ကိုယ်ပိုင်ပြဌာန်းခွင့်

ထွက်ပေါ်လာသည့် အာဏာရှင်မှန်သမျှ CNO/CNDF က တော်လှန်သွားမည်

ထွက်ပေါ်လာသည့် အာဏာရှင်မှန်သမျှ CNO/CNDF က တော်လှန်သွားမည်

RNA_ဇန်နဝါရီ(၂၅)၊၂၀၂၄ခုနှစ်။ ချင်းပြည်နယ်အတွင်း တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ မွေးရာပါအခွင့်အရေးများအတွက် စစ်ကောင်စီအပါအဝင် အာဏာရှင်မှန်သမျှ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း CNO/CNDF အရာရှိတဦးက ပြောကြားထားသည်။ “ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်အာဏာရှင် စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို ကျဆုံးဖို့အတွက် ထူထောင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်အဖွဲအစည်းတစ်ခုအတွက် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ အာဏာသိမ်းသွားတဲ့ စစ်ကောင်စီအပါအဝင် ထွက်လာနိုင်တဲ့ အာဏာရှင်မှန်သမျှကို ဆန့်ကျင် တော်လှန်သွားမယ့်အဖွဲ့အစည်းဖြစ်ပါတယ်” ဟု ရှေ့တန်းသွားမည့် CNDF ရဲဘော်များကို ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောထားသည်။ Red News Agency
Read More
ယနေ့ ဆန္ဒပြပွဲတွင် 96 Soldiers -PDF အညာဒေသတပ်ခွဲ ရဲဘော်များ ပူးပေါင်း

ယနေ့ ဆန္ဒပြပွဲတွင် 96 Soldiers -PDF အညာဒေသတပ်ခွဲ ရဲဘော်များ ပူးပေါင်း

RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ "ခွင့်တူညီမျှသည့် ပြည်ထောင်စုဆီသို့" ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ယနေ့ ကျရောက်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြုလုပ်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပြည်သူများနှင့်အတူ 96 Soldiers -PDF (အညာဒေသတပ်ခွဲ) ရဲဘော်များ ပူးပေါင်းခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More