BPLA

မြန်မာပြည်မြောက်ပိုင်းရှိ ABSDF အမှတ် (၂) စစ်ကြောင်း အပတ်စဉ် (၉) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကျင်းပ

မြန်မာပြည်မြောက်ပိုင်းရှိ ABSDF အမှတ် (၂) စစ်ကြောင်း အပတ်စဉ် (၉) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကျင်းပ

RNA_ဇွန်(၃၀)၊၂၀၂၅ခုနှစ်။ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကျောင်းသားတပ်မတော် အမှတ် -၂ စစ်ကြောင်း (မြန်မာပြည်မြောက်ပိုင်း) မှ အပတ်စဉ် (၉) အခြေခံစစ်ပညာ သင်တန်းဆင်းပွဲအခမ်းအနားကို ဇွန်လ ၂၅ ရက်နေ့က အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ (more…)
Read More
ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

ဒေါက်တာဇော်ဝေစိုး၊ ဗိုလ်ချုပ်တားဘုန်းကျော်နှင့် ခွန်းဘီထူးတို့ BPLA အခြေခံစစ်ပညာသင်တန်းဆင်းပွဲတက်ရောက်

RNA_ဇွန်(၂၁)၊၂၀၂၅ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၏ အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနားကို တအာင်းပြည်တနေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ NUG ကျန်းမာရေးနှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဌ ခွန်းဘီထူး၊ အာရက္ခတပ်တော်(AA)မှ တပ်မှူးတဦးစသည်တို့ တက်ရောက်ခဲ့ကြသည်ဟု BPLA ကယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
BPLA သည်အပြောချည်းမဟုတ် အလုပ်နှင့်သက်သေပြနေ

BPLA သည်အပြောချည်းမဟုတ် အလုပ်နှင့်သက်သေပြနေ

RNA_ဧပြီ(၁၇)၊၂၀၂၅ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)သည် အပြောချည်းမဟုတ် အလုပ်နှင့် သက်သေပြန်နေသည်ဟု BPLA တပ်တည်ထောင်ခြင်း (၄) နှစ်ပြည့်အခမ်းအနားကို ကွပ်ကဲရေးမှူးပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။ "BPLA ကအပြောချည်းလည်းမဟုတ် အလုပ်နဲ့လည်း သက်သေပြခဲ့ပါတယ်။ လက်ရှိအချိန်မှာ အခက်အခဲပေါင်းများစွာနဲ့ ကြိုးစားချီတက်ဆဲဖြစ်ပြီး အချိန်တခုအတွင်းမှာ လူထုက အမှန်တကယ် အားကိုးအားထားရတဲ့ တပ်တော်အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်မယ်လို့ ယုံကြည်ပါတယ်" ဟု သဝဏ်လွှာတွင် ဖော်ပြထားသည်။ (more…)
Read More
ဖာပွန် – ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသော စစ်ကောင်စီတပ်စခန်း(၂) ခုကို တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်

ဖာပွန် – ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသော စစ်ကောင်စီတပ်စခန်း(၂) ခုကို တော်လှန်ရေးတပ်များ အပြီးသတ်သိမ်းပိုက်

RNA_ဒီဇင်ဘာ(၁၂)၊၂၀၂၄ခုနှစ်။ ကရင်ပြည်နယ်၊ ဖာပွန် - ကမမောင်း လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ်ထားသော ဖာပွန်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ ဆင်စွယ်တပ်စခန်းနှင့် တောင်သုံးလုံးတပ်စခန်းတို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ (၇)ရက် နှင့် (၁၁) ရက်နေ့များတွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။ (more…)
Read More
အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

RNA_ဒီဇင်ဘာ(၁၀)၊၂၀၂၄ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် ကျောင်းသားလက်ရုံးတပ်တော်(SAF) တို့ မကြာမီ စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိလာတော့မည်ဖြစ်ကြောင်း Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသကို အခြေချသွားမည်ဖြစ်ကြောင်း၊ BPLA သည် NUG/MOD လက်အောက်ခံတပ်မဟုတ်ပေမဲ့ ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့များ အားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် အစဉ်တစိုက်ကြိုးစားသွားမည်ဟု မောင်ဆောင်းခက အောက်တိုဘာ ၂၈ ရက်နေ့တွင် လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။ (more…)
Read More
၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း BPLA ရဲဘော် ၃ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရ

