Politics

NLD သည် တပ်ဦးပါတီမဟုတ်

NLD သည် တပ်ဦးပါတီမဟုတ်

ကနေ့ခေတ်ဟာ ပါလီမန်အသွင်ဆောင်ထားတဲ့ စစ်အာဏာရှင်စနစ် လွှမ်းမိုးတဲ့ခေတ်လို့ အမှန်တိုင်းမမြင်သေးဘူးဆိုရင် နောက်ဆက်တွဲစဉ်းစားချက်မှန်သမျှ အကုန်လွဲချော်ပါလိမ့်မယ်။ဒုတိယအလွဲက ဒီချုပ်ပါတီဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးတာဝန်ကို ထမ်းဆောင်နေတယ်ဆိုတဲ့ တပ်ဦးပါတီလို့ ထင်မြင်ယူဆတဲ့အမှားဖြစ်ပါတယ် ကျော်ကိုကို ဒီရက်ပိုင်း နိုင်ငံရေးလောကထဲက လူတွေကြားမှာ အများဆုံးပြောဖြစ်တဲ့အကြောင်းက ရွေးကောက်ပွဲကိစ္စပါ။ရွေးကောက်ပွဲကို လက်ခံလား လက်မခံဘူးလားဆိုတာက စပြီးတော့ လက်ခံရင် ဘယ်ပါတီကို မဲပေးမှာလဲနဲ့ အဆုံးသတ်ပြီး လက်မခံရင် ဘာလို့လက်မခံသလဲဆိုတဲ့ မေးခွန်းနဲ့ အစပျိုးတတ်ကြပါတယ်။ ကျနော့်သဘောက အစောတည်းက ရှင်းရှင်းပြတ်ပြတ်ပြောပြီးသားပါ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံအသက်သွင်း အတည်ပြုတဲ့ ဘယ်လုပ်ရပ်မဆို ဆန့်ကျင်တဲ့အတွက် ရွေးကောက်ပွဲဆိုတာကို ထည့်စဉ်းစားစရာကို မလိုတော့တာပါ။ဒါပေမယ့် နိုင်ငံရေးအရ ပြောတာဆိုရင် နှစ်ပိုင်းခွဲပြောရပါလိမ့်မယ်။ဒါမှ အများအမြင်ရှင်းမှာမို့လို့ပါ။ တပိုင်းက ပုဂ္ဂလိကနိုင်ငံရေးအမြင်ပါ။တဦးတည်းကိုပဲ ကိုယ်စားပြုပါတယ်။လက်ရှိခေတ်အခြေအနေကို ကိုယ့်ဘဝအမြင်နဲ့ ချိန်ထိုးသုံးသပ်ပြီး…
Read More
မဲမပေးဘူး VS မဲပေးမယ်(သို့မဟုတ်) ပဋိပက္ခမှဆန့်ထုတ်ဆင်ခြင်လိုက်သော နိုင်ငံရေးလမ်းကြောင်း

မဲမပေးဘူး VS မဲပေးမယ်(သို့မဟုတ်) ပဋိပက္ခမှဆန့်ထုတ်ဆင်ခြင်လိုက်သော နိုင်ငံရေးလမ်းကြောင်း

