09
Nov
RNA_နိုဝင်ဘာ(၉)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်နှင့် အင်းတော်မြို့နယ်တို့၌ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများ၌ စစ်အုပ်စုဘက်မှ တပ်သားသစ်စုဆောင်းခံရသူများအပါအဝင် (၇၉) ဦး သေဆုံးခဲ့ပြီး (၂၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော် (အထူးလှုပ်ရှားတပ်မ) က နိုဝင်ဘာ (၈) ရက်တွင် ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် အောက်တိုဘာ (၄) ရက်က ထီးချိုင့်မြို့နယ် တုံလုံကျေးရွာ၌ တပ်စွဲထားသည့် စစ်အုပ်စုစခန်းတစ်ခုကို အထူးလှုပ်ရှားတပ်မ လက်အောက်ခံ အမှတ် (၆၆၂) နည်းဗျူဟာနှင့် ကသာခရိုင်တပ်ရင်း (၃) တို့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ (more…)