Tag: အိန္ဒိယ

  • အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စီမံကိန်းများအတွက် မြန်မာနိုင်ငံက လမ်းကြောင်းသစ်ဖြစ်နေ

    အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စီမံကိန်းများအတွက် မြန်မာနိုင်ငံက လမ်းကြောင်းသစ်ဖြစ်နေ

    “အိန္ဒိယဟာ အရင် စစ်အစိုးရအပေါ် တစ်ခုတည်းပဲ အာရုံစိုက်ပြီး ချဉ်းကပ်တဲ့ မူမျိုးနဲ့ ကွဲပြားခြားနားပြီး နိုင်ငံရေးအဖွဲ့များနဲ့ လက်နက်ကိုင်အဖွဲ့များပါ ပါဝင်တဲ့ “ဘက်ပေါင်းစုံမှ ချိတ်ဆက်ဆောင်ရွက်မှု” မဟာဗျူဟာကို ပြောင်းလဲသင့်ပါတယ်”

    Red News Agency

    မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးနေတဲ့ ပြည်တွင်း၊ ပြည်ပ အခြေအနေတွေကြားထဲမှာပဲ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စိတ်ဝင်စားမှုရှိတဲ့ မြေရှားဓာတ်သတ္တုနဲ့ အခြေခံအဆောက်အအုံ ကဏ္ဍများဟာ သိသာထင်ရှားတဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ အဲဒါကြောင့်လည်း အိန္ဒိယဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိပြီးတော့ ဒေသဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာတွေကို တည်ဆောက်ရန် လိုအပ်နေတယ်ဆိုတာ သေချာပါတယ်။

    မြန်မာနိုင်ငံအတွင်းမှာ မြေရှားဓာတ်သတ္တု တူးဖော်ရေးနဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံများအထိ ပါဝင်ဖို့ ကြိုးစားနေတဲ့ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စီမံကိန်းများဟာ မြန်မာ နိုင်ငံရဲ့ ပြည်တွင်း ပဋိပက္ခနဲ့ ရှုပ်ထွေးနေတဲ့ ပထဝီနိုင်ငံရေးတို့ကြောင့် ကြီးမားတဲ့ စိန်ခေါ်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။ အိန္ဒိယဟာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးလို စီမံကိန်းများမှာ မြန်မာစစ်အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်လုပ်ဆောင်နေပေမယ့် ဒီချဉ်းကပ်မှုဟာ လုံလောက်နေတာမျိုးတော့ မဟုတ်ပါဘူး။

    (more…)

  • တိုက်ပွဲအတွင်း ကသည်းသူပုန်အပါအဝင် စစ်ကော်မရှင်လက်အောက်ခံ (၇) ဦးဖမ်းဆီးရမိ

    တိုက်ပွဲအတွင်း ကသည်းသူပုန်အပါအဝင် စစ်ကော်မရှင်လက်အောက်ခံ (၇) ဦးဖမ်းဆီးရမိ

    RNA_စက်တင်ဘာ(၁၁)၊၂၀၂၅ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ နန်းစောင်းပုရွာသစ်သို့ ထိုးစစ်စင်လာသော စစ်ကော်မရှင်အဖွဲ့အား ဒေသတွင်းတော်လှန်ရေးအင်အားစုများက တိုက်ခိုက်ခဲ့သည့်တိုက်ပွဲအတွင်း အိန္ဒိယနိုင်ငံသား ကသည်းသူပုန်အပါအဝင် စစ်ကော်မရှင်လက်အောက်ခံ (၇) ဦးကို ဖမ်းဆီးရမိခဲ့ပြီး အလောင်း (၄) လောင်းနှင့်အတူ လက်နက် (၅) လက်လည်း သိမ်းဆည်းရမိသည်ဟု အမှတ် (၁) စစ်ဒေသက ယနေ့ ထုတ်ပြန်ထားသည်။