စစ်အုပ်စုအကျိုးစီးပွားကို အကြီးအကျယ်ကယ်တင်ပေးခဲ့တဲ့ကိစ္စကတော့ ICJ နိုင်ငံတကာရာဇဝတ်တရားရုံးက စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှုတွေအပေါ် တရားစွဲခဲ့စဉ်က ‌နယ်သာလန် သည်ဟိဂ်မြို့အထိ သွားရောက်ပြီး စစ်အုပ်စုကို ခုခံကာကွယ်ပေးခဲ့တဲ့လုပ်ရပ်ပဲဖြစ်ပါတယ် ကျော်ကိုကို အခုအပတ်မှာ လူပြောသူပြောအများဆုံးနဲ့ အငြင်းပွားမှုအဖြစ်ဆုံး နိုင်ငံရေးကိစ္စကို ပြပါဆိုရင် ရွေးကောက်ပွဲမှာ မဲပေးမလား မပေးဘူးလားဆိုတဲ့ကိစ္စပဲဖြစ်ပါတယ်။မဲမပေးဘူးလို့ ပြောတဲ့သူတွေကို လက်ရှိအာဏာရပါတီ အမာခံထောက်ခံသူတွေက ရန်လိုမုန်းထားပြီး ထိုးနှက်တိုက်ခိုက်နေကြတဲ့ အရေးအသားတွေကိုလည်း တွေ့ရပါတယ်။ဒီလိုတိုက်ခိုက်ကြတဲ့ အရေးအသားတွေထဲမှာ တချို့ကလည်း လူကြီးလူကောင်းဆန်ဆန် ယဉ်ယဉ်ကျေးကျေး ရေးသားဆွေးနွေးပြီး တချို့ကျတော့ ရိုင်းစိုင်းတဲ့အရေးအသားတွေ၊ အမုန်းစကားတွေနဲ့ ပြောဆိုရေးသားတဲ့အနေအထားအထိ ရောက်ရှိခဲ့ရပါတယ်။ဒီလို အငြင်းအခုန်ဖြစ်တဲ့နေရာမှာ စိတ်ဝင်စားစရာ အကောင်းဆုံးက “မဲသွားမပေးရင် စစ်တပ်အကြိုက်ဖြစ်သွားလိမ့်မယ်” တို့၊ “ဒီချုပ်မဲမရရင် စစ်အုပ်ချုပ်ရေးပြန်ဖြစ်သွားမှာပေါ့”စသဖြင့် လိုရာဆွဲပြီး မဲမဲမြင်ရာ လိုက်ဖောင်းထုနေသလို ဖြစ်နေပါတယ်။အကဲဒဲလ်မစ်ဆန်ဆန်…
Read More
ရဲရင့်သူတို့ အောင်ပွဲ(သို့မဟုတ်) ကျနော်၏ မှတ်မှတ်ရရ ရဲဘော်မျာ

ရဲရင့်သူတို့ အောင်ပွဲ(သို့မဟုတ်) ကျနော်၏ မှတ်မှတ်ရရ ရဲဘော်မျာ

စစ်သားများကလည်း သေနတ်များ ပစ်ဖေါက်ကာ လူအုပ်ကြီးကို ၀င်ရောက် ဖြိုခွင်းတော့တယ်။ သေနတ်ပြောင်းနှင့် အထိုးခံရသူများ၊ ခြေနှင့် အကန်ခံရသူများ၊ အဖမ်းခံရသူများ အများအပြားရှိသလို ကလေးသူငယ်များအား နည်းရာ အိမ်များက ခေါ်ယူ ထိမ်းသိမ်းပေး ထားကြတယ်။ ပစ်ခတ်မှုကြောင့် ပြေးကြ လွှားကြနဲ့ ရှုပ်ထွေးနေချိန်၊ သေနတ်သံများ ဆူညံနေချိန်၊ ပန်းခွေများဖြင့် ချီတက်နေသူ ကျောင်းသူ လေးဦးမှာ သေနတ်သံများကြောင့် ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ပြေးလွှားခြင်း၊ ရပ်တန့်ခြင်း မရှိဘဲ သူတို့ နောက်ကျောမှ သူတို့အား ပစ်မည်ဆိုလျင် သူတို့ ထိုလမ်းမကြီးပေါ်တွင် အသေခံသွားမည့် စိတ်ဓါတ်ဖြင့် ငြိမ်းစု ဒီနေ့ မနက်ဟာ ခါတိုင်းနေ့တွေနဲ့ မတူ ခြောက်သွေ့လွန်းလှတယ်။ လမ်းဘေး ပလက်ဖေါင်းပေါ်…
Read More
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖော်ဆောင်ခဲ့တဲ့ ၂၀၀၈ ခြေ/ဥ မွေးဖွားရာ အမျိုးသား ညီလာခံ

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖော်ဆောင်ခဲ့တဲ့ ၂၀၀၈ ခြေ/ဥ မွေးဖွားရာ အမျိုးသား ညီလာခံ

ရန်ကုန်၊ ဇူလိုင် ၁၅ ရက်၊ ၂၀၂၀ ခုနှစ်။ ရှစ်လေးလုံး ပြည်သူ့အရေးတော်ပုံအပြီး အာဏာသိမ်းအစိုးရ၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ မျက်ကွယ်ပြုကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ရေးဆွဲရာ ညောင်နှစ်ပင် ညီလာခံနေရာကို ယနေ့ ( ဇူလိုင်လ ၁၅ ရက်) မြင်ကွင်း တချို့ကို ဖော်ပြလိုက်ပါတယ်။ ဓာတ်ပုံ- ဝင်းဇော်နိုင် ။ (more…)
Read More
ရခိုင်ကိုအမြစ်ဖြတ်ချေမှုန်းရေးနှင့် အင်အားအလွန်အကျွံ အသုံးပြုမှုရဲ့နောက်ဆက်တွဲ

