နိုင်ငံရေးအကျဉ်းသား

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီလက်အောက်ခံများက ပစ်သတ်ဟု မိသားစုဝင်တဦးက အတည်ပြု

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီလက်အောက်ခံများက ပစ်သတ်ဟု မိသားစုဝင်တဦးက အတည်ပြု

RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီလက်အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ဝေါတရားရုံးမှ ရုံးထုတ်အပြန်တွင် စစ်ကောင်စီလက်အောက်ခံများက ထွက်ပြေးရန်ကြိုးစားသည့်အတွက်ဟု အကြောင်းပြကာ ပစ်သတ်ခဲ့သည်ဟု သိရသည်။ “ကျွန်တော့်အမ၊ အတူတူအဖမ်းခံရတဲ့ အမျိုးသားလေး ၂ယောက်ကို ဝေါမြို့နယ် တရားရုံးမှာ ရမန်ယူတယ်။ အဲဒီကအပြန်မှာ သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအ‌‌ရောက် လေးခွင်းကို ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ခဲ့တယ်။ ပြီးတော့ဝေါဆေးရုံးကို ပို့လိုက်တယ်။ အဲဒီအချက်အလက်ကို ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် မင်းထက်သာက မိသားစုထံ အတည်ပြုပေးပါတယ်။ သူတို့ ၂ ယောက်ကို လူမသိ၊ သူမသိ ပိုင်ရှင်မဲ့အလောင်းအနေနဲ့ သင်္ဂြိုလ်ခဲ့တယ်။ ဘယ်နေရာမှာ သဂြိုလ်တယ်ဆိုတာကိုတော့…
Read More
အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအတွက် တောင်းဆိုဆန္ဒပြ

အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများအတွက် တောင်းဆိုဆန္ဒပြ

RNA_ဖေဖော်ဝါရီ(၇)၊၂၀၂၄ခုနှစ်။ အကျဉ်းထောင်များအတွင်း ဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားများအတွက် "အသက်တွေကိုပိတ်မထားနဲ့ ဖွင့်ပေး" ခေါင်းစဉ်ဖြင့် ယနေ့ သပိတ်အင်အားစုများက စစ်ကိုင်းတိုင်းအတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။ မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသည့်အတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ မယဉ်မိုး (အသက်- ၃၅ နှစ်) သည် ဖေဖော်ဝါရီလ ၄ ရက်နေ့က ကျဆုံးခဲ့ရကြောင်း၊ ၂၀၂၄ ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ ပထမအပတ်အတွင်း၌ အကျဉ်းထောင်များအတွင်း ကျဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသား (၅)ဦးအထိရှိလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) က ထုတ်ပြန်ထားသည်။ (more…)
Read More
ဖခင်နာရေးတက်ခွင့်မရလိုက်သည့် ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝ

ဖခင်နာရေးတက်ခွင့်မရလိုက်သည့် ရန်ကုန်တိုင်းစစ်ဆင်ရေးတာဝန်ခံ ရဲဘော်ဒေဝ

RNA_စက်တင်ဘာ(၂၅)၊၂၀၂၃ ခုနှစ်။   ယနေ့ မဲဆောက်မြို့တနေရာတွင် သင်္ဂြိုလ်မည့် ဖခင် ဦးဇော်ဇော်မင်း၏ နာရေးကို တက်ခွင့်မရသည့် သားဖြစ်သူ ကိုဒီငြိမ်းလင်း(ခ) ရဲဘော်ဒေဝက အွန်လိုင်းမှတဆင့် နာရေးအခမ်းအနား တက်ရောက်လာသူများကို အမှတ်တရစကားပြောကြားခဲ့သည်။   ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဇော်ဇော်မင်းသည် စက်တင်ဘာလ ၂၁ ရက်နေ့က ညနေက ၉၆ ပါးသောရောဂါဖြင့် ကွယ်လွန်သွားသည့်အတွက် ယနေ့ ထိုင်းစံတော်ချိန် ၁ နာရီတွင် မဲဆောက်မြို့တနေရာ၌ ကြွင်းကျန်ရစ်သော ရုပ်ကလာပ်ကို သင်္ဂြိုလ်မည်ဖြစ််သည်။   #RedNewsAgency
Read More
အကျဉ်းထောင်မှလက်နက်များနှင့်အတူ လွတ်မြောက်သွားသူ ၁၀ ဦး ယနေ့ည (၈) နာရီထိ လွတ်မြောက်နေ 

