တော်လှန်ရေး

သူငယ်ချင်းထံ ပေးစာ

သူငယ်ချင်းထံ ပေးစာ

"ငါတို့ရပ်ကွက်အစွန်က အရက်ပုန်းရောင်းတဲ့ စာမတတ်၊ ပေမတတ်ကောင်က အခုရပ်ကွက်ရဲ့ အတွင်းရေးမှူးဆိုလားပဲ၊ အရင်ကမှုးလာရင် ဒီမိုကရေစီခေတ်မှာ လွတ်လပ်ခွင့်ရှိတယ်ဆိုပြီး သူ့မိန်းမသူ အော်ကြီး ဟစ်ကျယ်ဆဲတတ်တဲ့ ရပ်ကွက်ထဲ နှစ်လုံးပတ်ရောင်းနေတဲ့ တပ်ထွက်ဆိုတဲ့ ဘဲကြီးကလည်း အခုတော့ အုပ်ကြီးဖြစ်ပြီး ကြူကြူလှတောင် သူ့လုပ်စာ စားနေတဲ့ စတိုင်ကြီးနဲ့ စစ်မှုထမ်းကင်းလွတ်ခွင့်လိုချင်ရင် သိန်း ၄၀ ပေးဖို့တောင်းသေးတာ" ************************** သူငယ်ချင်းရေ အကောင်းဆုံးဖြစ်အောင် တာဝန်ကျေကြမယ်ဆိုတဲ့ “ကတိ” တွေထားပြီး ငါတို့နဲ့ မြို့လေးကို မင်းခွဲပြီးထွက်သွားခဲ့တာ ၃ နှစ်တောင်ကျော်သွားခဲ့ပြီကွ။ မတရားမှုကို ရွံ့မုန်းတဲ့စိတ်ရှိပြီး ကိုယ်ချင်းစာနာတတ်တဲ့ နှလုံးသား၊ အားကြီးနေတဲ့ အဓမ္မကို တွန်းလှန်ရဲတဲ့ သတ္တိ၊ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တွေနဲ့ မင်းပိုင်တဲ့ဘဝနဲ့ အသက်ကို ရင်းနှီးပေးဆပ်ရဲခဲ့တာ…
Read More
သူတလူ ငါတမင်းနဲ့ စစ်ကောင်စီကို ဗျင်းနေကြပြီ…….

သူတလူ ငါတမင်းနဲ့ စစ်ကောင်စီကို ဗျင်းနေကြပြီ…….

"တွဲအားလုံးက ခေါင်းဖြစ်နေတာကြောင့် အကြမ်းဖက်စစ်တပ်ကို အချိန်ပြည့် နေရာအနှံ့က ထိုးနှက်တိုက်ခိုက် နေတာကတော့ တော်လှန်ရေးအတွက် အားသာချက်တခုပဲ။ သို့ပေမယ့် လက်ဝှေ့ပွဲတခုလို ထိချက်ပြင်းပြင်းတွေနဲ့ ထိုးနှက်ထားနိုင်ပေမယ့် အသည်းကောင်းတဲ့ ပြိုင်ဘက်အတွက် ပွဲသိမ်းတိုက်ကွက်တခု တော့လိုနေပြီ" ရန်နိုင် နွေဦးတော်လှန်ရေးကာလအတွင်း ပါဝင်သူအားလုံးဟာ အမှန်တရားမြတ်နိုးသူ အာဏာရှင်စနစ်ကို မလိုလားတဲ့အတွက် ရရာနည်းနဲ့ အားကုန်သုံးပြီး လုပ်ဆောင်နေကြသူများ ဖြစ်ပါတယ်။ တော်လှန်ရေးအင်အားစုများမှာတော့ တွဲအားလုံးမှာ ခေါင်းပါတဲ့ ရထားတွဲကြီး ဖြစ်နေတာကြောင့် စစ်ကောင်စီအတွက်တော့ ဦးတည်တိုက်ခိုက်ရမယ့် အဖွဲ့အစည်းရယ်လို့မရှိပဲ တနိုင်ငံလုံးကို စစ်မျက်နှာဖွင့် တိုက်ခိုက်နေရတာ မျက်မြင်ပဲဖြစ်တယ်။ တနိုင်ငံလုံးတိုက်နေရတော့ စစ်ကောင်စီအတွက် အားကုန်ချိနဲ့နေတာလဲ မျက်မြင်ပဲဖြစ်တယ်။ တော်လှန်ရေးအစမှာ မြို့ပြပြောက်ကျားအဖွဲ့တွေအတွက် အရေးပါတဲ့ခေါင်းဆောင် တယောက်အဖြစ် စစ်ကောင်စီက စွပ်ဆွဲပြီး ကို‌ဇေယျာသော်ကို…
Read More
KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ်

KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ်

RNA_ဧပြီ(၁၂)၊၂၀၂၄ ခုနှစ်။   ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း KIA နှင့်အတူ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်သိမ်းပိုက်နေသည့် KPDF ရဲဘော်များ၏ တော်လှန်သင်္ကြန်သံချပ်ကို ပြည်သူများ ကြည့်ရှုနားဆင်နိုင်ရန် ဖော်ပြပေးလိုက်ပါသည်။ #RedNewsAgency
Read More
ဘာသာရေး အခြေမခံတဲ့ နွေဦးတော်လှန်ရေး

ဘာသာရေး အခြေမခံတဲ့ နွေဦးတော်လှန်ရေး

"ဘာသာရေးကနေလည်း မသွေဖွယ်အောင် တော်လှန်ရေးလုပ်ငန်းများလည်း မစွန့်လွှတ်ရလေအောင် ကြိုးစားနေထိုင်နိုင်ခဲ့ရသလို တော်လှန်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ဖေးမကူညီပေးခဲ့တာတွေ" ရန်နိုင် မြန်မာ့နွေဦးတော်လှန်ရေးကာလ အတွင်းမှာ မြေပေါ်မြေအောက် ပူးပေါင်းပါဝင်နေဆဲဖြစ်တဲ့ အစ္စလာမ် ဘာသာဝင်များဟာ အခက်ခဲမျိုးစုံနဲ့ ရှေ့ဆက်နေသလို တော်လှန်ရေးညီကို မောင်နှမများက ရင်းရင်းနှီးနှီး ဖေးမကူညီတတ်ခြင်းကြောင့်လည်း (၃) နှစ်ကျော်ကြာ တော်လှန်ရေးကာလရောက်လာတဲ့အထိ ကွဲပြားတဲ့ ဘာသာရေးယုံကြည်ချက်တွေနဲ့အတူ အာဏာရှင်ကို အတူတကွတိုက်ပွဲဝင်နေနိုင်ခြင်းဖြစ်တယ်။ ဘာသာမတူသူတွေဖြစ်ပေမဲ့ အစ္စလာမ်ဘာသာဝင်တွေက ကူညီပေးမှုတွေအဖြစ် နာဂစ်ကာလမှာ ရန်ကုန်မြို့တွင်း ဗလီများက ရပ်ကွက်အတွက် သုံးရေများကို လိုက်လံ ဖြည့်ပေးခဲ့တာတွေ၊ ကိုဗစ်ကာလမှာလည်း နွယ်အေးဗလီက ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့ အောက်စီဂျင်အိုးတွေကို အခမဲ့ကူညီပေးခဲ့သလို၊ အခြေခံစားသောက်ကုန်တွေကိုလည်း ဈေးနှုန်းသက်သာစွာနဲ့ ရောင်းချပေးခဲ့တယ်။ အစ္စလာမ်ဘာသာဝင် တယောက်ဖြစ်တဲ့ ဦးကိုနီလို…
Read More
အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

အမ်းမြို့နယ်နှင့် ငဖဲမြို့နယ်အတွင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံး

RNA_မတ်(၂၉)၊၂၀၂၄ ခုနှစ်။ ရခိုင်ပြည်နယ် အမ်းမြို့နယ်နှင့် မကွေးတိုင်း ငဖဲမြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော် - AA နှင့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ကြရာ စစ်ကောင်စီတပ်မှ ၂၅ ဦးကျော် သေဆုံးကြောင်း သိရသည်။   အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တည်ရှိရာ ရက္ခိုင်ပြည်၊ အမ်းမြို့နယ်၊ လုံးကျေးရွာ၏ အနောက်ဘက် မီတာ (၁၄၀၀) ခန့်အကွာတွင် ရက္ခိုင့်တပ်တော် နှင့် အကြမ်းဖက်စစ်ကောင်စီတို့ မတ်လ ၂၆ ရက်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ (၁၅) ဦးခန့် သေဆုံးကြောင်း AAကထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ရေးနှင့် နိုင်ငံရေးမှာ တပ်ပေါင်းစုဖွဲ့နိုင်ဖို့ လိုအပ်သည်ဟု ကိုမင်းသွေးသစ်ပြော

စစ်ရေးနှင့် နိုင်ငံရေးမှာ တပ်ပေါင်းစုဖွဲ့နိုင်ဖို့ လိုအပ်သည်ဟု ကိုမင်းသွေးသစ်ပြော