ရခိုင်ကိုအမြစ်ဖြတ်ချေမှုန်းရေးနှင့် အင်အားအလွန်အကျွံ အသုံးပြုမှုရဲ့နောက်ဆက်တွဲ

အစိုးရတစ်ရပ်အနေနဲ့ပြည်သူလူထုရဲ့ အသက်စည်းစိမ်ကို အကာ အကွယ် မပေးနိုင်သည့်အပြင် ပြည်သူလူထုကို အလေးမထား ထင်သလိုလုပ်နေပါက ပြည်သူလူထု အနေနဲ့လည်းမိမိတို့ရဲ့ဆုံးရှုံးနစ်နာမှုများကို သေချာမှတ်တမ်းတင်ပြုစုကာ နိုင်ငံတ ကာသို့ တိုင်တန်းပြီး တရားမျှတမှုကို ရယူနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်။ ရခိုင်ကို အမြစ်ဖြတ်ချေမှုန်းဖို့ အစိုးရဖက်က တရားဝင်ခွင့်ပြုထားတယ်လို့ မြန်မာ့တပ်မတော် ဘက်က ထုတ်ဖော်ပြောကြားထားတာမို့ ရခိုင်ပြည်သူလူထုရဲ့ဆုံးရှုံးနစ်နာမှုအတွက် လက်ရှိအစိုးရမှာ တာဝန်အပြည့်အဝရှိနေပါတယ် ကောင်းမြတ်နိုင် ရခိုင်မှာ လက်ရှိဖြစ်ပျက်နေတဲ့ လက်နက်ကိုင်ပဋိပက္ခအတွင်း အစိုးရလက်နက်ကိုင်တပ်ဘက်ကတော့ အမြစ်ဖြတ်ချေမှုန်းရေးလို့ တရားဝင်ပြောထားပြီး ဖြစ်ပါတယ်။၂၀၁၈ ဒီဇင်ဘာလကတည်းက စတင်ပြင်းထန်လာနေတဲ့ ပဋိပက္ခဟာခုချိန်ထိ အားကောင်းကောင်းနဲ့ဆက်လက်ပြင်းထန်နေဆဲဖြစ်ပြီး နောက်ထပ် ဘယ်လောက်ထိ ပြင်းထန်လာမလဲဆိုတာကို အတိအကျမသိနိုင်ကြပေမယ့် ပိုပြီးပြင်းထန်လာမှာကတော့ သေချာနေပါတယ်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က နယ်လုံဝန်ကြီးလက်မှတ် ရေးထိုးပြီး ထုတ်ပြန်လိုက်တဲ့…
Read More
လူမျိုးရေးထောင်ချောက်မှကင်းလွတ်သူဗိုလ်မှူးစောလွင်