    အကြမ်းဖက် စစ်ကော်မရှင်တပ်လက်အောက်ခံ ဒကစ (ကလေး) လက်အောက်ခံ တတက-၁၀ မှ ဗိုလ်မှူး ရဲမျိုးမင်းနှင့် ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီး နိုင်းဝင်းစိုးတို့ ဦးစီးသည့် ခမရ (၃၆၁၊ ၃၆၂၊ ၃၆၃)၊ ဆသရ-၆၊ ခလရ (၈၇၊ ၂၂၉)၊ SNA၊ အိန္ဒိယနိုင်ငံသားများဖြစ်သည့် ကသည်း (ULFA)နှင့် နာဂ (NSAC) သူပုန်တပ်ဖွဲ့ အင်အား (၁၃၀) ခန့်စစ်ကြောင်းထိုးလာသည့်အတွက် စက်တင်ဘာ (၂) ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    (more…)

  • ကြေညာချက်တွေကို ပြောင်းလဲဖို့ လူတွေပြောင်းလဲဖို့ အချိန်တန်ပြီ

    ကြေညာချက်တွေကို ပြောင်းလဲဖို့ လူတွေပြောင်းလဲဖို့ အချိန်တန်ပြီ

    “လူထုက ရွေးချယ်ထားတဲ့ တရားဝင်အစိုးရလို့ခံယူနေပြီး ဝန်ကြီးဌာန ၁၇ ခု တရားဝင်ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ လုပ်နိုင်စွမ်းက အကန့်သတ်များလွန်းနေသေးတယ်”

    ရန်နိုင်

    သာမန်အသေးစား ထုတ်ကုန်လုပ်ငန်းလေးတွေက အကြီးစားထုတ်ကုန်လုပ်ငန်းကြီးတွေကို ဘာကြောင့်မယှဉ်နိုင်တာလဲဆိုရင် လုပ်ငန်းရဲ့စွမ်းဆောင်ရည်နဲ့ ခိုင်မာတဲ့သမိုင်းကြောင်း တွေရှိမနေသေးတာက အကြီးမားဆုံးအကြောင်းအချက် တခုပါပဲ။ စားနေကျအသုတ်ဆိုင်ကို စွန့်ပြီး မနေ့တနေ့ကမှ လာဖွင့်တဲ့အသုတ်ဆိုင်ကို စားဖို့ဆိုတာလဲ သိပ်တော့မဖြစ်နိုင်ပေ။ အစွဲလန်းကြီးတဲ့ လူကြီးတွေဆိုရင် ပိုဆိုးတာပေါ့။ သူတို့စားနေကျ ဆိုင်မဟုတ်ရင် လုံးဝမကြိုက်ဘူး၊ အရသာအသစ်ကို လက်မခံဖို့ သူတို့မှာအကြောင်းပြချက်ပေါင်း များစွာနဲ့။ 

    ကိုယ့်ရဲ့ထုတ်ကုန်က အားလုံးထက်ကောင်းပါတယ်ဆိုပြီး ထိုင်အော်နေရုံနဲ့ လူတွေယုံကြည်လာမှာမဟုတ်။ စီမံကိန်းတခုကိုမှ လောက်လောက်လားလား အောင်မြင်အောင်လုပ်မပြထားရင် လုပ်ငန်းအပ်သူက စွန့်စားပြီးအလုပ်အပ်ရဲမှာမဟုတ်။ ကိုယ့်ရဲ့ စားသောက်ကုန်က ဘယ်လိုကျန်းမာရေးနဲ့ ညီညွတ်ပါတယ်လို့ ဆိုင်းဘုတ်တင်ထားပြီး ရောင်းတဲ့သူက အထက်စီးဆန်တဲ့လေသံနဲ့ စျေးရောင်းနေရင် ဘယ်သူမှစိတ်ဝင်စားမှာ မဟုတ်ပေ။ 

    (more…)

