09
Nov
"စစ်ခေါင်းဆောင်လုပ်ပြီ သူတို့က ဘယ်လိုတစ်ပြိုင်တည်း ဘယ်လို ထိုးဖောက်တိုက်ခိုက်တာတို့ ဆက်သွယ်ရေးလမ်းကြောင်းကို ဘယ်လိုဖြတ်တောက်တာတို့ အမည်ခံကာလုံအစည်းအဝေးမှာ တင်ပြနေတော့ မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ရဲ့ စစ်ရေးဗျူဟာ မဟာဗျူဟာတွေအပေါ် အတော်အံ့သြနေပုံပဲ" ငြိမ်းမောင် စစ်ဆင်ရေး ၁၀၂၇ (Operation 1027) အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ခုခံတော်လှန်မှုတိုက်ပွဲတွေ အရှိန်အဟုန်မြှင့်တက်နေပြီး အကြမ်းဖက်စစ်ကောင်စီ တပ်အရှုံးများစွာနဲ့ ရင်ဆိုင်နေရချိန်မှာ နေပြည်တော်က ထိုင်ခုံပေါ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အောက်တိုဘာ ၈ ရက်နေ့မှာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအမည်ခံ ကာလုံအစည်းအဝေး လုပ်ခဲ့တယ်။ ဒီပွဲကို ယာယီသမ္မတဆိုသူ ရုပ်သေး မြင့်ဆွေ၊ ဒုသမ္မတဆိုသူ ဟင်နရီဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအမည်ခံ တီခွန်မြတ်တို့တက်ရောက်ခဲ့ပြီး ဒုစစ်ခေါင်းဆောင်စိုးဝင်း ၊ကာကွယ်ရေးဝန်ကြီးဆိုသူ ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ နိုင်ငံခြား…