Bamar People’s Liberation Army – BPLA

ယနေ့ အတွက် စခန်းသိမ်းတိုက်ပွဲသတင်းနှင့် အခြားသတင်းများ

ယနေ့ အတွက် စခန်းသိမ်းတိုက်ပွဲသတင်းနှင့် အခြားသတင်းများ

RNA_ဖေဖော်ဝါရီ(၃)၊ ၂၀၂၅ခုနှစ်။ မွန်ပြည်နယ်က စခန်းသိမ်းတိုက်ပွဲနှင့်အတူ ပွင့်ဖြူမြို့နယ်သတင်းများ၊ PDF သင်တန်းဆင်းပွဲနှင့် စစ်မှုထမ်းသတင်းတို့ကို Red News Agency တင်ဆက်ထားခြင်းဖြစ်သည်။ #RedNewsAgency #RNA
Read More
အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

အညာဆင်းရန်ပြင်ဆင်နေသော BPLA နှင့် ကျောင်းသားလက်ရုံးတပ်တော် -SAF တို့ ပူးပေါင်းဆောင်ရွက်မည်

RNA_ဒီဇင်ဘာ(၁၀)၊၂၀၂၄ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) နှင့် ကျောင်းသားလက်ရုံးတပ်တော်(SAF) တို့ မကြာမီ စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုများ ရှိလာတော့မည်ဖြစ်ကြောင်း Student Armed Force - ကျောင်းသားလက်ရုံးတပ်တော် ဗဟိုကော်မတီဝင် ကိုမင်းဟန်ထက်က ပြောကြားထားသည်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသကို အခြေချသွားမည်ဖြစ်ကြောင်း၊ BPLA သည် NUG/MOD လက်အောက်ခံတပ်မဟုတ်ပေမဲ့ ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့များ အားလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ရန် အစဉ်တစိုက်ကြိုးစားသွားမည်ဟု မောင်ဆောင်းခက အောက်တိုဘာ ၂၈ ရက်နေ့တွင် လူမှုကွန်ရက်မှတဆင့် ပြောကြားထားသည်။ (more…)
Read More
၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း BPLA ရဲဘော် ၃ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရ

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း BPLA ရဲဘော် ၃ ဦး မြင့်မြတ်စွာကျဆုံးခဲ့ရ

RNA_ဇူလိုင်( ၁၇)၊ ၂၀၂၄ ခုနှစ်။   ညီနောင်မဟာမိတ်များနှင့်အတူ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲဘော်များ ပူးပေါင်းပါဝင် တိုက်ပွဲဆင်နွှဲနေရာတွင် ဇူလိုင်လ ၄ ရက်မှ ၁၆ ရက်နေ့အထိ ရဲဘော် (၃) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။   BPLA ၏ ထုတ်ပြန်ချက်အရ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) အတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့ ညနေက ရဲဘော်ကျော်မျိုးလှိုင် (ခ) ဗလကြီး၊ ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းက တပ်စုမှူး ရဲဘော် ဇော်သူရ…
Read More
စစ်ကောင်စီအတွက် ဆေးမမှီနိုင်တော့ပါ

စစ်ကောင်စီအတွက် ဆေးမမှီနိုင်တော့ပါ

"စစ်မြေပြင်မှာတော့ အောက်ခြေစစ်သားတွေဟာ တိုက်ရဲခိုက်ရဲပြီး တိုက်နိုင်ခိုက်နိုင်တဲ့ စိတ်ဓာတ်နဲ့ စွမ်းဆောင်ရည်တွေဟာ လုံးဝကို ပျောက်ဆုံးသွားကြပြီ ဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းသိမ်း တိုက်ပွဲတွေကို ခုခံကြတဲ့အခါမှာတော့ ရှုံးနိမ့်မှုတွေကိုပဲ ရင်ဆိုင်နေရပါတယ်" ကေဂျီ - Wiper ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဟာ ပြန်လည်စတင်လာခဲ့ပါပြီ။ ညီနောင်မဟာမိတ် ၃ ဖွဲ့အတွက် အောင်ပွဲတွေများစွာရရှိခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအကြိမ်အဖြစ် တစ်ကျော့ပြန် တိုက်ပွဲတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့တွေမှာ သာမကဘဲ မန္တလေးတိုင်းအတွင်းက မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေမှာပါ စတင်လာခဲ့တာဖြစ်ပါတယ်။ TNLA နဲ့အတူ မဟာမိတ်တွေ ပူးပေါင်းပါဝင်တိုက်ခိုက်လာပါတယ်။ ဒီလိုတိုက်ပွဲတွေ မစတင်ခင် လပိုင်းအလိုလောက်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းဟာ မကြာခင် ပြင်းထန်တဲ့ တိုက်ပွဲတွေ…
Read More
PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ မိုးမိတ်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေ

PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ မိုးမိတ်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေ

RNA_ဇွန်(၃၀)၊၂၀၂၄ ခုနှစ်။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ မိုးမိတ်စစ်မျက်နှာနှင့် အခြားစစ်မျက်နှာတို့တွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေကြောင်း ပြည်သူများကို ယနေ့ အသိပေးထားသည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုးမိတ်မြို့နယ်၊ မိုးကုတ်မြို့နယ်စသည်တို့တွင် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ် TNLA နှင့်အတူ PLA၊ MDY - PDF၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တို့ပူးပေါင်းပြီး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။ (more…)
Read More
ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

ဖာပွန်စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲများနှင့်ပတ်သက်ပြီး MOD ထုတ်ပြန် 

RNA_ဧပြီ(၂၆)၊၂၀၂၄ ခုနှစ်။  ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ဒေသအတွင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ ခမရ (၄၃၄)၊ ရဲစခန်းနှင့် ကာကင်းစခန်း၊ ခလရ (၁၉) တပ်ရင်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်သည့်ကိစ္စနှင့်ပတ်သက်ပြီး ယနေ့ ထုတ်ပြန်ထားသည်။  စစ်ကောင်စီ၏ ခမရ (၄၃၄) တပ်ရင်းအား ဧပြီလ (၂၅) ရက်နေ့က တောင်ပိုင်းစစ်ဒေသ (JOC)၊ အမှတ် (၂) စစ်ဒေသခွဲ ကွပ်ကဲမှုဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ Force For Federal Democracy (FFD)၊ ဗမာပြည်သူ့ လွတ်မြောက်ရေးတပ်တော် (BPLA) မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ဖာပွန်စစ်ဆင်ရေးကို ဖော်ဆောင်တိုက်ပွဲ ဝင်လျက်ရှိပြီး သိမ်းပိုက်နိုင်ခဲ့သည်။ (more…)
Read More
ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနား ပြုလုပ်

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် တည်ထောင်ခြင်း (၃) နှစ်ပြည့်အခမ်းအနား ပြုလုပ်

RNA_ဧပြီ(၁၇)၊၂၀၂၃ ခုနှစ်။ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တည်ထောင်ခြင်း (၃)နှစ်ပြည့်အခမ်းအနားကို အမှတ် (၁၀၇) စစ်ဒေသတွင် ယနေ့ (ဧပြီလ(၁၇)ရက်) နံနက်ပိုင်းက BPLA တပ်မှုးများ၊ ရဲဘော်များ၊ အပတ်စဥ်(၇) စုဆောင်းရေးရဲဘော်များ၊ မဟာမိတ်ခေါင်းဆောင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။ အခမ်းအနားတွင် တပ်တော်၏ကွပ်ကဲရေးမှုး ကိုဆောင်းခ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မဟာမိတ်ခေါင်းဆောင် များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဒုစစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲနှင့် အာရက္ခတပ်တော်(Arakan Army) အမှတ် (၉၀၉) စစ်ဒေသမှ စခန်းမှုး ဗိုလ်ကြီးကျော်ဇံတို့က မိန့်ခွန်းပြောကြားခဲ့သည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More
ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံ

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၃ခုနှစ်။   ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်−မန္တလေးလမ်းပေါ်ရှိ ညောင်ပင်သာရဲစခန်းသိမ်းတိုက်ပွဲ မှတ်တမ်းရုပ်သံကို ယနေ့ Royal Peacock Column - တော်၀င်ဒေါင်းစစ်ကြောင်းက ပြည်သူများကို အသိပေးထားသည်။   ယင်းစခန်းသိမ်းတိုက်ပွဲကို KNLA၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BPLA နှင့် ရိုးမ စစ်ကြောင်း (၁) အာဠာဝက စစ်ကြောင်းစသည့် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။ ရဲစခန်းအတွင်းမှ RPG ထိပ်ဖူး၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ တောင့်၊ ၆၀ မမဗုံးသီး ၂၇ ခု၊ G2…
Read More
တော်လှန်ရေးအလှည့်အပြောင်းကြီး လာတော့မလား