  • Y-8 လေယာဉ်တစင်း ထပ်ပျက်သွားသည့်အတွက် စစ်ကောင်စီမှာ သုံးရသည့် Y-8 လေယာဉ် ၂ စင်းသာကျန်တော့

    Y-8 လေယာဉ်တစင်း ထပ်ပျက်သွားသည့်အတွက် စစ်ကောင်စီမှာ သုံးရသည့် Y-8 လေယာဉ် ၂ စင်းသာကျန်တော့

    RNA_ဇန်နဝါရီ(၂၃)၊၂၀၂၄ခုနှစ်။

    စစ်ကောင်စီတပ်တွင် Y – 8 လေယာဉ် ၆ စင်း ရှိသော်လည်း ၂ စင်း ပျက်ကျသွားပြီဖြစ်သည့်အတွက် ၄ စင်းကျန်သော်လည်း ၂ စီးသာ အသုံးပြုရကြောင်း လေတပ် CDM တပ်ကြပ်ကြီးတဦးက Red News Agency ကိုပြောသည်။

    ရခိုင်ပြည်နယ်နှင့် ပလက်ဝဒေသ တိုက်ပွဲများအတွင်း အိန္ဒိယဘက် ထွက်ပြေးသည့် စစ်ကောင်စီလက်အောက်ခံများကို ယနေ့ နံနက် ၁၀ နာရီကျော်က ပြေးလမ်းချော်ကာ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်ယန်၊ အိုင်ဇောလ်မြို့အနီး Lengoui လေဆိပ်အဆင်း အရှိန်မထိမ်းနိုင်သည့်အတွက် တိမ်းမှောက်သွားခဲ့သည်ဟု သိရသည်။

    (more…)

  • စစ်တပ်အသည်းအသန်ခုခံနေရတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်-ချင်းလမ်းကြောင်း

    စစ်တပ်အသည်းအသန်ခုခံနေရတဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်-ချင်းလမ်းကြောင်း

    “AA ဟာ ရှင်းဝစခန်းကို ဝင်ရောက်တိုက်ခိုက်နေပါပြီ။ ပလက်ဝမှာဆိုရင်လည်း တပ်ရင်းကတစ်ရင်းပဲ ရှိပါတယ်။ နောက်ဆုံးမှာ မီးဝဗျူဟာကုန်းကို AA က ရသွားရင်တော့ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်အပြင်၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယတို့ကိုပါ ဆက်သွယ်နိုင်မယ့်လမ်းကြောင်းကို စိုးမိုးနိုင်တော့မှာ”

    လှဆောင်

    မြန်မာနိုင်ငံရဲ့ အနောက်တောင်ဘက်မှာ စစ်တပ်အတွက် အရေးကြီးတဲ့ နေရာ ၅ ခု ရှိပါတယ်။အဲဒါတွေကတော့ ကုလားတန်မြစ်ဘေးက တရွန်အိုင်ဗျူဟာကုန်း၊ နှုံးဘူးဗျူဟာကုန်း၊ ရှင်းဝစခန်း၊ ပလက်ဝမြို့နဲ့ မီးဝဗျူဟာကုန်းတို့ ဖြစ်ပါတယ်။

    အဲဒီနေရာ ၄ ခုလုံးဟာ ကုလားတန်မြစ်ဘေးတလျှောက်မှာ တည်ရှိနေတာဖြစ်ပြီး အိန္ဒိယ-ရခိုင်ပြည်နယ်-ချင်းပြည်နယ် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာပါ။

    ကုလားတန်ဘက်စုံစီမံကိန်းကိုတော့ ဦးသိန်းစိန်အစိုးရမတိုင်ခင်ကတည်းက နှစ်နိုင်ငံ အကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး အခုအချိန် စစ်တွေက နိုင်ငံတကာသင်္ဘောတွေဆိုက်ကပ်နိုင်တဲ့ ဆိမ်ကမ်းဟာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပါပြီ။ အဲဒီကုန်သွယ်ရေးလမ်းကြောင်းဟာ အိန္ဒိယနိုင်ငံအတွက် အရေးကြီးသလို ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်တိုးတက်ဖို့အတွက်လည်း အရေးပါတဲ့ဒေသဖြစ်ပါတယ်။

