Tag: မန္တလေး

  • တစ်လပြည့်သော်လည်း ပြည်သူများ ငလျင်ဒဏ်ခံစားနေရ

    တစ်လပြည့်သော်လည်း ပြည်သူများ ငလျင်ဒဏ်ခံစားနေရ

    RNA_ဧပြီ(၂၈)၊၂၀၂၅ခုနှစ်။

    မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး တစ်လပြည့်ပြီဖြစ်သော်လည်း ငလျင်အသေးစားများ ထပ်မံလှုပ်ခတ်မှုအပြင် အင်းအားပြင်းငလျင်လှုတ်ခတ်ခဲ့သည့်အချိန်က ထိခိုက်ပျက်စီးမှုများ၊ ဆုံးရှုံးမှုများစသည့် ဒုက္ခများသည် ယနေ့အထိ ဆက်လက်ခံစားနေကြရသည်။

    ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်၌ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အလွန်အင်အားပြင်း ရစ်ချ်တာစကေး ၇ ဒသမ ၇ ပမာဏရှိ ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် ရှေးဟောင်းအမွေအနှစ်များ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် လူနေအဆောက်အဦများစွာ ပျက်စီးခဲ့ရပြီး ဧပြီလ ၂၈ ရက်နေ့အထိ သေဆုံးသူ ၄၀၀၀ ဝန်းကျင် ရှိခဲ့သည်။

    (more…)

  • ငလျင်ဘေးကြောင့် အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ/သား (၂၀) အပါအဝင် (၃၀) ထက်မနည်းသေဆုံး

    ငလျင်ဘေးကြောင့် အိုးဘိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ/သား (၂၀) အပါအဝင် (၃၀) ထက်မနည်းသေဆုံး

    RNA_ဧပြီ(၂၀)၊၂၀၂၅ခုနှစ်။

    မန္တလေးမြို့၊ အိုးဘိုအကျဉ်းထောင်တွင် မတ်လ (၂၈) ရက်နေ့က လှုပ်ခတ်ခဲ့သော် ငလျင်ဘေးကြောင့် နိုင်ငံရေးအကျဉ်းသား (၁၀)ဦး၊ နိုင်ငံရေးအကျဉ်းသူ (၁၀) ဦးတို့အပါအဝင် အကျဉ်းသူ/အကျဉ်းသား စုစုပေါင်း (၃၀) ဦးထက်မနည်းသေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၂၈၀) ဦးကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများနှင့် သက်ဆိုင်သော အဖွဲ့အစည်း (၇) ဖွဲ့က ယနေ့ ထုတ်ပြန်ထားသည်။

    စစ်ကိုင်းငလျင်ကြေင့် စစ်ကိုင်း၊ မန္တလေး၊ နေပြည်တော်နှင့် အင်းလေးဒေသစသည်တို့တွင် ထိခိုက်ပျက်စီးမှုများစွာရှိခဲ့သော်လည်း စစ်ကောင်စီက ဧပြီလ ၁၄ ရက်နေ့တွင် ငလျင်ကြောင့် ဆုံးသူ (၃၇၀၆) ဦး၊ ဒဏ်ရာရရှိသူ (၅၀၂၇) ဦးနှင့် ပျောက်ဆုံးသူ (၁၃၀) ဦးရှိသည်ဟု ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီထုတ်ပြန်ချက်ထက်ပိုများနိုင်ပြီး၊ အိုးဘိုထောင်တွင်းနှင့်ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်းမရှိကြောင်း တွေ့ရှိရသည်။

    (more…)

  • ငလျင်ဘေးသင့်သူများ ဘောလုံးကွင်းအတွင်း ယာယီတဲထိုးနေကြရ

    ငလျင်ဘေးသင့်သူများ ဘောလုံးကွင်းအတွင်း ယာယီတဲထိုးနေကြရ

    RNA_ဧပြီ(၂)၊၂၀၂၅ခုနှစ်။
     
    မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ငယ်တိုးကျေးရွာအုပ်စု၊ ဆင်ကာကျေးရွာတွင် ငလျင်ဘေးသင့်ပြည်သူများအနေဖြင့် ကျေးရွာ ဘောလုံးကွင်းအတွင်း ယာယီတဲထိုးနေရသည့်အခြေအနေများကိုယနေ့ တွေ့မြင်ခဲ့ရသည်။
     