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း BPLA ရဲဘော် ၃ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရ

RNA_ဇူလိုင်( ၁၇)၊ ၂၀၂၄ ခုနှစ်။   ညီနောင်မဟာမိတ်များနှင့်အတူ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲဘော်များ ပူးပေါင်းပါဝင် တိုက်ပွဲဆင်နွှဲနေရာတွင် ဇူလိုင်လ ၄ ရက်မှ ၁၆ ရက်နေ့အထိ ရဲဘော် (၃) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။   BPLA ၏ ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ ညနေက ရဲဘော်ကျော်မျိုးလှိုင် (ခ) ဗလကြီး၊ ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းက တပ်စုမှူး ရဲဘော် ဇော်သူရ…
Read More
စစ်ကောင်စီခံရခက်တော့မဲ့ မိုးတွင်းထိုးစစ်

စစ်ကောင်စီခံရခက်တော့မဲ့ မိုးတွင်းထိုးစစ်

"မိုးတွင်းကာလအတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ကူမပေးနိုင်သည့်ကာလဖြစ်သည့်အတွက် ထိုးစစ်အတွက် ပြင်ဆင်ထားသည့် တော်လှန်ရေးတပ်များရှိနေသည့်အတွက် မိုးကုန်လို့ ဆောင်းအကူး စစ်ကောင်စီ ဒီထက်ရူးဖို့သာရှိတော့" အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက ဘက်ပေါင်းစုံမှ မြို့သိမ်းတိုက်ပွဲတွေ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ KIA/PDF၊ CNA/PDF ပူးပေါင်းတပ်များ၏ ထိုးစစ်နှင့် ရခိုင်ပြည်နယ်တွင်လည်း AA/PDF ပူးပေါင်းတပ်များ၏ ထိုးစစ်များ၊ အလယ်ပိုင်းတိုင်း စစ်ဒေသမှာ အညာမြေရဲ့ တော်လှန်ရေးအင်အားစုတွေအပြင် မန္တလေး PDFရဲ့ ထိုးစစ်၊KNDF/KNU/PDF တို့ရဲ့ ထိုးစစ်တွေ အရှိန်ကောင်းကောင်းနှင့် ဖော်ဆောင်နေသည်ကို အားလုံး သိကြပြီဖြစ်လိမ့်မည်။   တောင်ပိုင်းတိုင်းစစ်ဒေသ၏ တိုးတက်လာသည့် စစ်ရေးအတွင်းမှာ တော်လှန်ရေးအင်အားစုများ၏ ချိတ်ဆက်မှု အားကောင်းလာပြီး ပူးပေါင်း စစ်ဆင်ရေးများ လုပ်ဆောင်လာနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီ ကို ဗျူဟာကျကျ ချေမှုန်းတိုက်ခိုက်နေသည်…
Read More
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနား ပြုလုပ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနား ပြုလုပ်

RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနားကို အမှတ် (၁၀၇) စစ်ဒေသတွင် ယနေ့ (ဧပြီလ(၁၇)ရက်) နံနက်ပိုင်းက BPLA တပ်မှုးများ၊ ရဲဘော်များ၊ အပတ်စဥ်(၇) စုဆောင်းရေးရဲဘော်များ၊ မဟာမိတ်ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တပ်တော်၏ကွပ်ကဲရေးမှုး ကိုဆောင်းခ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မဟာမိတ်ခေါင်းဆောင် များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် အာရက္ခတပ်တော်(Arakan Army) အမှတ် (၉၀၉) စစ်ဒေသမှ စခန်းမှုး ဗိုလ်ကြီးကျော်ဇံတို့က မိန့်ခွန်းပြောကြားခဲ့သည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီအတွက် အိမ်မက်ဆိုးများပေးနေသော AA

