Tag: တပ်ပေါင်းစု

  • KNDF၊ PIA၊ BPLA၊ CB၊ SAF၊ 96 Soldiers – PDF တို့ပါဝင်သည့် တော်လှန်ရေးတပ် (၁၉) ဖွဲ့ တပ်ပေါင်းစုဖွဲ့စည်း

    KNDF၊ PIA၊ BPLA၊ CB၊ SAF၊ 96 Soldiers – PDF တို့ပါဝင်သည့် တော်လှန်ရေးတပ် (၁၉) ဖွဲ့ တပ်ပေါင်းစုဖွဲ့စည်း

    RNA_ဒီဇင်ဘာ(၁၆)၊၂၀၂၅ခုနှစ်။

    နွေဦးတော်လှန်ရေး မဟာမိတ်တပ်ပေါင်းစုအဖြစ် KNDF၊ PIA၊ BPLA၊ CB၊ SAF၊ 96 Soldiers – PDF တို့ပါဝင်သည့် တော်လှန်ရေးတပ် (၁၉) ဖွဲ့ဖြင့် တပ်ပေါင်းစု (Spring Revolution Alliance – SRA) ဖွဲ့စည်းလိုက်သည်ဟု ဒီဇင်ဘာ (၁၅) ရက်နေ့မှာ အသိပေးထားသည်။

    မဟာမိတ်တပ်ပေါင်းစုတွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)၊ ချင်းညီနောင်(CB)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ 96 Soldiers PDF၊ ဗမာ့တပ်မတော် (BA)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး(BLDF)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ Force For Federal Democracy(FFD)၊ Generation Z Army (GZA)၊ ကလေးဒေသ တော်လှန်ရေးတပ်(KRF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MAGGWAY PDF)၊ မွန်ပြည်တော်လှန်ရေးတပ်(MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ် -ခမ်းကောင် (PNDF-KK)/ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ခမ်းဒေါင် (PPDF-KD)၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော် (SAGAING PDF)၊ ၊ ယောတပ်တော်(YA)နှင့် ယောကာကွယ်ရေးတပ်(YDF) တို့ဖြစ်သည်။

    (more…)

  • “အရောင်ကျပြီး ပြည်ထွက်ရုံ” ရှိတဲ့ ဆေးမြှီးတိုတွေ သုံးနေအုံးမှာလား NUG

    “အရောင်ကျပြီး ပြည်ထွက်ရုံ” ရှိတဲ့ ဆေးမြှီးတိုတွေ သုံးနေအုံးမှာလား NUG

    “ပြည်သူတွေရဲ့ “မဟာမိတ်တပ်ပေါင်းစု” ဆိုတဲ့တောင်းဆိုသံကို “အထွေထွေထိုးစစ်” ဆိုတဲ့ တုန့်ပြန်သံနဲ့ နှစ်သိမ့်ခဲ့ပေမယ့် ၅လ ကြာပြီးတဲ့အထိ တပ်ပေါင်းစုရော အထွေထွေထိုးစစ်ရော အစအနပေါ်မလာတော့ဘူး။ ပြည်သူလူထုမျှော်လင့်သလောက်တော့ တနိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့တွေကို တစုတစည်းတည်း စုပေါင်းထားနိုင်ပြီဆိုတဲ့ ဖော်ပြမှုမျိုးတော့ မတွေ့ရသေးဘူး”

    ရန်နိုင်

    “တော်လှန်ရေးအဖွဲ့အစည်းသာ ဆေးရုံတရုံဆိုရင်၊ တိုက်ပွဲတွေသာ ခွဲစိပ်ခန်းလိုမျိုးဆိုရင် ဆရာကြီး ဒေါက်တာ ဇော်ဝေစိုးတို့ ဆရာခင်မောင်လွင်တို့က တကယ့်ကိုထိရောက်တဲ့ ခေါင်းဆောင်တွေ ဖြစ်မှာပဲ” လို့ ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမာန်က ကိုသက်ထွေးနိုင်နဲ့ အင်တာဗျူးမှာပြောခဲ့တယ်။

