ကိုယ်ပိုင်ပြဌာန်းခွင့်

ထွက်ပေါ်လာသည့် အာဏာရှင်မှန်သမျှ CNO/CNDF က တော်လှန်သွားမည်

ထွက်ပေါ်လာသည့် အာဏာရှင်မှန်သမျှ CNO/CNDF က တော်လှန်သွားမည်

RNA_ဇန်နဝါရီ(၂၅)၊၂၀၂၄ခုနှစ်။ ချင်းပြည်နယ်အတွင်း တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်၊ မွေးရာပါအခွင့်အရေးများအတွက် စစ်ကောင်စီအပါအဝင် အာဏာရှင်မှန်သမျှ တော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း CNO/CNDF အရာရှိတဦးက ပြောကြားထားသည်။ “ချင်းအမျိုးသားအဖွဲ့ချုပ်၊ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ဟာ စစ်အာဏာရှင် စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်မဆို ကျဆုံးဖို့အတွက် ထူထောင်ခဲ့တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်အဖွဲအစည်းတစ်ခုအတွက် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ အာဏာသိမ်းသွားတဲ့ စစ်ကောင်စီအပါအဝင် ထွက်လာနိုင်တဲ့ အာဏာရှင်မှန်သမျှကို ဆန့်ကျင် တော်လှန်သွားမယ့်အဖွဲ့အစည်းဖြစ်ပါတယ်” ဟု ရှေ့တန်းသွားမည့် CNDF ရဲဘော်များကို ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောထားသည်။ [embedyt] https://www.youtube.com/watch?v=pdRNX5dGMrY[/embedyt] Red News Agency
Read More
ယနေ့ ဆန္ဒပြပွဲတွင် 96 Soldiers -PDF အညာဒေသတပ်ခွဲ ရဲဘော်များ ပူးပေါင်း

ယနေ့ ဆန္ဒပြပွဲတွင် 96 Soldiers -PDF အညာဒေသတပ်ခွဲ ရဲဘော်များ ပူးပေါင်း

RNA_ဖေဖော်ဝါရီ(၁၂)၊၂၀၂၃ ခုနှစ်။ "ခွင့်တူညီမျှသည့် ပြည်ထောင်စုဆီသို့" ခေါင်းစဥ်ဖြင့် ပြုလုပ်သည့် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်း ယနေ့ ကျရောက်သည့် (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့တွင် ပြုလုပ်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပြည်သူများနှင့်အတူ 96 Soldiers -PDF (အညာဒေသတပ်ခွဲ) ရဲဘော်များ ပူးပေါင်းခဲ့ကြောင်း သိရသည်။ #RedNewsAgency
Read More