KIA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်း ကွယ်လွန်ခြင်းအတွက် အလေးပြုအခမ်းအနားများကျင်းပ

Written by

in

RNA_မေ(၁၆)၊၂၀၂၄ ခုနှစ်။


ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ စစ်ဦးစီးချုပ်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမှတ်(၁) စစ်ဒေသ၊ စစ်ဒေသမှူး ဒုတိယဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်း- Ruhkyau Hkawng Lum ကွယ်လွန်ခြင်းအတွက် အမှတ် (၁) စစ်ဒေသတွင်းရှိ PDF တပ်ရင်းတပ်ဖွဲ့ရဲဘော်များက ဝမ်းနည်းခြင်းအထိမ်းအမှတ် အလေးပြု အခမ်းအနားများ ကျင်းပပြုလုပ်နေကြကြောင်း သိရသည်။

 

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ စစ်ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး ဒူကဘာခေါင်လွမ်းသည် ကချင်ပြည်နှင့် ကချင်လူမျိုးများလွတ်မြောက်ရေး၊ မြန်မာပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်များလက်အောက်မှ လွတ်မြောက်ရေးအတွက် တော်လှန်ရေးလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေရင်း ၂၀၂၄ ခုနှစ် မေလ ၁၃ ရက်နေ့ ညနေ (၆) နာရီ (၂၃) မိနစ်အချိန်တွင် အသည်းရောဂါဖြင့် KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့၌ ရုတ်တရက် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

 

#RedNewsAgency