18
Jun
"အမေစုရောက်လာပြီး လုံခြုံရေးတာဝန်ကျစစ်သားလေးကို "သားတို့ရော စားပြီးပြီလား"လို့ ဂရုတစိုက် မေးတယ်။ အမေစုအနားမှာလည်း စစ်တပ်က အကြီးပိုင်းတချို့ခြံရံလာတာဆိုတော့ စစ်သားလေးက ဘာမှပြန်မဖြေရဲဘူး "ဟုတ်ကဲ့" တခွန်းပဲပြောခဲ့ရတယ်။ အမေးခံရတော့ ပီတိတော့ဖြစ်မိတယ်။ အိမ်ပြန်ရောက်တော့ စဥ်းစားတယ်။ မင်းအောင်လှိုင်အတွက် အသက်ပေးပြီး အနီးကပ်လုံခြုံရေးယူနေတဲ့ ငါတို့ကို ဘယ်စစ်ဗိုလ်ချုပ်ကမှ "နေကောင်းလား..စားပြီးပြီလား" တခွန်းမမေးခဲ့ဘူး" မောင်ဝိ - Wiper အမေ....လို့ ပြည်သူအများစုက မြတ်မြတ်နိုးနိုးခေါ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်။ သူက ပြည်သူတွေအပေါ် အကြောက်တရားတွေ၊ ဖိနှိပ်ခံရမှုတွေကို မျက်စိပွင့်နားဖွင့်ဖြစ်စေခဲ့တဲ့ သူပါ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲမှာလည်း အမျိုးသမီးတန်မဲ့ ဦးဆောင်တိုက်ခဲ့တဲ့သူတစ်ယောက်လည်း ဖြစ်တယ်။ သူ့ဘဝရဲ့ သက်တမ်းတဝက်ကျော်လောက်က စစ်အာဏာရှင်တွေရဲ့ မတရားဖမ်းဆီးထောင်ချတာခံခဲ့ရတာ ဒီကနေ့အထိပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ၁၉၈၈ ခုနှစ်ကစပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်…