Tag: ပြင်ဦးလွင်
-

တရုတ်ကျေးဇူးနဲ့ ဖုန်ရှုနေရတဲ့ မင်းအောင်လှိုင်နဲ့တပ်လော်ဘီများ
RNA_ဧပြီ(၂၇)၊၂၀၂၅ခုနှစ်။“ပြင်ဦးလွင်တပ်နယ်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ မင်းအောင်လှိုင်က လားရှိုးမြို့အတွင်း တပ်နေရာချရေးကိစ္စမှာ တရုတ်ကိုယ်စားလှယ်ဦးဆောင်နေတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး တပ်တွင်းမကျေနပ်မှုများ ဖြစ်ပေါ်တာကြောင့် တရုတ်မကောင်းကြောင်းမပြောရန်နဲ့ ကျေးဇူးရှင်ကို စော်ကားမှုမပြုလုပ်ရန် မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်”#RedNewsAgecny #RedNews #RNA -

သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းသိမ်း တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၂၁) ဦးသေဆုံး
RNA_ဧပြီ(၁၇)၊၂၀၂၄ ခုနှစ်။
ရှမ်းမြောက်၊ နောင်ချိုမြို့နယ် သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) မှ တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီတပ်သား အလောင်း (၂၁) လောင်းနှင့် လက်နက်ငယ် (၄၀)ကျော်၊ ၆၀မမ (၂)လတ်၊ Drone Jammar (၁)ခု၊ ခဲယမ်းအမြောက်အများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲဘော်များသည် ဧပြီလ (၁၅) ရက်နေ့က သရက်ကုန်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း၊ ဧပြီလ ၁၄ ရက်နေ့ကလည်း ပြင်ဦးလွင်မြို့ရှိ DSA ကျောင်းအား ရှော့တိုက်ဒုံးအလုံး (၂၀) ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ထားသည်။
-

စစ်မြေပြင်မှာ အသက်တမျှအရေးကြီးတဲ့ အမိန့်နာခံမှုနဲ့ နေပြည်တော်မှာ ပြေးပေါက်ရှာနေတဲ့ စစ်ရာဇဝတ်ကောင်များ
“စစ်ကောင်စီဟာ မန္တလေးကို ကာကွယ်နိုင်ဖို့ ပြင်ဦးလွင်မြို့အထွက်မှာ သင်တန်းတက်နေတဲ့ စစ်သားတွေကို စီမံချက်နဲ့ ကာကင်းသဘောမျိုး စောင့်ခိုင်းတာတွေ လုပ်နေတယ်လို့ တပ်တွင်းသတင်းတွေကနေ သိရပါတယ်။ နေပြည်တော်ကို ကာကွယ်နိုင်ဖို့အတွက် မန္တလေးဟာ စစ်ကောင်စီအတွက် နောက်ဆုံးခံတပ်ပုံစံဖြစ်နေပါပြီ”
မောင်ဝိ
၂၀၂၄ ခုနှစ်ရဲ့ နှစ်သစ်မှာ တော်လှန်ရေးက အားအကောင်းဆုံးလို့ ပြောလို့ရသလို တော်လှန်ပြည်သူတွေအတွက်လည်း အားတက်စရာသတင်းတွေဆက်တိုက်ဆိုသလို ကြားနေရပါတယ်။ ဇန်နဝါရီလ ၂ ရက်နေ့မှာ Mandalay (PDF) နဲ့ TNLA တို့ပူးပေါင်းပြီး “တောင်သမန် စစ်ဆင်ရေး”နဲ့ နောင်ချိုမြိုနယ် သံဘိုကျေးရွာရှိ စစ်ကောင်စီအခြေစိုက်စခန်းအား ဝင်ရောက် စီးနင်းတိုက်ခိုက်ခဲ့ပါတယ်။
ဇန်နဝါရီလ ၃ ရက်နေ့ မနက်ပိုင်းမှာတော့ သံဘိုကျေးရွာစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ပြီး၊ စစ်ကောင်စီရဲ့ ဒုတိယဗိုလ်မှူးကြီး သက်အောင်ကို ဖမ်းဆီးရမိသလို၊ စစ်တပ်ရဲ့ Drone Jammer စက်အကြီးအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့တာဖြစ်တယ်။ သံဘို စစ်ကောင်စီရဲ့ကာကင်းစခန်းကိုသိမ်းပိုက်ရရှိချိန်မှာ ထူးခြားချက်တချို့တွေ့ရှိရတယ်။
ဒါကတော့ ဖမ်းဆီးရမိချိန် ယူနီဖောင်းတွေမှာ စစ်ကောင်စီရဲ့ ခြေလျင်ခြေမြန်ဘက်ရယ်လို့ သေချာမတွေ့ရဘဲ လက်မောင်းဘက်တွေဟာ ကက (ယာ)၊ကက (ပြည်)၊ ကက(လျှပ်)၊ ကက(ဆက်)၊ ကက(ဆေး) စတဲ့ လက်ရုံးတပ်ဘက်တံဆိပ်တွေကို စုပေါင်းမြင်ရပြီး တိုင်းစစ်ဌာနချုပ်၊ တပ်မ ၁၁ နဲ့ အရံမီးသတ် ဘက်တံဆိပ်တွေလည်း တွေ့ရှိရတယ်။