အကျဉ်းထောင်မှလက်နက်များနှင့်အတူ လွတ်မြောက်သွားသူ ၁၀ ဦး ယနေ့ည (၈) နာရီထိ လွတ်မြောက်နေ 

RNA_မေ(၁၈)၊၂၀၂၃ ခုနှစ်။ ယနေ့ နေ့လည်ပိုင်းက တောင်ငူထောင်တွင် ဖြစ်ပွားခဲ့သည့် နိုင်ငံရေးအကျဉ်းသားများအပါအဝင် (၁၀) ဦးသည် စစ်ကောင်စီလက်အောက်ခံများထံမှ လက်နက်လုတိုက်ခိုက်ကာ လက်နက်များနှင့်အတူ ယနေ့ည (၈) နာရီထိ လွတ်မြောက်နေကြောင်း သိရသည်။ "အခုညထိ သူဆို့ကို ဖမ်းမိတယ်မကြားသေးဘူး၊ စခဘော်ဘီအကောင့်တွေက ဓာတ်ပုံတွေနဲ့တင်ပြီး အမြန်ဖမ်းဆီးရမိဖို့ အင်တိုက်အားတိုက်လုပ်နေတယ်၊ ဒေသခံတွေဆီရောက်လာရင် ဒါက မဖြစ်မနေကူညီပေးသင့်တယ်၊ နောက်ပြီးတော့ တညလောက်သာ လွတ်ရင် KNU ဆီမှာ ရောက်ပြီ အဲနယ်က KNU နယ်နဲ့ နီးတယ်၊ အခုညလဲ ရောက်သွားနိုင်တယ်" ဟု နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တဦးက ပြောသည်။ (more…)
Read More
မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသူတချို့ ရိုက်နှက်ခံနေရ 

မြင်းခြံထောင်တွင် နိုင်ငံရေးအကျဉ်းသူတချို့ ရိုက်နှက်ခံနေရ 

RNA_ဖေဖော်ဝါရီ(၃)၊၂၀၂၃ ခုနှစ်။ မန္တလေးတိုင်း၊ မြင်းခြံမြို့ရှိ အကျဉ်းထောင်တွင် စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးအမျိုးသားနှင့် အမျိုးသမီး ဝန်ထမ်းတချို့က နိုင်ငံရေးအကျဉ်းသူတချို့ကို ဆဲဆို ရိုက်နှက်မှုများရှိကြောင်း သိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းက အမျိုးသမီးအဆောင်တွင် သာမန်အကျဉ်းသူတချို့နှင့် စကားအခြေအတင်ဖြစ်ရာတွင် မြင်းခြံထောင် ဝန်ထမ်း (၂) ပွင့် နှင့် ဒေါ်မြင့်ဇော်မှ အမျိုးသား ဝန်ထမ်းများကိုခေါ်ကာ နိုင်ငံရေးအကျဉ်းသူ တချို့ကို ဒုတ်ဖြင့်ရိုက်ခြင်း၊ ဆဲဆိုခြင်းစသည်တို့ ပြုလုပ်ခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသား မိသားစုအသိုင်းအဝန်းမှ သိရသည်။ (more…)
Read More
ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကုလလုံခြုံရေးကောင်စီ အတည်ပြု

ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး ကုလလုံခြုံရေးကောင်စီ အတည်ပြု