    အိန္ဒိယနိုင်ငံဟာ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရတုန်းက အိန္ဒိယနဲ့ ပါကစ္စတန်ဆိုပြီး နှစ်နိုင်ငံခွဲထွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ပါကစ္စတန်ဟာ ဒေသနှစ်ခုအဖြစ်ကွဲထွက်ပြီး အိန္ဒိယနိုင်ငံကိုခွသွားတဲ့ ပုံစံမျိုးဖြစ်တာကြောင့် နှစ်နိုင်ငံလုံးဟာ နှစ်ပိုင်းဆီကွဲသွားခဲ့ပါတယ်။

    (more…)

  • အိန္ဒိယအစိုးရ မြန်မာစစ်ကောင်စီနှင့်ပူးပေါင်းခြင်းသည် ဒီမိုကရေစီနှင့်ဆန့်ကျင်နေ

    အိန္ဒိယအစိုးရ မြန်မာစစ်ကောင်စီနှင့်ပူးပေါင်းခြင်းသည် ဒီမိုကရေစီနှင့်ဆန့်ကျင်နေ

    RNA_ဩဂုတ်(၃၁)၊၂၀၂၃ ခုနှစ်။

    သက်တန်းအရှည်ကြာဆုံး ဒီမိုကရေစီစနစ်ကျင့်သုံးသည့်နိုင်ငံဟု ပြောဆိုနေသည့် အိန္ဒိယနိုင်ငံအစိုးရသည် အာဏာသိမ်းမြန်မာစစ်ကောင်စီနှင့်ပူးပေါင်းနေခြင်းသည် ဒီမိုကရေစီနှင့်ဆန့်ကျင်နေကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးအဖွဲ့- Burma Affairs and Conflict Study ဦးဆောင်သူ မခရစ္စတင်းက ပြောသည်။

    BACS နှင့် India for Myanmar တို့ ပူးပေါင်း၍ စစ်အာဏာသိမ်းပြီး လပေါင်း (၃၀) အတွင်း အိန္ဒိယနိုင်ငံ၏ မြန်မာ့ရေးရာမူဝါဒနှင့် ဆက်ဆံရေးအခြေအနေသုံးသပ် အစီရင်ခံစာ သတင်းစာရှင်းလင်းပွဲကို ဩဂုတ်လ (၃၀) ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့သည်။

    (more…)

  • မီဇိုရမ်ပြည်နယ်သား (၃) ဦးသတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူဟု ယူဆရသူများကို CDF – Mindat ဖမ်းဆီးရမိ

    မီဇိုရမ်ပြည်နယ်သား (၃) ဦးသတ်ဖြတ်ခံရမှုအတွက် ကျူးလွန်သူဟု ယူဆရသူများကို CDF – Mindat ဖမ်းဆီးရမိ

    RNA_ဧပြီ(၉)၊၂၀၂၃ ခုနှစ်။

    အိန္ဒိယနိုင်ငံ၊ မီဇိုရိမ်ပြည်နယ်သား (၃) ဦး ချင်းပြည်နယ်အတွင်း အသတ်ခံရမှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူဟု ယူဆရသူများကို လုံလောက်သော သက်သေအထောက်အထားများနှင့်တကွ ဖမ်းဆီးရမိပြီဟု CDF – Mindat ကယနေ့ ထုတ်ပြန်ထားသည်။

    မြန်မာ-အိန္ဒိယ နယ်စပ် မြန်မာဘက်ခြမ်း ချင်းပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် မတ်လ ၁၉ ရက်နေ့က မီဇိုရိမ်ပြည်နယ်သား (၃) ဦး သတ်ဖြတ်ခံခဲ့ရခြင်း ဖြစ်သည်။

    (more…)