12
Oct
RNA_အောက်တိုဘာ(၁၂)၊၂၀၂၆ခုနှစ်။ အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC) အဖွဲ့ဝင်များဖြစ်သည့် ဒေါက်တာတေဇာဆန်း၊ ကိုထက်မြက်အောင်နှင့် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) မှ ကိုနန်းလင်းတို့ကို ရဲရင့်မှုနှင့် တာဝန်ယူဆိုင်ရာ နိုင်ငံတကာဆု ချီးမြှင့်ကြောင်း Forum 2000 ဖောင်ဒေးရှင်းက အောက်တိုဘာ (၁၁) ရက် ညနေပိုင်းတွင် ထုတ်ပြန်ထားသည်။ ရဲရင့်မှုနှင့် တာဝန်ယူမှုဆိုင်ရာဆုရရှိသူများထဲတွင် ၂၀၂၅ ဒီဇင်ဘာလအတွင်းက စစ်အုပ်စု၏ မတရားဖမ်းဆီးမှုကို ခံထားရပြီး ၂၀၂၆ ဇန်နဝါရီလအတွင်း၌ ထောင်ဒဏ် (၃၇) နှစ် ချမှတ်ခံထားရသည့် ရတနာပုံတက္ကသိုလ်ကျောင်းများသမဂ္ဂ ဥက္ကဋ္ဌဟောင်း ကိုထက်မြက်အောင်လည်း ပါဝင်ခဲ့သည်။ ယခုကဲ့သို့ Forum 2000 နိုင်ငံတကာဆု ချီးမြှင့်ခံရမှုသည် မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း စစ်အုပ်စု ဆန့်ကျင်ရေး၌…