Category: နိုင်ငံတကာ

  • မြန်မာပြည်မြောက်ပိုင်းပဋိပက္ခပအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု အပြုသဘောဆောင်သည့်ရလဒ် ရရှိခဲ့သည်ဟု တရုတ်အစိုးရပြော

    မြန်မာပြည်မြောက်ပိုင်းပဋိပက္ခပအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှု အပြုသဘောဆောင်သည့်ရလဒ် ရရှိခဲ့သည်ဟု တရုတ်အစိုးရပြော

    မောင်လူအေး(လှည်းတန်း)_RNA_ဒီဇင်ဘာ(၁၂)၊၂၀၂၃ခုနှစ်။

    မြန်မာနိုင်ငံမြောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များအကြား သီတင်းတစ်ပတ်အကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက်မှာ ပဋိပက္ခများနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာ အပြုသဘောဆောင်သည့် ရလဒ်များ ထွက်ရှိခဲ့သည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က ပြောကြားထားသည်။

    မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ကိုယ်စားလှယ်အဖွဲ့နှင့် စစ်ကောင်စီ၏ ကိုယ်စားလှယ်အဖွဲ့တို့ ယမန်နေ့က တရုတ်အစိုးရ၏ ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုအရေ တရုတ်နိုင်ငံ ကူမင်းမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း၊ ဆွေးနွေးမှုတွင် အပြုသဘောဆောင်သည့် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။

    (more…)

  • အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ တရုတ်တောင်းဆို

    အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲဖို့ တရုတ်တောင်းဆို

    RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၃ခုနှစ်။

    ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွါးနေသည့် အစ္စရေး-ပါလက်စတိုင်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနှင့် ကျန်းမာရေး အကြပ်အတည်း တုံ့ပြန်ဖြေရှင်းကြရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ဒီဇင်ဘာ ၁၀ ရက်နေ့က ပြောကြားထားသည်။

    ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အမှုဆောင်အဖွဲ့က ကြီးမှူးကျင်းပသော အထူးအစည်းအဝေးမှာ တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ပါလက်စတိုင်းထိန်းချုပ်နယ်မြေရှိ ကျန်းမာရေးအခြေအနေနှင့် စပ်လျဉ်း၍ မှတ်ချက်ပြုပြောဆိုခဲ့ရာမှာ အစ္စရေး-ပါလက်စတိုင်းစစ်ပွဲအပေါ် တရုတ်နိုင်ငံ၏ သဘောထားကို ထည့်သွင်းပြောဆိုခဲ့သည်။

    “တရုတ်နိုင်ငံအနေနဲ့ ဂါဇာကမ်းမြောင်ဒေသမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုအပေါ် များစွာ စိုးရိမ်ပူပန်ကြောင်း၊ တည်ငြိမ်မှုရရှိရန်၊ ငြိမ်းချမ်းရေးအတွက် အခွင့်အလမ်းများ ပံ့ပိုးပေးရန်နဲ့ ပြည်သူများအား ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ပေးအပ်နိုင်ရန် ဆက်စပ်အဖွဲ့အစည်းများကို တိုက်တွန်းကြောင်း၊နိုင်ငံတကာအသိုက်အဝန်း အထူးသဖြင့် ပါလက်စတိုင်း-အစ္စရေးကိစ္စရပ်နဲ့ ဆက်စပ်လွှမ်းမိုးမှုရှိသည့် နိုင်ငံများအနေဖြင့် ဘက်စုံတည်တံ့သည့် အပစ်အခတ်ရပ်စဲရေး မြှင့်တင်ရေး၊ အရပ်သားများ၏ အသက်ရှင်သန်နေထိုင်ရေးနဲ့ကျန်းမာရေးကို ကာကွယ်ပေးရေးမှာ တာဝန်ယူမှုရှိတဲ့ အခန်းကဏ္ဍမှ ပါဝင်ကြဖို့” တရုတ်မစ်ရှင်ရုံးအကြီးအကဲ Chen Xu က ပြောသည်။