    ငလျင်ဘေးသင့်သူများအနေဖြင့် လိုအပ်ချက်များစွာရှိသော်လည်း အုပ်ချုပ်ရေးမှူးများက ထိန်းချုပ်ထားကြောင်း၊ ယာယီနေထိုင်သူများကို တစုတစည်းတည်းဖြစ်အောင် လုပ်ဆောင်ပေးမည်ဟု ပြောထားသော်လည်း ယနေ့အချိန်ထိ ကိုယ့်အစီအစဉ်ဖြင့် လုပ်ဆောင်နေထိုင်ကြရသည်ဟု သိရသည်။
     
    #RedNewsAgency #REDNEWS #RNA #Earthquake2025 #Burma #Myanmar #earthquake #Sinkar
  • စစ်ကိုင်း ဗလီ ၃ လုံးပြိုကျမှုအတွင်း အစ္စလာမ်ဘာသာဝင် ၂၄၀ ခန့် သေဆုံးနိုင်

    စစ်ကိုင်း ဗလီ ၃ လုံးပြိုကျမှုအတွင်း အစ္စလာမ်ဘာသာဝင် ၂၄၀ ခန့် သေဆုံးနိုင်

    RNA_မတ်(၃၁)၊၂၀၂၅ခုနှစ်။
    စစ်ကိုင်းမြို့ရှိ ဗလီ ၃ လုံး ငလျင်လှုပ်ခဲ့သည့်နေ့က ပြိုကျမှုအတွင်း အစ္စလာမ်ဘာသာဝင် ၂၄၀ ခန့် သေဆုံးနိုင်ပြီး စစ်ကိုင်းမြို့တွင် အလောင်း ၃၀၀ ကျော် ရှာဖွေတွေ့ရှိထားပြီဟု ရှာဖွေကယ်ဆယ်ရေးလုပ်သူများနှင့် ဒေသခံများထံမှ သိရသည်။
    အစ္စလာမ်ဘာသာဝင်များ၏ နေ့ထူးနေ့မြတ် သောကြာ (ဂျူမူအာဟ်) စုပေါင်းဝတ်ပြုနေကြချိန် မတ်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်း မြေငလျင်လှုပ်ခတ်ခဲ့သည့်အတွက် စစ်ကိုင်းမြို့မှ မြို့မဗလီ၊ မြို့တော်ဗလီနှင့် မိုယ်းကျဂျာမေ့အ်ဗလီတို့ ပြိုကျခဲ့ရသည့်အတွက် ဝတ်ပြုဆုတောင်းနေကြသည့် အစ္စလာမ်ဘာသာဝင်များ အသက်ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
    ရာသီဥတုပူပြင်းနေသည့်အတွက် စစ်ကိုင်းမြို့ ငလျင်ဘေးကြောင့် ပြိုကျပျက်စီးနေသည့် အဆောက်အဦများအတွင်းမှ အပုတ်နံ့များပါ ထွက်နေပြီဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြသော်လည်း ပိတ်မိနေသူများမှာ ၇၂ နာရီကျော်ပြီဖြစ်သည့်အတွက် မသေဆုံးသင့်သော်လည်း သေဆုံးသူများရှိနိုင်သည်ဟု ဒေသခံများထံမှ သိရသည်။
    မန္တလေးဘက်မှ စစ်ကိုင်းဘက် ကူညီကယ်ဆယ်ရေးသွားသူများကို စစ်ကိုင်းတံတားရှိ စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်မှ အစစ်အဆေးကြမ်းပြီး ကယ်ဆယ်ရေးလုပ်မည့်သူများ ခွင့်ပြုချက်ပါမှ (အစီအမံဖြင့် ညွန်ကြားသည့်နေရာများသာ) သွားရမည်ဟု ပြောကြားမှုများရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကူညီကယ်ဆယ်ရေးသမားတစ်ဦးက ပြောပြထားသည်။
    #RedNewsAgency #RNA #RedNews
  • ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

    ငလျင်ကြောင့် သေဆုံးသူ တစ်သောင်းမှတစ်သိန်းကြားရှိနိုင်ဟု အမေရိကန်ခန့်မှန်း

    RNA_မတ်(၂၉)၊၂၀၂၅ခုနှစ်။

    မြန်မာနိုင်ငံတွင် မတ်လ ၂၈ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ဝန်းကျင်တွင် စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အင်အား ၇.၇ ပမာဏရှိ အလွန်အင်အားပြင်း ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် အမေရိကန်အစိုးရ ဘူမိဗေဒ စစ်တမ်း (USGS) ထုတ်ပြန်ချက်အရ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀,၀၀၀ မှ ၁၀၀,၀၀၀ ကြားရှိနိုင်သည်ဟု သိရသည်။