    “တော်လှန်ရေးကို ဘယ်လိုလုပ်ရမလဲ (နိုင်အောင်တိုက်ရမလဲ) ဆိုတာကို ဘယ်တက္ကသိုလ်ကမှ သင်ပေးတာ မဟုတ်ဘူး” လို့ ဆလိုင်းယောမာန်ရဲ့ မှတ်ချက်အရ တော်လှန်ရေးအောင်မြင်ဖို့အချက်ထဲမှာ ပညာတက်ခြင်း ဆရာဝန်ဖြစ်ခြင်းက အရေးကြီးတဲ့ အကြောင်းအရာမဟုတ်ဘူးလို့ ပြောလိုရင်းဖြစ်တယ်။ ပညာရပ်ပိုင်းဆိုင်ရာနဲ့ ခံယူချက်ပိုင်းဆိုင်ရာမှာ လေးစားစရာအလွန်ကောင်းပေမယ့် တော်လှန်ရေးတခုလုံး အရွေ့ဖြစ်လာအောင် အောက်ခြေကို ဘယ်လိုချိတ်ဆက်ရမလဲဆိုတဲ့ အပိုင်းတွေမှာ ဒေါက်တာ ဇော်ဝေစိုး၊ ဆရာကြီး ခင်မောင်လွင်၊ ဦးကျော်နီတို့က အားနည်းချက် ရှိနေတယ်လို့ ဆိုထားပါတယ်။

    (more…)

  • ကျောင်းသားလူငယ်များပါဝင်သော တပ်သုံးတပ်ပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း

    ကျောင်းသားလူငယ်များပါဝင်သော တပ်သုံးတပ်ပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း

    RNA_ဒီဇင်ဘာ(၁၄)၊၂၀၂၄ခုနှစ်။

    မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ရေလာလေး စစ်ကောင်စီစခန်း ဝင်ရောက်တိုက်ခိုက်ရာတွင် ဦးဆောင်ခဲ့သော အမှတ် (၈) စစ်ကြောင်းတွင် ကျောင်းသားလူငယ်များပါဝင်သော ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA)၊ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) နှင့် ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF) တို့ ပူးပေါင်းထားသော စစ်ကြောင်းဖြစ်ကြောင်း သိရသည်။

    (more…)

  • ကယန်းအမျိုးသားတပ်မတော် (KNA) ဖွဲ့စည်း

    ကယန်းအမျိုးသားတပ်မတော် (KNA) ဖွဲ့စည်း

    RNA_အောက်တိုဘာ(၂၉)၊၂၀၂၄ ခုနှစ်။

    ကယန်းဒေသအတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများစုစည်း၍ ကယန်းအမျိုးသားတပ်မတော် (KNA) ကို ယနေ့ (အောက်တိုဘာ ၂၉ ရက်) တွင်ဖွဲ့စည်းကြောင်း ထုတ်ပြန်ထားသည်။

    လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသနှင့် အခြားကယန်းဒေသများရှိ ပြန့်ကျဲနေသော ကယန်းလက်နက်ကိုင်များကို တစုတစည်းတည်းပေါင်းစည်းထားသည့် ကယန်းအမျိုးသားတပ်မတော်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကို ပြည်ထောင်စုအစိုးရအဖြစ် အသိအမှတ်ပြုပြီး စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းရေးအတွက် ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်သည်ဟု ကယန်းအမျိုးသားတပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    #RedNewsAgency #RNA

  • ၁၀၂၇ စစ်ဆင်ရေးကို အတုယူကြ၊ စစ်ရေးအရှိန်မြှင့်တင်ကြ၊ လွတ်မြောက်ရေးအတွက် ရုန်းထွက်ကြ

    ၁၀၂၇ စစ်ဆင်ရေးကို အတုယူကြ၊ စစ်ရေးအရှိန်မြှင့်တင်ကြ၊ လွတ်မြောက်ရေးအတွက် ရုန်းထွက်ကြ

    “ရရာလက်နက်ဆွဲကိုင်ပြီး တော်လှန်ရေးကြသည့် အညာသူ အညာသားများကို စစ်ကောင်စီမည်သည့်အခါမျှ အနိုင်ယူနိုင်မည် မဟုတ်သော်လည်း လက်နက်ခဲယမ်းရှားပါးသည့် ပြဿနာကြောင့် တော်လှန်ရေးရဲဘော်များ၏ အသက်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များ ဆုံးရှုံးနေရသည်မှာ အားလုံးအသိ”