စစ်ကောင်စီအတွက် အိမ်မက်ဆိုးများပေးနေသော AA

"ရှမ်းမြောက်တွင် စစ်ရေးခဏ ငြိမ်သက်သွားသော်လည်း ရခိုင်ဒေသတွင် စစ်ကောင်စီ၏ စခန်းကုန်းများ တစ်ခုပြီးတစ်ခု သိမ်းပိုက်ခံနေရပြီး ယခု မင်းပြားမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ မကြာမီတွင် မင်းပြားမြို့ကိုပါ စစ်ကောင်စီမှ လက်လွှတ် ဆုံးရှူံးရတော့မည်" *********************** သူရိန် ၁၀၂၇ စစ်ဆင်ရေး ရှမ်းမြောက်မှာ တိုက်ပွဲတွေ ရပ်တန့်ပြီးနောက်ပိုင်းတွင် ရခိုင်ဒေသအတွင်း စစ်ကောင်စီအထိနာပြီး စစ်စခန်းများလက်လွှတ် ဆုံးရှုံးမှုများနှင့် စခန်းသိမ်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်သားများ အလုံးအရင်းလိုက် လက်နက်ချပြီး ထွက်ပြေးမှုများနှင့် သိမ်းဆည်းရရှိသည့် ဗျူဟာကုန်း များ၊ အဓိကစစ်စခန်းများကို တဟုန်းထိုး တိုက်ခိုက်သိမ်းပိုက်ပြီး ကျန်ရှိသည့် စစ်စခန်းများကိုလဲ တိုက်ခိုက်လျက်ရှိပြီး ဆက်လက်တိုက်ခိုက်သွားမည်ဟု ကြေငြာချက်ထုတ်ထားသည်။ ရက္ခိုင့်တပ်တော် AA သည် အာဏာသိမ်းပြီးနောက် လှုပ်ရှားမှုမရှိ ငြိမ်သက်နေခြင်းကို တစ်နိုင်ငံလုံးမှ…
Read More
မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

မြို့သိမ်းတိုက်ပွဲတွေမှာ ထွက်ပေါက်ပိတ်လာတဲ့ စစ်ကောင်စီ လူထုရှေ့ ဒူးထောက်ရတော့မလား

"လက်ရှိအခြေအနေမှာ စစ်တပ်က တော်လှန်ရေးအဖွဲ့တွေကို ထိန်းချုပ်နိုင်ဖို့နေနေသာသာ စစ်ကောင်စီလက်အောက်ခံ တပ်ရင်းတွေကိုယ်တိုင်က တော်လှန်ရေးအဖွဲ့တွေရဲ့ ဖြတ် (၄) ဖြတ် လုပ်ခြင်းကို ခံနေရ" မောင်ဝိ  ပြည်သူတရပ်လုံးပါဝင်နေတဲ့ နွေဦးတော်လှန်ရေးဟာ ၃ နှစ်ပြည့်ကာနီး ကာလအတွင်း စစ်ကောင်စီရဲ့ တပ်စခန်းပေါင်းများစွာနဲ့ မြို့ကြီးတွေကိုပါ ထိန်းချုပ်လာနိုင်ခဲ့ပါတယ်။ တော်လှန်ရေး သိသိသာသာ တိုးတက်လာချိန်ကို အဓိကပြောပါဆိုရင် ရှမ်းမြောက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးကို မေ့ထားလို့မရပါဘူး။ ဒါ့ကြောင့်ပဲ မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့က ဦးဆောင်ခဲ့တဲ့ ရှမ်းမြောက်က စစ်ဆင်ရေးကို စစ်ခေါင်းဆောင်ကိုယ်တိုင် ထိတ်လန့်လာတဲ့အနေအထားမျိုး ဖြစ်လာခဲ့ပါတယ်။  ၁၀၂၇ မစတင်ခင် ၂ ပတ်လောက်အလိုကတည်းကစစ်တပ်အနေနဲ့ စာထုတ်ပြီး သူ့တပ်ရင်းတွေကို အကြောင်းကြားထားခဲ့တာဖြစ်တယ်လို့ ရှမ်းမြောက်တိုက်ပွဲတွေအတွင်းမှာ ပါခဲ့တဲ့…
Read More