10
Oct
RNA_အောက်တိုဘာ(၁၀)၊၂၀၂၆ခုနှစ်။ စစ်အုပ်စုအတွက် ရေနံနှင့် လောင်စာဆီများ တင်သွင်းပေးနေသည့် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုမှ ပိုင်ရှင်ဖြစ်သူ ခရိုနီ ဦးသိန်းဝင်းဇော်၏ သမီးဖြစ်သူ မသိမ့်ဝင်းထက်အပေါ် အမေရိကန်အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားပေးခဲ့ကြောင်း အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက အောက်တိုဘာ (၉) ရက်တွင် ထုတ်ပြန်ခဲ့သည်။ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနှင့် ခရိုနီလုပ်ငန်းရှင် ဦးသိန်းဝင်းဇော်နှင့် မိသားစုကို အမေရိကန်အစိုးရက ၂၀၂၄ ခုနှစ်တွင် ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ ကျောင်းတက်ရောက်နေသည့် ၎င်းတို့၏ သမီးဖြစ်သူ မသိမ့်ဝင်းထက်လည်း အရေးယူခံရမှုစာရင်းတွင် ပါဝင်ခဲ့သည်။ ယခုကဲ့သို့ အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုများ ဖယ်ရှားခံရသူများထဲတွင် ၂၀၂၁ ခုနှစ်နောက်ပိုင်း စစ်အုပ်စုနှင့်ပတ်သက်ဆက်နွယ်နေသည့် လုပ်ငန်းရှင် (၅) ဦးအထိရှိလာပြီး ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်…