တော်လှန်ရေးအလှည့်အပြောင်းကြီး လာတော့မလား

"စစ်တပ်ဘက်က တပ်ရင်းတစ်ရင်းလုံး လက်နက်ချအလင်းဝင်ခဲ့တဲ့ ကာမိုင်းဒေသဆိုတာ ၁၉၇၁ ခုနှစ်က စစ်တပ်နဲ့ ဗကပ အဖွဲ့ အကြီးအကျယ်တိုက်ပွဲဖြစ်ပွားခဲ့ စစ်တပ်သမိုင်းတစ်လျှောက် ဂုဏ်အယူရဆုံးတိုက်ပွဲလို့ဆိုနိုင်မဲ့ ကွမ်းလုံရက်၄၀ တိုက်ပွဲဖြစ်ပွားခဲ့ရာဒေသ" ချမ်းမင်း ကွမ်းလုံမြို့နယ်၊ ကာမိုင်းဒေသရှိ စစ်ကောင်စီ ၏ ခလရ ၁၄၃ တပ်ရင်းတစ်ရင်းလုံးမြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ထံ အောက်တိုဘာလ ၃၀ ရက်နေ့က လက်နက်ခဲယမ်း အများအပြားဖြင့် အလင်းဝင်ရောက်ခဲ့တယ်ဆိုတဲ့ သတင်းတစ်ပုဒ်ကိုတွေ့ရပါတယ်။ မြေပြင်သတင်းတွေအရဆိုရင် အောက်တိုဘာလ၂၉ ရက်နေ့ညပိုင်းကတည်းက MNDAA က တာဝန်ရှိသူတွေနဲ့ ခလရ၁၄၃ တပ်ရင်းမှ တာဝန်ရှိသူတွေ နှစ်ဖက်ညှိနှိုင်းကြပြီး အခုလို လက်နက်ချအညံ့ခံခဲ့တယ်လို့ သိရပါတယ်။ ခလရ ၁၄၃ ရှေ့တန်းစခန်းက လက်နက်ချအလင်းဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတွေထဲ ဒုတပ်ရင်းမှူး တစ်ဦးအပါအဝင်တပ်ခွဲမှုး၂…
Read More
၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်နေ့အထိ စစ်ကောင်စီတပ် စခန်း ၈၇ ခုကျော်အား တိုက်ခိုက်သိမ်းပိုက်

၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်နေ့အထိ စစ်ကောင်စီတပ် စခန်း ၈၇ ခုကျော်အား တိုက်ခိုက်သိမ်းပိုက်

RNA_နိုတင်ဘာ(၁)၊၂၀၂၃ ခုနှစ်။ ညီ​နောင်မဟာမိတ် (၃) ဖွဲ့ ဦးဆောင်နေသည့် “Operation 1027” ၁၀၂၇ စစ်ဆင်ရေးသည် ယနေ့ (၆) ရက်မြောက်နေ့အထိ စစ်ကောက်စီတပ်စခန်း (၈၇) ခုကျော်အား သိမ်းဆည်းရမိပြီး ချင်းရွှေဟော်မြို့၊ ဖောင်းဆိုင်မြို့၊ သိန္နိမြို့တို့ကို ထိန်းချုပ်ထားကြောင်း သိရသည်။ ညီနောက်မဟာမိတ် ရဲဘော်များက စစ်ကောင်စီ၏ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသရှိ “မန်တုံပတပ်စခန်း”၊ ကွတ်ခိုင်မြို့နယ်၊ မိုင်းယု- နမ့်ဖတ်ကာကြားရှိ“ရင်ကွဲတောင်တပ်စခန်း”၊ မူဆယ်-နမ့်ခမ်းမြို့အဝင်တွင်ရှိသော စစ်ကောင်စီနှင့် ပြည်သူ့စစ် ပူးပေါင်းအခြေစိုက် “မန်ခမ်းတပ်စခန်း” အား ယနေ့ ထပ်မံတိုက်ခိုက် သိမ်းပိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။ (more…)
Read More