    အဆိုပါ ငလျင်သည် မြေအောက်အနက် ၁၀ ကီလိုမီတာတွင် ဗဟိုပြု၍ လှုပ်ခတ်ခဲ့သည့် ဇောက်တိမ်အမျိုးအစား ငလျင်ဖြစ်ပြီး မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်းနှင့် တရုတ်နိုင်ငံတို့တွင် သက်ရောက်မှုများ ရှိခဲ့ကြောင်း၊ ပထမကြိမ်ငလျင်လှုပ်ခတ်ပြီး ၁၂ မိနစ်ခန့်အကြာ စစ်ကိုင်းမြို့၏ တောင်ဖက် ၁၈ ကီလိုမီတာခန့်အကွာ အင်းဝဒေသ၊ တံတားဦးလေဆိပ်အနီးတွင် ဗဟိုပြု၍ အင်အား ၆.၄ ဖြင့် အသင့်အတင့် အင်အားပြင်းသည့် ငလျင်တစ်ခု ထပ်မံလှုပ်ခတ်ခဲ့ပါသည်ဟု NUG က ထုတ်ပြန်ထားသည်။

    (more…)

  • ရန်ကုန်မြို့မှာ စက်သုံးဆီ ရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရ

    ရန်ကုန်မြို့မှာ စက်သုံးဆီ ရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရ

    RNA_ဩဂုတ်(၁၇)၊၂၀၂၄ ခုနှစ်။
    စစ်ကောင်စီ၏ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် စီးပွားရေးအဆမတန်ကျဆင်းကာ ရန်ကုန်မြို့တွင် စက်သုံးဆီရှားပါးပြတ်လပ်မှု ဆိုးဆိုးရွားရွား ကြုံတွေ့နေရပြီး ညအိပ်တန်းစီနေရသည့်အနေအထားများနှင့်ပါ ကြုံတွေ့နေရသည်ဟု ရန်ကုန်မြို့ခံများထံမှ သိရသည်။
    ရန်ကုန်နှင့် နေပြည်တော်တို့တွင် ဩဂုတ်လဆန်းပိုင်းမှစတင်ကာ စက်သုံးဆီပြတ်လပ်မှုများ ကြုံတွေ့နေရသည်မှာ ယနေ့ ဩဂုတ်လ ၁၇ ရက်နေ့အထိ ပြတ်လပ်နေကြောင်း၊ မြို့ပြင်စက်သုံးဆီ အရောင်းဆိုင်များတွင်လည်း အကန့်အသတ်နှင့် ရောင်းချပေးမှုများရှိနေသည်ဟု သိရသည်။

    (more…)

  • သပိတ်ကျင်းမြို့နယ်ရှိ ခလရ ၁၄၈ တပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

    သပိတ်ကျင်းမြို့နယ်ရှိ ခလရ ၁၄၈ တပ်စခန်းကို မန္တလေး PDF တိုက်ခိုက်သိမ်းပိုက်

    RNA_ဩဂုတ်(၁၀)၊၂၀၂၄ ခုနှစ်။
     
    မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာ တပ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲဘော်များက ထပ်မံသိမ်းပိုက်ရရှိခဲ့သည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

     

    သပိတ်ကျင်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲဘော်များ သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ်စခန်းများမှာ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။
     
    #RedNewsAgency

  • မန္တလေးသားတို့ရဲ့ ပြည်တော်ဝင် အိပ်မက်

    မန္တလေးသားတို့ရဲ့ ပြည်တော်ဝင် အိပ်မက်

    “ကနောင် ဆိုတဲ့အမည်နာမဟာ ကုန်းဘောင်ခေတ် မန္တလေးနဲ့နိုင်ငံအတွက် ရဲစွမ်းသတ္တိပြည့်စွာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဆောင်ခဲ့တဲ့ ကနောင်မင်းသားကြီးရဲ့ အမည်ကို အစွဲပြုကာ သတ်မှတ်ခဲ့တဲ့စစ်ဆင်ရေးတစ်ခုဖြစ်ပြီး အဆိုပါ အမည်နာမကိုအသုံးပြုခဲ့တဲ့ မန္တလေး PDF အနေဖြင့် ဘယ်လောက်ထိ ကိုယ့်မြို့ကိုယ့်ရွာကိုချစ်လဲဆိုတာကို သိသာစေပါတယ်”