    ဂါဇာဒေသတွင် အရေးပေါ်လိုအပ်နေသော ဆေးဝါးနှင့် ဆေးဘက်ဆိုင်ရာ အသုံးအဆောင်များ ပံ့ပိုးခြင်းနှင့် ဒဏ်ရာရသူများကို ကုသခြင်းနှင့် လွှဲပြောင်းခြင်းများတွင်လည်း WHO နှင့် အခြားလူသားချင်းစာနာထောက်ထားမှု အေဂျင်စီများ ထောက်ခံအားပေးသင့်ကြောင်း၊ ပါလက်စတိုင်းနှင့် ကုလသမဂ္ဂသို့ နယ်ပယ်စုံမှတစ်ဆင့် ငွေကြေးအကူအညီများ ကူညီပံ့ပိုးပေးခဲ့ကြောင်း၊ ဂါဇာကမ်းမြောင်ဒေသသို့ အစားအစာနှင့် ဆေးဝါးအကူအညီများ ပေးအပ်ခဲ့ကြောင်း၊ ဂါဇာဒေသရှိ ပြည်သူများ၏ လိုအပ်ချက်အရ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ဆက်လက်ပေးအပ်လျက်ရှိသည်ဟု မစ္စတာ Chen Xu က ဆက်လက်ပြောကြားထားသည်။

    ဒီဇင်ဘာ ၈ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အာရပ်စော်ဘွားများ ပြည်ထောင်စု – UAE က အဆိုပြုတင်သွင်းသည့် ဂါဇာကမ်းမြောင်ဒေသ လူသားချင်းစာနာတဲ့ အကူအညီပေးနိုင်ရေး အစ္စရေးနှင့် ပါလက်စတိုင်း ဟာမတ်စ်အဖွဲ့တို့ တိုက်ပွဲများ ချက်ချင်းရပ်ရန် အဆိုပြု တင်သွင်းသည့် မူကြမ်းကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအထဲမှ ၁၃ နိုင်ငံက ထောက်ခံမဲပေးခဲ့ပြီး ဗြိတိန်နိုင်ငံက မဲမပေးဘဲ ကြားနေခဲ့ကာ အမြဲတမ်းအဖွဲ့ဝင် အမေရိကန်နိုင်ငံက ဗီတိုအာဏာသုံးကာ ပယ်ချခဲ့သည်။

    #RedNewsAgency

  • မြန်မာစစ်ဘေးရှောင်များ လက်ခံဖို့ရန် စစ်ရှောင်စခန်းများ အသင့်စီစဉ်ထားသည်ဟု ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးပြော

    မြန်မာစစ်ဘေးရှောင်များ လက်ခံဖို့ရန် စစ်ရှောင်စခန်းများ အသင့်စီစဉ်ထားသည်ဟု ထိုင်းဒုဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးပြော

    မောင်လူအေး(လှည်းတန်း)၊RNA_ဒီဇင်ဘာ(၄)၊၂၀၂၃ခုနှစ်။

    မြန်မာနိုင်ငံမှ သောင်းနှင့်ချီသည့် စစ်ဘေးရှောင်များ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာပါက လက်ခံရန် စစ်ရှောင်စခန်းများ ဖွင့်လှစ်တည်ဆောက်ထားဖို့ အသင့်စီစဉ်ထားသည်ဟု ထိုင်းအစိုးရ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Panpree Phitthanukorn က ဒီဇင်ဘာ ၃ ရက်နေ့က ပြောကြားထားသည်။

    “ဒီဇင်ဘာ ၄ ရက်မှာ ပြည်တွင်းအစည်းအဝေး ကျင်းပပါမယ်၊ မြန်မာစစ်ရှောင်တွေနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချပါမယ်၊ မြန်မာအရေးနဲ့ပတ်သက် လို့ အမြန်ဆုံးအပစ်ခတ်ရပ်စဲရေးတည်ဆောက်ကြဖို့ နဲ့ တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာဖို့အတွက် ဘယ်လိုကူညီရမလဲဆိုတာ ဆွေးနွေးမှာပါ” ဟု ထိုင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Panpree Phitthanukorn က ပြောသည်။

    (more…)

  • အစ္စရေးအစိုးရနှင့် ဟားမတ်စ်တို့ ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက် ဓားစာခံ ၅၀ ဦးထပ်မံလွတ်မြောက်

    အစ္စရေးအစိုးရနှင့် ဟားမတ်စ်တို့ ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုရရှိပြီးနောက် ဓားစာခံ ၅၀ ဦးထပ်မံလွတ်မြောက်

    RNA_နိုဝင်ဘာ(၂၃)၊၂၀၂၃ ခုနှစ်။

    အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း ဖမ်းဆီးသွားသော ဓားစာခံ ၂၄၀ ဦးအနက် ၅၀ ဦးကို လွှတ်ပေးရန်နှင့် ၄ ရက်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် အစ္စရေးအစိုးရမှ ထောက်ခံမဲ ၃၅ မဲနှင့် နိုဝင်ဘာ ၂၂ ရက်နေ့က သဘောတူညီချက်ရရှိခဲ့ပြီးနောက် ယနေ့ နံနက် (နိုဝင်ဘာ ၂၃ ရက်) ၁၀ နာရီခန့်မှာ ဓားစာခံ ၅၀ ဦး လွတ်မြောက်လာကြောင်း အစ္စရေးအစိုးရက ထုတ်ပြန်ထားသည်။