RNA_ဖေဖော်ဝါရီ(၂၅)၊၂၀၂၄ခုနှစ်။   နွေဦးတော်လှန်ရေးသည် နိုင်ငံရေးအရ ဖြေရှင်းလို့မရတော့သည့်အတွက် စစ်ရေးအရဖြေရှင်းနေရခြင်းဖြစ်ပြီး စစ်ကောင်စီမပါသည့် နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် စစ်ရေးနှင့်နိုင်ငံရေးတွင် တပ်ပေါင်းစုဖွဲ့နိုင်ရေး လိုအပ်သည်ဟု ကိုမင်းသွေးသစ်ကပြောသည်။   "နိုင်ငံရေးအရ ရှင်းလို့မရလို့ စစ်ရေးအရ ရှင်းရတာဖြစ်တယ်။ တချိန်မှာ ကျွန်တော်တို့ နိုင်ငံရေးစကားဝိုင်းကိုသွားမယ်။ အဲလိုသွားတဲ့ နိုင်ငံရေးစကားဝိုင်းသည် စစ်ကောင်စီမပါတဲ့ ပြည်သူကို ဖျက်ဆီးနှိပ်စက်တဲ့သူတွေမပါတဲ့ အဲဒီအင်အားစုတွေမပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်အောင်။ ကျွန်တော်တို့က စစ်ရေးနဲ့နိုင်ငံရေးပေါင်းစပ်နိုင်အောင် စစ်ရေးမှာကော နိုင်ငံရေးမှာကော တပ်ပေါင်းစုဖွဲ့နိုင်ဖို့လိုပါတယ်" ဟု ကိုမင်းသွေးသစ်ကပြောသည်။ (more…)
Read More
တော်လှန်သောလမ်းစရှာကြံနေသူများကို SSPP/SSA မူဝါဒနှင့်အညီ လက်ခံကြိုဆိုမည်

တော်လှန်သောလမ်းစရှာကြံနေသူများကို SSPP/SSA မူဝါဒနှင့်အညီ လက်ခံကြိုဆိုမည်

RNA_ဖေဖော်ဝါရီ(၂၃)၊၂၀၂၄ ခုနှစ်။ “ဖိနှိပ်မှုရှိလျှင် တော်လှန်မှုရှိသည်” ဆိုသည့် တော်လှန်ရေး နိယာမတရားအတိုင်း အဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုများ တော်လှန်သော လမ်းစအသီးသီးကို ရှာကြံနေကြသည့် ဘဝတူအဖိနှိပ်ခံလူမျိုးပေါင်းစုံ ပြည်သူလူထုအား SSPP/SSA ၏ ဦးတည်ချက်၊ မူဝါဒ စည်းမျဉ်းစည်းကမ်းတို့ကို လက်ခံယုံကြည်လိုက်နာမည်ဆိုပါက လူမျိုးဘာသာမရွေး အမြဲပင်လက်ခံကြိုနေမည်ဖြစ်ကြောင်း အဖိနှိပ်ခံ လူမျိုးပေါင်းစုံ မိဘာပြည်သူလူထုထံ SSPP/AAS ကပန်ကြားထားသည်။ SSPP/SSA သည် လူမျိုးကြီးဝါဒနှင့် ကျဉ်းမြောင်းသော အမျိုးသားရေးဝါဒတို့ကို ဆန့်ကျင်ပြီး လူမျိုးပေါင်းစုံငြိမ်းချမ်းစွာ အတူယှဉ်တွဲနေသွားနိုင်ရေးအတွက် အာဏာရှင်စနစ်ကျဆုံးရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အဝအာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းလာရေးတို့ကို အစဉ်တစိုက်ဦးတည်ပြီး ရေရှည်လက်နက်ကိုင်တော်လှန်တိုက်ပွဲဝင်ခဲ့သည့် အစဉ်အလာရှိသော အဖွဲ့အစည်းဖြစ်ကြောင်း ဖော်ပြထားသည်။ (more…)
Read More
နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီလက်အောက်ခံများက ပစ်သတ်ဟု မိသားစုဝင်တဦးက အတည်ပြု

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီလက်အောက်ခံများက ပစ်သတ်ဟု မိသားစုဝင်တဦးက အတည်ပြု

RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီလက်အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ဝေါတရားရုံးမှ ရုံးထုတ်အပြန်တွင် စစ်ကောင်စီလက်အောက်ခံများက ထွက်ပြေးရန်ကြိုးစားသည့်အတွက်ဟု အကြောင်းပြကာ ပစ်သတ်ခဲ့သည်ဟု သိရသည်။ “ကျွန်တော့်အမ၊ အတူတူအဖမ်းခံရတဲ့ အမျိုးသားလေး ၂ယောက်ကို ဝေါမြို့နယ် တရားရုံးမှာ ရမန်ယူတယ်။ အဲဒီကအပြန်မှာ သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအ‌‌ရောက် လေးခွင်းကို ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ခဲ့တယ်။ ပြီးတော့ဝေါဆေးရုံးကို ပို့လိုက်တယ်။ အဲဒီအချက်အလက်ကို ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် မင်းထက်သာက မိသားစုထံ အတည်ပြုပေးပါတယ်။ သူတို့ ၂ ယောက်ကို လူမသိ၊ သူမသိ ပိုင်ရှင်မဲ့အလောင်းအနေနဲ့ သင်္ဂြိုလ်ခဲ့တယ်။ ဘယ်နေရာမှာ သဂြိုလ်တယ်ဆိုတာကိုတော့…
Read More
သောကတောင်ကြား

သောကတောင်ကြား

“ပညာသင်လက်စအရွယ်ကလေးတွေအတော်များများဟာ တောတောင်ထဲမှာ စာဆက်မသင်ကြားရဘဲ တနေကုန် ဆော့ကစားရင်းသာ အချိန်ကုန်နေကြရပါတယ်။ လေယာဥ်ပျံအသံကြားရင် စခန်းထဲပြေးဝင်ပုန်းနေလေ့ရှိတဲ့ စိတ်ဒဏ်ရာရသွားရှာသူ ကလေးငယ်လေးတွေလည်း အများအပြားတွေ့ခဲ့ရပါတယ်” *********************** မြူတွေဖုံးလွှမ်းနေတဲ့ တောင်တန်းတွေကြားမှာ ရေစီးသံတိုးတိုးလေး ဖြတ်သန်းစီးဆင်းနေတဲ့ တောင်ကျချောင်းကလေးတွေ ရှိပါတယ်။ တောင်ကျချောင်းကလေးတခုကတော့ အဆင်ပြေသလို ဆောက်လုပ်ထားရတဲ့ ယာယီစစ်ဘေးရှောင်စခန်းလေးတခုကို ပတ်ခွေရစ်ပတ်လို့ စီးဆင်းသွားပါတော့တယ်။ တမြို့လုံး ကြေမွပျက်ဆီး မီးလောင်သွားရတဲ့ မိုးမိတ်မြို့ထဲကနေ မသေကောင်းမပျောက်ကောင်း ထွက်ပြေးလွတ်မြောက်လာတဲ့ မိသားစု (၅၀) နီးပါးဟာ ဒီယာယီစစ်ရှောင်စခန်းလေးထဲမှာ အဆင်မပြေမှုတွေကို ကြံ့ကြံ့ခံရင်း ဖြတ်သန်းနေကြတာ တစ်လပြည့်သွားခဲ့ပါပြီ။ စခန်းမှာ လူဦးရေ (၁၈၂)ယောက် နေထိုင်ပြီး ကလေးငယ် (၇၀) ကျော်လည်း ပါဝင်ကြပါတယ်။ ဒီအထဲမှာ ကိုယ်ဝန်ဆောင်မိခင်လောင်း (၃)ဦးက မွေးဖို့ဖွားဖို့…
Read More
ထွက်ပေါ်လာသည့် အာဏာရှင်မှန်သမျှ CNO/CNDF က တော်လှန်သွားမည်

ထွက်ပေါ်လာသည့် အာဏာရှင်မှန်သမျှ CNO/CNDF က တော်လှန်သွားမည်

RNA_ဇန်နဝါရီ(၂၅)၊၂၀၂၄ခုနှစ်။ ချင်းပြည်နယ်အတွင်း တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ မွေးရာပါအခွင့်အရေးများအတွက် စစ်ကောင်စီအပါအဝင် အာဏာရှင်မှန်သမျှ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း CNO/CNDF အရာရှိတဦးက ပြောကြားထားသည်။ “ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်အာဏာရှင် စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို ကျဆုံးဖို့အတွက် ထူထောင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်အဖွဲအစည်းတစ်ခုအတွက် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ အာဏာသိမ်းသွားတဲ့ စစ်ကောင်စီအပါအဝင် ထွက်လာနိုင်တဲ့ အာဏာရှင်မှန်သမျှကို ဆန့်ကျင် တော်လှန်သွားမယ့်အဖွဲ့အစည်းဖြစ်ပါတယ်” ဟု ရှေ့တန်းသွားမည့် CNDF ရဲဘော်များကို ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောထားသည်။ Red News Agency
Read More