    လင်းယုန်

    တောင်ပိုင်းတိုင်းအတွင်း စစ်ရေးအရှိန်မြှင့်ပြီးတော့ အညာဒေသရှိ တော်လှန်ရေးအင်အားစုများကို နီးစပ်ရာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များနှင့် ပြည်သူများ၊ ဒေသခံတော်လှန်ရေးအင်အားစုများအချင်းချင်းနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနတို့မှ ဝိုင်းဝန်းကူညီ ပေးရန်လိုအပ်ပါသည်။

    အညာဒေသအတွင်းရှိ မြို့၊ ရွာတော်တော်များများသည် စစ်ကောင်စီ၏လွှမ်း မိုးမှုနှင့် အမျိုး၊ ဘာသာ၊ သာသနာကိုအကြောင်းပြပြီး ချုပ်ကိုင်ထိန်းချုပ်မှုအောက်တွင်နှစ်ပေါင်းများစွာကျင်လည် ဖြတ်သန်းလာခဲ့ကြသည့်ဒေသများဖြစ်သည်။ မင်းအောင်လှိုင်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်သူ့စစ်များ၊ ပျူစောထီးအမည်ခံ စစ်တပ်ထောက်ခံသူများနှင့် စစ်အုပ်စုများက အညာဒေသခံပြည်သူများကို ဒုက္ခ ပေါင်းစုံပေးပြီး ဖိနှိပ်တိုက်ခိုက်နေကြောင်းတွေ့ရသည်။

    စစ်ကိုင်းနှင့်အနီးစပ်ဆုံးတိုင်းရင်းသား လက်နက်ကိုင်များဖြစ်ကြသည့် ချင်း (CNF/CNA) နှင့် ကချင် (KIO/KIA)၊ မကွေးတိုင်းနှင့်အနီးစပ်ဆုံးနေရာ ရက္ခိုင့်တပ်တော်(ULA/AA)၊ ပဲခူးတိုင်းနှင့်အနီးစပ်ဆုံး (KNU/KNLA) တို့မှ ပူးပေါင်းပြီး တိုက်ပွဲအရှိန်မြှင့်ဖော်ဆောင်ရန်လိုအပ်ပါသည်။ ထိုနည်းတူ NUG ၏ ကာကွယ်ရေးဌာနဘက်မှလည်း လက်တွေ့ကူညီ စစ်ရေးမြှင့်တင်ရန် လိုအပ်ပါသည်။ ဒေသတွင်း တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ရုန်းထွက်ကြရန် လိုအပ်ပါသည်။

    People’s Defence Force – Salin ရဲဘော်များ

    (more…)

  • ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု ရှေ့လုပ်ငန်းစဉ်များကို ဥက္ကဌပြောကြား

    ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု ရှေ့လုပ်ငန်းစဉ်များကို ဥက္ကဌပြောကြား

    RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။

    ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု- Karenni Revolution Union – KRU ၏ ဖြတ်သန်းခဲ့ပုံ အဆင့်ဆင့် ၊ တပ်ရင်းဖွဲ့စည်းဖြစ်ပုံနှင့် ရှေ့လုပ်ငန်းစဉ်များကို KRU တပ်ပေါင်းစု ဥက္ကဌ ဦးကျော်ထက်မှ ယနေ့ ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=wV_sEfWsZno[/embedyt]

    Karenni Revolution Union (KRU) သည် ၂၀၂၃ ခုနှစ် ဧပြီလ (၇) ရက်နေ့က တပ်တည်ထောင်ခြင်း (၁) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ ကွဲပြားနေသော တော်လှန်ရေး အင်အားစု များကို ပေါင်းစည်း၍ တစ်သွေးတစ်သံ တစ်မိန့်တည်းအောက်တွင် စစ်ရေးများဖော်ဆောင်ရန်နှင့် လက်နက်အင်အား လူအင်အား ပိုမိုတောင့်တင်းနိုင်ရေးရည်ရွယ်ကာ ဖွဲ့စည်းတည်ထောင်ခြင်းဖြစ်ကြောင်း၊ ထပ်မံ၍ တပ်ပေါင်းစု အသွင်‌သဏ္ဍန်မှ KRU တပ်ရင်းသဏ္ဍန် သို့ ပြောင်းလဲ ကျင့်သုံးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

    Red News Agency