    “အခု ဓါးစာခံတွေ ပြန်လည်လွှတ်မြောက်လာဖို့အတွက် ဆွေးနွေးနေချိန်မှာ ကျွန်တော်သက်သေချပြရမယ့်ဟာတစ်ခုနဲ့ စတင်ပါမယ်၊ ဓါးစာခံတွေပြန်လည်လွတ်မြောက်စေဖို့အတွက် ကျွန်တော်တို့ဟာ စစ်ပွဲတွေကို ရပ်ထားရပါမယ်၊ ကိစ္စတွေပြီးသွားရင်တော့ စစ်ပွဲတွေ ပြန်စရပါမယ်၊ မနေ့က ဓါးစာခံမိသားစုတွေနဲ့ တွေ့ဆုံခဲ့ကာ သူတို့ရဲ့အသံတွေ ငိုကြွေးတာတွေ နားထောင်ပြီးတော့ ဓါးစာခံတွေအားလုံး ပြန်လည်လွတ်မြောက်ရေးဟာ ကျွန်တော်တို့ရဲ့ တာဝန် ဖြစ်ပါတယ်လို့ ” အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu က ပြောပါတယ်။

    (more…)

  • ဟား​မတ်​စ်အဖွဲ့ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၂၅ ဦး လွတ်တော့မည်

    ဟား​မတ်​စ်အဖွဲ့ ဖမ်းဆီးထားသည့် ထိုင်းနိုင်ငံသား ၂၅ ဦး လွတ်တော့မည်

    မောင်လူအေး(လှည်းတန်း)/RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ်။

    အစ္စရေးနိုင်ငံကို သွားရောက် အလုပ်လုပ်ကိုင်နေသည့် ထိုင်နိုင်ငံသားများ ဟား​မတ်​စ်အဖွဲ့၏ ဖမ်းဆီးခံထားရပြီးနောက် ထိုင်းနိုင်ငံသား ၂၅ ဦးသည် ၁၀ ရက်အတွင်း ပြန်လည်လွတ်မြောက်လာတော့မည်ဟု အီရန်နိုင်ငံမှာ ဟား​မတ်​စ်အဖွဲ့နှင့် သွားရောက်ညှိနှိုင်းခဲ့သည့် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ထံမှ သိရသည်။

    ဖမ်းဆီးခံ ထိုင်းနိုင်ငံသားများ ပြန်လွှတ်မည့် နေရာအတိအကျနှင့် အချိန်ကို ဟားမတ်စ်အဖွဲ့က အတည်မပြုသေးကြောင်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနမှ အခုသတင်းကို အတည်မပြုသေးကြောင်း၊ ဝန်ကြီးဌာအနေဖြင့် ဖမ်းဆီးထားသူများအား ဂါဇာကမ်းမြောင်းဒေသရှိ ရာဖာ့နယ်စပ်မှ ဖြတ်သန်းလွတ်မြောက်နိုင်ဖို့ အတွက် အီဂျစ်အစိုးရနှင့် ညှိနှိုင်းခဲ့သည်ဟု နိုဝင်ဘာ ၁၅ ရက်နေ့တွင် စေ့စပ်ညှိနှိုင်းရေးအဖွဲ့က ပြောကြားထားသည်။

    (more…)

  • အမေရိကန်နှင့်တရုတ် အဆင့်မြင့်စစ်ဘက်ဆိုင်ရာဆက်ဆံရေးပြန်လည်စတင်မည်

    အမေရိကန်နှင့်တရုတ် အဆင့်မြင့်စစ်ဘက်ဆိုင်ရာဆက်ဆံရေးပြန်လည်စတင်မည်

    မောင်လူအေး(လှည်းတန်း)/RNA_နိုဝင်ဘာ(၁၇)၊၂၀၂၃ ခုနှစ််။

    အမေရိကန်နှင့်တရုတ် နှစ်နိုင်ငံ အဆင့်မြင့်စစ်ဘက်ဆိုင်ရာဆက်ဆံရေး ပြန်လည်စတင်ရန် သမ္မတ Joe Biden နှင့် သမ္မတ Xi Jinping တို့ နိုဝင်ဘာ ၁၅ ရက်က သဘောတူညီခဲ့ကြသည်။

