မှ လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရေး ဆက်လက် လုပ်ဆောင်သွားမည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီက ယနေ့ သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ K-8W အမျိုးအစား တိုက်လေယာဉ်ကို ကရင်နီပြည်အတွင်း ၁၁၁၁ ( တစ်လေးလုံး) စစ်ဆင်ရေးစတင်သည့်နေ့က ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုက ပစ်ချခဲ့သည့်အတွက် လေယာဉ်မှာ ပျက်စီးပြီး လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ချ ပုန်းအောင်းနေစဉ် နိုင်ဘာလ ၁၉ ရက်နေ့က လေယာဉ်မှူးကို လက်ရဖမ်းဆီးနိုင်ခဲ့သည်။
တော်လှန်ရေးအင်အားစုများက လက်ရဖမ်းဆီးနိုင်ခဲ့သည့် တောင်ငူလေတပ်မှ လေယာဉ်မှူး ဗိုလ်မှူးခိုင်သန့်မိုးကို ဥပဒေအရ အရေယူမည်ဖြစ်ပြီး လေယာဉ်ပျက်ကျအပြီး ပုန်းခိုထွက်ပြေးနေသည့် တွဲဖက်လေယာဉ်မှူး ဗိုလိဇာနည်မောင်ကို ဖမ်းဆီးနိုင်ရေး ဆောက်ရွက်နေသည်ဟု ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#RedNewsAgency