    ချမ်းမင်း – Wiper

    ရှမ်းမြောက်က တစ်ကျော့ပြန်စစ်ပွဲတွေနဲ့အတူ ပြည်သူတွေကြား ရေပန်းစားလာတဲ့ တော်လှန်ရေးတပ်ဖွဲ့ တစ်ခုရှိပါတယ်။ အဲ့တပ်ဖွဲ့ကတော့ မန္တလေးPDF ပါ။ မန္တလေးPDF ဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြားသော PDF တပ်ဖွဲ့တွေကဲ့သို့ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေထံ စစ်ပညာသင်ကြားပြီးဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တစ်ခုဖြစ်ပြီး တော်လှန်ရေးအစောပိုင်းကာလတစ်လျှောက်လုံးမှာ ခြေသံလုံလုံ၊သတင်းလုံလုံနဲ့ ပြင်ဆင်မှုတွေများစွာပြုလုပ်ခဲ့တဲ့ တပ်ဖွဲ့တစ်ခုလို့ဆိုနိုင်ပါတယ်။

    တော်လှန်ရေး အစောပိုင်းကာလက တောင်ပိုင်းက တော်လှန်ရေးတပ်ဖွဲ့တွေ၊ ကရင်နီကလူငယ်တွေနဲ့ဖွဲ့စည်းထားတဲ့ တပ်ဖွဲ့တွေ၊ ချင်းပြည်နယ်က တူမီးနဲ့စခဲ့တဲ့ တိုင်းရင်းသားညီကိုတွေရဲ့ ရွပ်ရွပ်ချွံချွံတိုက်ခိုက်မှုတွေ၊ ခုခံမှုတွေကို တောက်လျှောက်မြင်တွေ့ခဲ့ရတဲ့ ပြည်သူတွေဟာ ရှမ်းမြောက်က မန္တလေး PDF ဆိုတဲ့တပ်ဖွဲ့ကို ၂၀၂၂ ခုနှစ်အလယ်ပိုင်းလောက်မှာသာ စတင်သတိပြုမိတယ်လို့ဆိုနိုင်ပါတယ်။ ထိုစဥ်က NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့လက်အောက် မန္တလေး PDF ရဲ့ သင်တန်းဆင်းပွဲဆိုတဲ့ video file တစ်ခုတက်လာပြီး တကယ့်စစ်ပုံကျတဲ့ စစ်ရေးပြတွေ၊ ရဲဘော်တိုင်းမှာ လက်နက်ကိုယ်စီနဲ့ ညီညာစွာ စစ်ရေးပြသွားတာတွေကို အခုထိမှတ်မိနေဆဲပါ..။

    အဲ့ဒီ Video file လူမူကွန်ယက်ပေါ်ပျံ့နှံ့လာပြီးနောက်ပိုင်းကစလို့ မန္တလေးPDF ဟာ မဟာမိတ်ညီနောင်တပ်ဖွဲ့တွေ နဲ့ပူးပေါင်းပြီး ခပ်စိပ်စိပ်နဲ့ စစ်ရေးလှုပ်ရှားမှုတွေပြုလုပ်လာခဲ့တာကိုလည်း သတိထားမိခဲ့ပါတယ်။ ပထမဦးဆုံးအနေနဲ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့မှ ဩဂုတ်လ၃၀ ရက်နေ့အထိ မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ရှမ်းပြည်နယ်နောင်ချိုမြို့နယ်တွေမှာ စစ်ကောင်စီတပ်တွေနဲ့ မန္တလေး PDF တပ်ဖွဲ့ကြား ထိတွေ့မှုတွေစတင်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းဗုံးကြဲမှုတွေ၊ လက်နက်ကြီးနဲ့ အလွန်အကျွံအသုံးပြုတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တဲ့ကြားမှ စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဆယ်ကျော်ကိုရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

    (more…)