လူမျိုးရေးထောင်ချောက်မှကင်းလွတ်သူဗိုလ်မှူးစောလွင်

ဖိနှိပ်သူ စစ်အာဏာရှင်စနစ်ကို တော်လှန်ရေးမလုပ်သရွေ့ အကုန်လုံး စစ်ကျွန်ဘဝမှာပဲ ရှိနေကြရဦးမှာပါ။ စီးပွားရေးအရ လက်ဝါးကြီးအုပ်ထားတဲ့ အရင်းရှင်၊ခရိုနီတွေကို မတွန်းလှန်မချင်း ကျနော်တို့ နင်းပြားအဆင့်က တက်နိုင်ကြမှာမဟုတ်ပါဘူး။ တကယ်က တိုက်ပွဲတခုမှာ ၊ လှုပ်ရှားမှုအဆင့်တဆင့်မှာ၊ တော်လှန်ရေးတရပ်မှာ ဖြူဖြူ မည်းမည်း အတူတွဲပြီး ဖိနှိပ်သူကို တွန်းလှန်ပစ်ဖို့ပဲ လိုအပ်ပါတယ် ကျော်ကိုကို (၁၅.၆.၂၀၂၀) ကျနော်တို့ဆီမှာ အတော်ညံစီနေတဲ့ အငြင်းအခုန်တခုကို တွေ့နေ၊မြင်နေ၊ကြားနေရပါတယ်။ဒီဇာတ်လမ်းက အမေရိကမှာ လူမည်းတွေရှင်သန်ရပ်တည်ရေးလှုပ်ရှားမှုစတင်ပြီးနောက်ပိုင်း ဒီကလူငယ်အချို့က လှုပ်ရှားမှုပြုလုပ်လာတဲ့ ကမ်ပိန်းတခုကနေ စခဲ့တာလို့ ပြောရပါလိမ့်မယ်။”Don’t Call me K- words” ငါ့ကို ကကြီးလို့ မခေါ်နဲ့ ဆိုတဲ့ လှုပ်ရှားမှုပါ။ရှေ့မှာလည်း အလားတူ လှုပ်ရှားမှုတခုကို ရခိုင်လူငယ်တွေ ပြုလုပ်ခဲ့ဖူးပါတယ်။အခု…
Read More
မုံရွာအောင်ရှင်သို့တုန့်ပြန်ချက်

မုံရွာအောင်ရှင်သို့တုန့်ပြန်ချက်

တချိန်က ဒီချုပ်ပါတီ အဖိနှိပ်ခံနေရချိန်မှာ ကျောင်းသားနဲ့ပြည်သူဟာ ဒီပါတီကို စစ်အာဏာရှင်လက်ချက်က အကာအကွယ်ပေးခဲ့တဲ့အတွက် အချို့ကိစ္စတွေမှာ ပြောချင်ပါရက်နဲ့ မပြောထွက်ခဲ့တာမျိုး၊ ဗူးလေးရာဖရုံဆင့်သလို ဖြစ်မှာစိုးလို့ မျိုသိပ်ခဲ့ရတာမျိုးတွေ ကျော်ကိုကို ရန်ကုန်ခေတ်သစ်မီဒီယာနဲ့ ဒီချုပ်ပြောရေးဆိုခွင့်ရသူ မုံရွာအောင်ရှင်တို့ အမေးအဖြေလုပ်ထားတာကို ဖတ်ရပါတယ်။ဗကသက မူပိုင်ဖြစ်တဲ့ ခွပ်ဒေါင်းအလံကို ဒီချုပ်အပါအဝင် ၂၀၀၈ခြေဥအောက်က ရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီအသီးသီးက ယူငင်သုံးစွဲနေတာကို ကန့်ကွက်တဲ့ ကြေညာချက်တွေ ထုတ်ပြီးချိန်မှာ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဒီချုပ်ရဲ့သဘောထားကို မုံရွာအောင်ရှင်က ပြောထားတာပါ။ ဒီနေရာမှာ တိုက်ပွဲဝင်သမဂ္ဂခွပ်ဒေါင်းအလံကို ကျနော်တို့အနေနဲ့ ပြန်တောင်းတယ်လို့ မသုံးစွဲလိုပါဘူး။ နိုင်ငံရေးအရပြောရရင် ကိုယ်ကျေကျေနပ်နပ်ပေးထားတာမဟုတ်တဲ့အတွက်ကြောင့် ပြန်တောင်းနေတာမျိုးမဟုတ်ဘဲ သဘောတူခွင့်ပြုချက်မပါဘဲ ယူငင်သုံးစွဲနေမှုကို ဆက်လက်မလုပ်ဆောင်တော့ဖို့ ကန့်ကွက်နေတာလို့ သုံးစွဲရင်ပိုအဓိပ္ပါယ်ရှိမယ်ထင်ပါတယ်။ ဗကသက ကြေညာချက်ထုတ်ခြင်း မထုတ်ခြင်းဟာ ကျနော်နဲ့ တခြားစီကိစ္စရပ်တွေပါ။ကျနော့်အနေနဲ့…
Read More
Developing self-control through the wonders of intermittent fasting

Developing self-control through the wonders of intermittent fasting

This less hello salamander lied porpoise much over tightly circa horse taped so innocuously outside crud mightily rigorous negative one inside gorilla and drew humbly shot tortoise inside opaquely. Crud much unstinting violently pessimistically far camel inanimately then more and about. Forbade panther desolately iguanodon alas in goodness goodness re-laid when…
Read More