ပစ်သတ်

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီလက်အောက်ခံများက ပစ်သတ်ဟု မိသားစုဝင်တဦးက အတည်ပြု

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို စစ်ကောင်စီလက်အောက်ခံများက ပစ်သတ်ဟု မိသားစုဝင်တဦးက အတည်ပြု

RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၄ခုနှစ်။ စစ်ကောင်စီလက်အတွင်း ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်းက ပဲခူးတိုင်း၊ ဝေါမြို့နယ်အတွင်း ဖမ်းဆီးခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေးကို ဖေဖော်ဝါရီလ ၈ ရက်နေ့ ဝေါတရားရုံးမှ ရုံးထုတ်အပြန်တွင် စစ်ကောင်စီလက်အောက်ခံများက ထွက်ပြေးရန်ကြိုးစားသည့်အတွက်ဟု အကြောင်းပြကာ ပစ်သတ်ခဲ့သည်ဟု သိရသည်။ “ကျွန်တော့်အမ၊ အတူတူအဖမ်းခံရတဲ့ အမျိုးသားလေး ၂ယောက်ကို ဝေါမြို့နယ် တရားရုံးမှာ ရမန်ယူတယ်။ အဲဒီကအပြန်မှာ သနပ်ပင်မြို့နယ်၊ ကျိုက်လတ်ရွာအ‌‌ရောက် လေးခွင်းကို ထွက်ပြေးတယ်ဆိုပြီး ပစ်သတ်ခဲ့တယ်။ ပြီးတော့ဝေါဆေးရုံးကို ပို့လိုက်တယ်။ အဲဒီအချက်အလက်ကို ဝေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ် မင်းထက်သာက မိသားစုထံ အတည်ပြုပေးပါတယ်။ သူတို့ ၂ ယောက်ကို လူမသိ၊ သူမသိ ပိုင်ရှင်မဲ့အလောင်းအနေနဲ့ သင်္ဂြိုလ်ခဲ့တယ်။ ဘယ်နေရာမှာ သဂြိုလ်တယ်ဆိုတာကိုတော့…
Read More