စစ်ကောင်စီရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ)ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ သံဘိုကာကင်းစခန်းရဲ့အခြေအနေကိုကြည့်ပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ် ခြေလျင်ခြေမြန်တွေ မရှိတော့ဘူးလားလို့တောင် မြင်မိပါတယ်။ စစ်ဌာနချုပ်ကို ကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ ကာကင်းစခန်းဟာ ဘယ်လောက်အရေးကြီးတယ်ဆိုတာ အားလုံး ရိပ်မိမယ် ထင်တယ်ပါတယ်။
အခုလို တိုက်ခိုက်ခံရတာနဲ့ပတ်သတ်ပြီး “ပြင်ဦးလွင် – မိုးကုတ်လမ်းရှိ နောင်ချိုမြို့ နယ်၊ သံဘိုရွာနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ဆီးဖြူရေရွာနဲ့ဆက်စပ်ရွာတွေနားမှာ TNLA/MDY PDF ခန့်မှန်းအင်အား ၈၀၀ နီးပါးလောက် လှုပ်ရှားနေတာ ကြာပါပြီ၊ ရှေ့ဆက်သွားရင် ဟိုခိုရွာဝန်းကျင်ဆို ပိုဆိုးတယ်လို့ စစ်တပ်လော်ဘီတွေ ဘက်ကနေ သတိပေးပြောဆိုထားပါတယ်။ လက်ရှိ သိမ်းပိုက်ရရှိထားတဲ့ သံဘိုစစ်စခန်းဟာ စစ်ကောင်စီရဲ့ DSA ဗိုလ်သင်တန်းကျောင်း အခြေစိုက်ရာ ပြင်ဦးလွင်မြို့နဲ့ ၁၅ မိုင်ဝန်းကျင်သာ ဝေးပါတော့တယ်။
-

စစ်ကောင်စီဟာ ရှမ်းမြောက်နဲ့ ရှမ်းရှေ့ကို အဆုံးရှုံးခံပြီး မန္တလေးကို ခံစစ်တည်တော့မလား
“သိပ်မကြာခင်အချိန်မှာပဲ ပြင်ဦးလွင် ဒါမှမဟုတ် နောင်ချိုဟာ စစ်ကောင်စီအတွက် ရှေ့တန်းခံစစ်ဖြစ်လာနိုင်ပြီး မန္တလေးကတော့ နေပြည်တော်အတွက် ဒုတိယခံစစ်ဖြစ်လာနိုင်တဲ့ အခြေအနေဖြစ်ဖို့ ရာခိုင်နှုန်းများနေပါပြီ”
လှဆောင်
ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ပြောင်မြောက်တဲ့ဗျူဟာကြောင့် ဗိုလ်မင်းအောင်လှိုင်တို့တစ်သိုက် နေပြည်တော်မှာ ခေါင်းမီးတောက်နေမယ်ဆိုတာ ပြေးကြည့်စရာမလိုပါဘူး။ ရုပ်ရှင်ကားတွေထဲကလို မြေပုံကြီးတွေ၊ ပုံစံငယ်အရုပ်လေးတွေနဲ့ ဟိုထောက်ဒီထောက်လုပ်ရင်း အလုပ်လည်း ရှုပ်နေမယ်ဆိုတာလည်း အသေအချာပါ။
ညီနောင် ၃ ဖွဲ့ဘက်ကလည်း ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်တဲ့အချိန် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ရေးအရှိန်မြှင့်မယ်လို့ ပေါ်တင်ကြေညာထားပြီးသားပါ။ အခုတောင် တစ်နိုင်လုံးနီးနီး တိုက်ပွဲတွေက အရှိန်မြင့်နေတာဖြစ်ပါတယ်။
တကယ်ဆို မင်းအောင်လှိုင်ရဲ့ တပ်ရင်းမှူးတွေ၊ တပ်မမှူးတွေဟာ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး သိပ်မကြာခင်မှာပဲ အခြေအနေအမှန်ကို ရိပ်စားသင့်ခဲ့ပါတယ်။ ဒါပေမဲ့ အသက်တွေသာကြီးလာပြီး ပညာကောင်းကောင်းမတက်တာကြောင့် လာဘ်စားဖို့ပဲသိတဲ့ အဲဒီအောက်ခြေအရာရှိတွေဟာ အသိ သတိ မဆင်ခြင်နိုင်ခဲ့ပါဘူး။ မုံးကိုးမှာ တပ်မမှူးတစ်ယောက် သေဆုံးခဲ့တာကို ကြည့်ရင် အထင်းသားမြင်နိုင်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းမှာဆိုလည်း ခွန်ဆာလက်နက်ချတုန်းက စစ်တပ်က မောင်ပိုင်စီးခဲ့တဲ့ မိုင်းကျက်စခန်းကို တော်လှန်ရေးအင်အားစုတွေက သိမ်းနိုင်ခဲ့ပါတယ်။ အဲဒီစခန်းဟာ စစ်တပ်အတွက်တော့ “ဝ” ဘက်ကလာမယ့် ထိုးစစ်ကို ခုခံဖို့ပြင်ထားတဲ့ ရှေ့တန်းခံစစ်စခန်းဖြစ်ပါတယ်။ အဲဒီစခန်းဟာ လားရှိုးမြို့ကို ခြိမ်းခြောက်လာနိုင်တဲ့အတွက် အဓိကအရေးပါတဲ့ နေရာပါ။