ဒေါ်အောင်ဆန်းစုကြည်အပါ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ စစ်ကောင်စီ၏ အကြမ်းဖက်မှုများ အမြန်ဆုံးရပ်တန့်ရေး ကုလလုံခြုံရေးကောင်စီ အတည်ပြု RNA_ဒီဇင်ဘာ ၂၂၊ ၂၀၂၂ ခုနှစ် ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို အမြန်ဆုံးလွှတ်ပေးရန်၊ အာဏာသိမ်း စစ်ကောင်စီက ကျူးလွန်နေသည့် အကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ပေးရန် စသည့်အချက်များပါဝင်သော မြန်မာ့အရေးဆုံးဖြတ် ချက်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဒီဇင်ဘာ ၂၁ ရက်တွင် မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်သည်။ အကြမ်းဖက်စစ်ကောင်စီကို လက်ရှိကျုးလွန်နေ​သောအကြမ်းဖက်မှုများကို အမြန်ဆုံးရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားများ အပါအဝင် ဖမ်းဆီးခံထားရသူများအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေး​ရေး၊လူ့အခွင့်အရေးလေးစားရန် တောင်းဆိုချက်များပါဝင်သော ဆုံးဖြတ် ချက်တစ်ခုကို လူ့အခွင့်အရေးလုံခြုံရေးကောင်စီက ချမှတ်လိုက်ခြင်း ဖြစ်သည်။ " အခုဆုံးဖြတ်ချက်က ကုလလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်တဲ့…
Read More
ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန် လွတ်ပေးသည့်အတွက် ကျေးဇူးတင်စရာမရှိဟု NUG ဝန်းကြီးပြောကြား

ရွေးကောက်ပွဲလမ်းကြောင်း အရောင်တင်ရန် လွတ်ပေးသည့်အတွက် ကျေးဇူးတင်စရာမရှိဟု NUG ဝန်းကြီးပြောကြား

RNA_နိုဝင်ဘာ(၁၇)၊၂၀၂၂ ခုနှစ်။   အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အမျိုးသားအောင်ပွဲနေ့ အကြောင်းပြုကာ လွတ်ရက်နီး မတရားဖမ်းဆီးခံထားရသူများအပါအဝင် သာမန်ပြစ်ဒဏ်ကျ အကျဉ်းသားစသည်တို့ကို လွှတ်ပေးခြင်းသည်ရွေးကောက်ပွဲကို အရောင်တင်ရန်သာ ဖြစ်သည့်အတွက် ကျေးဇူးတင်စရာ မရှိကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောကြားထားသည်။   မင်းအောင်လှိုင်ဦးဆောင်နေသည့် အကြမ်းဖက်အာဏာသိမ်းအဖွဲ့သည် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်နေကြောင်း၊ ယနေ့ လွှတ်ပေးသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် လွတ်နီးများပါရှိပြီး၊ဖမ်းဝရမ်းထုတ်ခံရသည့် အနုပညာရှင်တို့ ပါဝင်ကြောင်း၊ ခိုး၊ဆိုး၊လု၊နှိုက်စသည့် ပြစ်ဒဏ်ကျအကျဉ်းသားများပါဝင်ပြီး စုစုပေါင်း (၅၇၇၄) ဦး လွှတ်ပေးမည်ဟု သိရသည်။ (more…)
Read More
အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၅၀ သာယာဝတီထောင်ကို ယနေ့ပြောင်းရွေ့

အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသား ၂၅၀ သာယာဝတီထောင်ကို ယနေ့ပြောင်းရွေ့