    အမေရိကန် သမ္မတ Joe Biden နှင့် တရုတ်သမ္မတ Xi Jinping ထိပ်သီးခေါင်းဆောင် နှစ်ဦီီီီးသည် ဆန်ဖရန်စစ္စကို (San Francisco) မြို့ တောင်ဘက်ရှိ သမိုင်းဝင် Filoli စံအိမ်မှာ နိုဝင်ဘာလ ၁၅ ရက်နေ့က တွေ့ဆုံဆွေးနွေးမှုအတွင်း သဘောတူညီခဲ့ကြသည်ဟု သိရသည်။

    “တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံနဲ့ တည်ငြိမ်ခိုင်မာ၍ ရေရှည်တည်တံ့သော ဆက်ဆံရေး ထားရှိဖို့ အစဉ်အမြဲ ကတိပြုထားပါတယ်၊ စောင့်ထိန်းရမယ့် အကျိုးစီးပွားတွေ၊ ထိန်းသိမ်းရမယ့် စည်းမျဉ်းတွေ၊ မဖြတ်ကျော်ရတဲ့ မျဉ်းနီတွေ ရှိပါတယ်၊၊ နှစ်နိုင်ငံအနေနဲ့ တစ်ဦးနဲ့တစ်ဦး လေးစားကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်တဲ့ မိတ်ဖက်တွေဖြစ်ရမယ်” ဟု တရုတ်သမ္မတ Xi Jinping က ပြောသည်။

    (more…)

  • တရုတ် – အမေရိကန်ဆက်ဆံရေး ပိုမိုကောင်််းမွန်အောင် ကြိုးစားမည်ဟု အမေရိကန်သမ္မတ Biden ပြော

    တရုတ် – အမေရိကန်ဆက်ဆံရေး ပိုမိုကောင်််းမွန်အောင် ကြိုးစားမည်ဟု အမေရိကန်သမ္မတ Biden ပြော

    RNA_နိုဝင်ဘာ(၁၆)၊၂၀၂၃ ခုနှစ်။
    အမေရိကန် သမ္မတ Joe Biden က တရုတ်နှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေး ပိုမိုကောင်းမွန်စေမည့် အလှည့်အပြောင်းဖြစ်ပေါ်ရေးကြိုးစားသွားမည်ဟု ဆန်ဖရန်စစ္စကို မသွားခင် အိမ်ဖြူတော်မှာ သတင်းထောက်တွေကို နိုဝင်ဘာ ၁၄ ရက်နေ့က ပြောကြားထားသည်။
    တရုတ်သမ္မတ Xi Jinping သည် အမေရိကန်သမ္မတ Joe Biden နှင့် တွေ့ဆုံဆွေးနွေးရန်နှင့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) အစည်းအဝေး တက်ရောက်ရန် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ နိုဝင်ဘာ ၁၄ ရက်က ရောက်ရှိလာခဲ့သည်ဟု သိရပါတယ်။
    တရုတ်သမ္မတ Xi Jinping ကို ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး Gavin Newsom ၊ အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Janet Yellen နှင့် အမေရိကန်ထိပ်တန်း တာဝန်ရှိသူတွေက ဆန်ဖရန်စစ္စကို အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

    (more…)

  • တရုတ်-အမေရိကန် ဘုံအကျိုးစီးပွား စိန်ခေါ်မှုများကို ရင်ဆိုင်ရန် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ပြော

    တရုတ်-အမေရိကန် ဘုံအကျိုးစီးပွား စိန်ခေါ်မှုများကို ရင်ဆိုင်ရန် တွေ့ဆုံဆွေးနွေးရန်လိုအပ်ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး Wang Yi ပြော

    မောင်လူအေး(လှည်းတန်း)_RNA_အောက်တိုဘာ(၂၈)၊၂၀၂၃ ခုနှစ်။

    တရုတ်-အမေရိကန် နှစ်နိုင်ငံသည် ကွဲလွဲမှု၊ သဘောထားမတိုက်ဆိုင်မှုများရှိသည့် တစ်ချိန်တည်းတွင် နှစ်နိုင်ငံ၌ အဓိကဘုံအကျိုးစီးပွားများ စိန်ခေါ်မှုများကို အတူတကွ ရင်ဆိုင်ရန်လိုအပ်ပြီး တွေ့ဆုံဆွေးနွေးရန် လိုအပ်သည်ဟု အောက်တိုဘာ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမှာ သတင်းမီဒီယာတွေကို တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi က ပြောကြားထားသည်။

    တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi သည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၏ ဖိတ်ကြားချက်အရ အောက်တိုဘာ ၂၆ ရက်မှာ ဝါရှင်တန်ဒီစီကို ရောက်ရှိလာပြီး နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ တရုတ် နိုင်ငံခြားရေးဝန်ကြီး Wang Yi ၏ သုံးရက်တာ အလည်အပတ်ခရီးစဥ်မှာ အမေရိကန်ထိပ်တန်းခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမှာဖြစ်သည်။