အဲဒီစခန်းမကျရေးအတွက် မင်းအောင်လှိုင်ဟာ လေကြောင်းနဲ့လက်နက်ကြီးပစ်ကူ အကြိမ် ၁၀၀ ကျော် ကူညီခဲ့ပေမဲ့ နောက်ဆုံးတော့ TNLA လက်ထဲ ကျရောက်ခဲ့ပါတယ်။ အဲဒီစခန်းမှာရှိတဲ့ တပ်ရင်းမှူးကို TNLA က လက်နက်ချဖို့ အကြိမ်ကြိမ်သတိပေးခဲ့ပေမဲ့ စစ်ကူတောင်းထားတာကြောင့် ခေါင်းမာတဲ့တပ်ရင်းမှူးဟာ တစ်လနီးပါးကြာ ခုခံခဲ့ပါတယ်။
အဲဒီစခန်းဟာ ကုန်းတွင်းပိတ်စခန်းတစ်ခုဖြစ်ပြီး လားရှိုးမြို့နယ်ရဲ့ အရှေ့မြောက်ဘက်၊ သန္နီမြို့နယ်ရဲ့ ရှေ့တောင်ဘက်နဲ့ ကွမ်းလုံမြို့နယ်ရဲ့ အနောက်တောင်ဘက်မှာ ရှိပါတယ်။ ဒါပေမဲ့ အဲဒီစခန်းကို စစ်ကူလာနိုင်မယ့်လမ်းကြောင်းတွေဟာ ဖြတ်တောက်ခံထားရပါတယ်။
-

TNLAနှင့် မန္တလေး PDF ပူးပေါင်းစစ်ဆင်ရေးတွင် စစ်ကောင်စီဘက်မှ ၈၀ ဦး ကျဆုံး
RNA_စက်တင်ဘာ(၁၂)၊၂၀၂၃ ခုနှစ်။
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တို့ပူးပေါင်းကာ ဇူလိုင်လမှ စတင်သည့် “ကနောင် စစ်ဆင်ရေး” တွင် စစ်ကောင်စီဘက်မှ ဗိုလ်ကြီး (၂) ဦးအပါအဝင် ၈၀ ဦးကျဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း သိရသည်။
-

စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၇) ဦးသေ
RNA_ဧပြီ(၈)၊၂၀၂၃ ခုနှစ်။
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ မိုးကုတ်- ပြင်ဦးလွင် – ကျောက်မဲ ဆက်သွယ်ရေး လမ်းမပေါ်ရှိ စစ်ကောင်စီတပ်နှင့် ရဲများအထိုင်ချသည့် လယ်ကြီးဂိတ်စခန်းကို KIA နှင့် ပူးပေါင်းများဟာမိတ်များ သွားရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်နှင့်ရဲ (၇) ဦးသေဆုံးပြီး (၇) ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း သိရသည်။
[embedyt] https://www.youtube.com/watch?v=StkAIa1qpr8[/embedyt]
KIA၊ K- PDF ( Kachin Region )၊ PDF( NUG )၊ ကျောင်းသားတပ်မတော်( A.B.S.D.F )၊ ရှမ်းမြောက်ဒေသ မဟာမိတ်တပ်ပေါင်းစုတို့မှ ပူးပေါင်းစစ်ဆင်ရေးအဖြစ် ဧပြီလ (၇) ရက်နေ့ နံနက် (၇) နာရီ (၄၀) မိနစ်ဝန်းကျင်က လယ်ကြီး စစ်ကောင်စီတပ်နှင့် ရဲများအထိုင်ချသည့် စခန်းကို သွားရောက်တိုက်ခိုက်ကြခြင်းဖြစ်ကြောင်း မိုးမိတ်ခရိုင် KPDF က ရုပ်သံနှင့်တကွ ယနေ့ ထုတ်ပြန်ထားသည်။
#RedNewsAgency
-

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ကစဉ့်ကလျား ထွက်ပြေး
RNA_ဇူလိုင်၃၀၊၂၀၂၂ခုနှစ်။
နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိပြီး ကျန်တပ်သားများ ကစဉ့်ကလျား ထွက်ပြေး သွားခဲ့သည်ဟု သိရသည်။

မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် စစ်ကောင်စီတပ်တို့ ဇူလိုင် (၂၂)ရက်နေ့မှစ၍ (၂၄)ရက်နေ့တွင် တစ်ကြိမ် ၊ ဇူလိုင် (၂၈)ရက်နေ့တွင်တစ်ကြိမ် နောင်ချိုမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အတွင်း ထိတွေ့တိုက်ပွဲများဖြစ်ပွါးခဲ့သည်။