RNA_စက်တင်ဘာ(၂၄)၊၂၀၂၂ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးချုပ်နှောင်ထားသည့် ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်မှ နိုင်‌ငံ‌ရေးအကျဉ်းသား (၂၅၀) ယနေ့ နံနက်ပိုင်းက သာယာဝတီအကျဉ်းထောင်ကို ပြောင်းရွေ့လိုက်ကြောင်း သိရသည်။ "အင်းစိန်အကျဥ်းဦးစီးဌာနမှ စက်တင်ဘာလ ၂၄ရက်နေ့ စ‌နေ‌နေ့ ယနေ့မနက်တွင် မယဥ်မြတ်နိုးဦး အပါအဝင် နိုင်ငံရေးအကျဥ်းသား အမျိုးသား ၂၀၀ ဦးနှင့် အမျိုး သမီး ၅၀ဦး၊ စုစုပေါင်းအယောက် ၂၅၀ ကို သာယာဝတီထောင်သို့ ပြောင်းရွေ့လိုက်ကြောင်း သတင်းရရှိသည်" ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရွာသာကြီးနယ်မြေ)က ယနေ့ထုတ်ပြန်ထားသည်။ (more…)
Read More
အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံနေရ

အင်းစိန်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ထိ ခြိမ်းခြောက်ခံနေရ

RNA_ဇူလိုင်၂၂၊၂၀၂၂ခုနှစ်။ ရန်ကုန်မြို့၊ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရပြီး သာမန်အကျဉ်းသားများထားသည့် အဆောင်တွင်နေထိုင်ရသည့် နိုင်ငံရေးအကျဉ်သားများ ကိုယ်ထိလက်ရောက် ရိုက်နှက်ခံနေရပြီး အသက်အန္တရာယ်ခြိမ်းခြောက်ခံနေကြရကြောင်း နိုင်ငံရေးအကျဉ်းသားမိသားစုများနှင့် နီးစပ်သူများထံမှ သိရသည်။ အင်းစိန်အကျဉ်းထောင် (၂) ဆောင်၊ (၃) ဆောင်၊ (၄) ဆောင်၊ (၅) ဆောင်ရှိ နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များ၏ လက်ပါးစေ စည်းကမ်းထိန်း၊ အဆောင်မှူးနှင့် ထောင်ဝန်ထမ်းများက အပြစ်မရှိအပြစ်ရှာကာ ရိုက်နှက်ခံနေကြရသည်။ ဇူလိုင် ၁၈ ရက်နေ့က ၅၀၅ (က)ဖြင့် ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံထားရသည့် ကိုခန့်သူအောင်ကို နေ့လည်တန်းပိတ်ချိန် တန်စီသည့်အခါ မညီမညာဖြစ်သည်ဟု ရည်ရွယ်ချက်ရှိရှိ ပြစ်ချက်ရှာကာ ထောင်ဝန်ထမ်းများလက်အောက်ခံ စည်းကမ်းထိန်းက ရိုက်နှက်ခဲ့ကြောင်း၊ ကိုခန့်သူအောင်ကို ထောင်ဝန်ထမ်းများကလည်း အပြစ်မရှိ…
Read More
အသက် ၆၄ နှစ်အရွယ် ကိုတင်ထွဋ်ပိုင်မိခင် ဖမ်းဆီးခံခဲ့ရတဲ့နေ့က ဘာတွေကြုံတွေခဲ့ရလဲ

အသက် ၆၄ နှစ်အရွယ် ကိုတင်ထွဋ်ပိုင်မိခင် ဖမ်းဆီးခံခဲ့ရတဲ့နေ့က ဘာတွေကြုံတွေခဲ့ရလဲ

RNA- အောက်တိုဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ မြောက်ဥက္ကလာပနေအိမ်မှာ မေလ ၂ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ကိုတင်ထွဋ်ပိုင် မိခင်ဒေါ်မိငယ်ဟာ အောက်တိုဘာလ ၁၈ ရက်နေ့က ပြန်လွတ်လာပြီး ဖမ်းဆီးခံရတဲ့နေ့က အတွေ့အကြုံတွေကို ပြောပြထားတာဖြစ်ပါတယ်။ Red News Agency
Read More