    (more…)

  • Move Forward ပါတီမှ တင်သွင်းသည့် စည်းပုံကို ပြင်ဆင်ရေးဆွဲရေးပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရန် အဆိုပြုချက် ပယ်ချခံရ

    Move Forward ပါတီမှ တင်သွင်းသည့် စည်းပုံကို ပြင်ဆင်ရေးဆွဲရေးပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်ရန် အဆိုပြုချက် ပယ်ချခံရ

    မောင်လူအေး(လှည်းတန်း)_RNA_အောက်တိုဘာ(၂၆)၊၂၀၂၃ ခုနှစ်။

    ထိုင်းလွှတ်တော်မှာ Move Forward ပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြန်လည်ရေးဆွဲရေးအတွက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ရန် အဆိုပြုလျှောက်ထားချက်ကို ၂၆၁-၁၆၂ မဲဖြင့် အောက်တိုဘာ ၂၅ ရက်က ပယ်ချခဲ့ရကြောင်း သိရသည်။

    ထိုင်းလွှတ်တော်မှာ Move Forward ပါတီ၏ အဆိုပြုလျှောက်ထားမှုကို မဲခွဲဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၂၆၁ မဲ၊ ကန့်ကွက်မဲ ၁၆၂ မဲ၊ ကြားနေမဲ ၆ ဖြင့် မဲပေးသူစုစုပေါင်း ၄၂၉ မဲ ရှိခဲ့သည်။

    Serena Thavisin ဦးဆောင်သည့် ထိုင်းအစိုးရသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲပြီး ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မတီ Fully-Elected Charter Drafting Committee (CDC) ကို ဖွဲ့စည်းခဲ့သည်။

    (more…)

  • မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် အကြီးမားဆုံးစိန်ခေါ်မှုအဖြစ်ရှိနေ

    မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် အကြီးမားဆုံးစိန်ခေါ်မှုအဖြစ်ရှိနေ

    မောင်လူအေး (လှည်းတန်း) RNA_အောက်တိုဘာ(၂၄)၊၂၀၂၃ ခုနှစ်။

    မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင်းမှာ အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ခုအဖြစ်ကျန်ရှိနေပြီး၊ကုလုံခြုံရေးကောင်စီ၏ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၂၁ ရက်က က ချမှတ်တသည့်ဆုံးဖြတ်ချက် UN Resolution 2669 (2022) ကို ကြိုဆိုပါသည်ဟု အီရန်နိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီး Khairi Omar က ပြောသည်။

    အမေရိကန်နိုင်ငံ နယူးယောက်မြို့မှာ အောက်တိုဘာ ၂၀ ရက်နေ့က ကျင်းပသည့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ “တွေ့ဆုံဆွေးနွေးရေးမှတဆင့် ငြိမ်းချမ်းရေးဆီသို့” ခေါင်းစဥ်ဖြင့် ပွင့်လင့်စွာစကားစစ်ထိုးပွဲတွင် အီရန်နိုင်ငံဆိုင်ရာ မလေးရှား သံအမတ်ကြီးက ပြောဆိုခဲ့ခြင်း ဖြစ်သည်။

    မလေးရှားနိုင်ငံသည် မြန်မာ့နိုင်ငံရေးအကြပ်အတည်း အောင်မြင်စွာ ဖြေရှင်းနိုင်ရန်မတွက် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် စစ်ကောင်တို့အကြား နီးကပ်စွာအပြု သဘောဆောင်သည့် ငြိမ်းချမ်းရေးနှင့် စဥ်ဆက်မပြတ်လုပ်ကိုင်ဆောင်ရွက်နေကြောင်း၊ နိုင်ငံတကာငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ထိန်းသိမ်းရန်အတွက် ကုလသမဂ္ဂ (UN) ဒေသတွင်းနိုင်ငံတွေအကြား ခိုင်မာတဲ့ယုံကြည်မှု မရှိမဖြစ်လိုအပ်သည်ဟု ပြောကြားခဲ့သေးသည်။

    မြန်မာနိုင်ငံအတွက်ချမှတ်ထားတဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ရပ် ပြည့်ပြည့်ဝဝနှင့် ထိရောက်စွာ အောင်မြင်အောင် အကောင်ထည်ဖော်ဖို့ လိုအပ်သည်ဟု ထပ်မံပြောကြားထားသည်။

    Ref: New Straits Times

    #RedNewsAgency