  • မြေပြန့်ဒေသရဲ့ မဟာဗျူဟာထိုးစစ်နဲ့ မန္တလေးသားတို့ရဲ့ စစ်ရေးအားကောင်းလာမှု

    မြေပြန့်ဒေသရဲ့ မဟာဗျူဟာထိုးစစ်နဲ့ မန္တလေးသားတို့ရဲ့ စစ်ရေးအားကောင်းလာမှု

    “နောင်ချိုမြို့ဟာ စစ်ရှုံးကောင်စီရဲ့ စစ်တက္ကသိုလ်တည်ရှိရာ မန္တလေးတိုင်းရဲ့ ပြင်ဦးလွင်မြို့နဲ့ ဆိုရင် ကားလမ်းခရီး တစ်နာရီခန့်စာလောက်သာ အကွာအဝေးရှိတော့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မန္တလေး PDF အပါအဝင် ဒေသခံ PDF တပ်ရင်း၊ ဗျူဟာတွေရဲ့ တိုက်ခိုက်သိမ်းပိုက်မှုတွေဟာလည်း မန္တလေးတိုင်းအတွင်းက မြို့နယ်တချို့မှာ အားကောင်းစွာ တွေ့မြင်နေရပြန်ပါတယ်”

    ကေဂျီ – Wiper

    တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ ပြည်နယ်အသီးသီးက အားကောင်းတဲ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်မှုတွေဟာ ကျွန်တော်တို့လို တော်လှန်ပြည်သူအားလုံးကို များစွာကျေနပ်အားရစေမှာ ဖြစ်ပါတယ်။ ဒီလို အားရကျေနပ်မှုတွေထဲမှာမှ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းမှာ အရှိန်အဟုန်အပြင်းပြင်းနဲ့ ပါဝင်လာခဲ့တဲ့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် – MDY PDFနဲ့ မဟာမိတ်တပ်တွေရဲ့ မန္တလေးတိုင်းအတွင်း ဖော်ဆောင်လာတဲ့ စစ်ဆင်ရေးတွေကြောင့် တော်လှန်ရေးကာလအတွင်း မြေပြန့် တိုင်းဒေသတစ်ခုရဲ့ တော်လှန်အောင်မြင်မှုကို တွေ့မြင်လာပြီမို့လွန်စွာ ကျေနပ်အားရ ဖြစ်နေရပါတယ်။

    အခု စစ်ဆင်ရေး အားကောင်းလာမှုတွေကတော့ မေလ ၁၄ ရက်နေ့က မကွေးတိုင်း ကွပ်ကဲရေးရုံးဦးစီး ကျင်းပတဲ့ အကြပ်သင်တန်းဆင်းပွဲ အပတ်စဉ် ၂ မှာ NUG အစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ရဲ့ ပေးပို့တဲ့ သဝဏ်လွှာမှာ မြေပြန့်ဒေသမဟာဗျူဟာ ထိုးစစ်ဟာ မကြာခင် စတင်လာတော့မယ်ဆိုတာရဲ့ အစခြေလှမ်းတွေများ ဖြစ်နိုင်လားလို့လည်း တွေးမိနေပါတယ်။

    (more…)

  • စဉ့်ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိသည်ဟု မန္တလေး PDF ထုတ်ပြန်

    စဉ့်ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ရရှိသည်ဟု မန္တလေး PDF ထုတ်ပြန်

    RNA_ဇူလိုင်(၃)၊၂၀၂၄ ခုနှစ်။

    ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) နှင့်အတူ စဉ့်ကူးမြို့နယ်တွင်လည်း စစ်ဆင်ရေးများကို ဟန်ချက်ညီညီဖော်ဆောင်လျက်ရှိသော ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များသည် စဉ့်ကူးမြို့နယ်အတွင်းရှိ ဒိုးနွယ်ရွာ တပ်စခန်း၊ နမ့်ဟပ်ရွာ တပ်စခန်း၊ မာလဲဆည် ရှင်းလင်းဆောင် တပ်စခန်း၊ ရွှေမာလဲစေတီ တပ်ခစန်း၊ ရွာတော်လေး တပ်စခန်း နှင့် နွယ်ရုံ ရဲစခန်းတို့ကို အပြီးသတ်သိမ်းပိုက်ထားသည်ဟု ယနေ့ ထုတ်ပြန်ထားသည်။


    စဉ့်ကူးစစ်ဆင်ရေးနယ်မြေအတွင်း ထပ်မံသိမ်းပိုက်ထားသည့် စစ်ကောင်စီတပ်စခန်းများမှ လက်နက်မျိုးစုံ (၄၀)ကျော်နှင့် ခဲယမ်းအများအပြားသိမ်းဆည်းရမိထားပြီး စစ်သုံ့ပန်း (၁၃) ဦးခန့်ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ စဉ့်ကူးစစ်ဆင်ရေးများတွင်စဉ့်ကူးမြို့နယ် ပကဖ မှလည်း ထောက်ပို့ဆိုင်ရာကိစ္စရပ်များတွင် ပံ့ပိုးကူညီပေးလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။

    (more…)