ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းပိုက်ထားနိုင်ပြီ

Written by

in

RNA_မေ(၁၈)၊၂၀၂၄ ခုနှစ်။

ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ စစ်ကောင်စီ၏ ဘူးသီးတောင်ဗျူဟာဌာနချုပ်အပါအဝင် ဗျူဟာ လက်အောက်ခံတပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်စသည်တို့ အားလုံးကို မေလ ၁၈ ရက်နေ့ မွန်းတည့် (၁၂) နာရီခန့်တွင် တစ်ခုမကျန် အာရက္ခတပ်တော် – AA က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်ရှိ နောက်ဆုံးလက်ကျန်စခန်းများဖြစ်သော ဘူးသီးတောင်ဗျူဟာဌာနချုပ် အပါအဝင် အမတ (၃၇၈)၊ ခမရ (၂၃၄)၊ ခမရ (၃၄၅)၊ ခမရ (၃၅၂) တပ်ရင်းများ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနှင့် GE တပ်ရင်းတို့ကို မေလ ၁၈ ရက်နေ့ကလည်းကောင်း၊ ခမရ (၃၅၃)၊ ခမရ (၅၃၅) ၊ ခမရ (၂၆၃)နှင့် ခမရ (၂၃၃) စသည့် တပ်ရင်း (၄) ရင်းကို မေလ (၁၄) ရက်နေ့ကလည်းကောင်း၊ မေလ (၁၃) ရက်နေ့တွင် နခခ (၃) အားလည်းကောင်း၊ မေလ (၁၆) ရက်နေ့တွင် နခခ (၈) စခန်းအား သိမ်းပိုက်ရရှိခဲ့သည်ဟု AA ထုတ်ပြန်ထားသည်။


ဘူးသီးတောင်မြို့နယ်အတွင်း စခန်းများသိမ်းပိုက်ခံရပြီး ထွက်ပြေးနေကြသည့်အတွက် ဘူးသီးတောင်မြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများအနေဖြင့် စစ်ရေးသတိဖြင့်နေထိုင်ကြရန်ကိုလည်း “အထူး” သတိပေးထားပြီး၊ ကစဉ့်ကလျား ခြေဦးတည့်ရာဖြင့် လွတ်မြောက်မည်ဟုအထင်ဖြင့် ထွက်ပြေးနေသည့် စစ်ကောင်စီလက်အောက်ခံများကို အာရက္ခတပ်တော် – AA မှ လိုက်လံရှင်းလင်း ပိတ်ဆို့တိုက်ခိုက်နေသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

#RedNewsAgency