“မိုးတွင်းကာလအတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ကူမပေးနိုင်သည့်ကာလဖြစ်သည့်အတွက် ထိုးစစ်အတွက် ပြင်ဆင်ထားသည့် တော်လှန်ရေးတပ်များရှိနေသည့်အတွက် မိုးကုန်လို့ ဆောင်းအကူး စစ်ကောင်စီ ဒီထက်ရူးဖို့သာရှိတော့”
Author: RNA Editor
-

စစ်ကောင်စီခံရခက်တော့မဲ့ မိုးတွင်းထိုးစစ်
အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက ဘက်ပေါင်းစုံမှ မြို့သိမ်းတိုက်ပွဲတွေ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ KIA/PDF၊ CNA/PDF ပူးပေါင်းတပ်များ၏ ထိုးစစ်နှင့် ရခိုင်ပြည်နယ်တွင်လည်း AA/PDF ပူးပေါင်းတပ်များ၏ ထိုးစစ်များ၊ အလယ်ပိုင်းတိုင်း စစ်ဒေသမှာ အညာမြေရဲ့ တော်လှန်ရေးအင်အားစုတွေအပြင် မန္တလေး PDFရဲ့ ထိုးစစ်၊KNDF/KNU/PDF တို့ရဲ့ ထိုးစစ်တွေ အရှိန်ကောင်းကောင်းနှင့် ဖော်ဆောင်နေသည်ကို အားလုံး သိကြပြီဖြစ်လိမ့်မည်။တောင်ပိုင်းတိုင်းစစ်ဒေသ၏ တိုးတက်လာသည့် စစ်ရေးအတွင်းမှာ တော်လှန်ရေးအင်အားစုများ၏ ချိတ်ဆက်မှု အားကောင်းလာပြီး ပူးပေါင်း စစ်ဆင်ရေးများ လုပ်ဆောင်လာနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီ ကို ဗျူဟာကျကျ ချေမှုန်းတိုက်ခိုက်နေသည် ။အကြမ်းဖက်စစ်ကောင်စီ၏ မြဝတီကို စစ်ကူအတွက် ဧပြီ ၇ ရက်ကတည်းက စေလွှတ်ခဲ့သည့် အင်အား တစ်ထောင်ကျော်ပါသည့် နိုင်ငံတော်အဆင့် စစ်ဆင်ရေး အောင်ဇေယျစစ်ကြောင်းဟာ သေဆုံး၊ ဒဏ်ရာရသူများပြီး ဒေါနတောင်မှ ပိတ်မိနေတာ နှစ်လ နီးပါး ရှိပြီ ဖြစ်သည်။အောင်ဇေယျစစ်ကြောင်းကို ဖြတ်တောက်ပိတ်ဆို့ တားဆီး တိုက်ခိုက်ရာတွင် KNLA/KNDO တို့နှင့်အတူပူးတွဲတိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ် PDF ရဲဘော် များအပြင် နယ်မြေကျွမ်းကျင်မှုရှိသော KNU ၏ နယ်မြေခံ တပ်ရင်းများကိုပါအင်းအားတိုး အသုံးပြု တိုက်ခိုက်လျက်ရှိသည်။ ဖာပွန်မြိုနယ်က KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ၊ တနင်္သာရီတိုင်းက တော်လှန်ရေးတပ်များ၏ စခန်းသိမ်းတိုက်ပွဲများ ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက် စစ်ကောင်စီ၏ အထိုင်တပ်စခန်းသိမ်း တိုက်ပွဲတွေကို ဗျူဟာကျကျ တိုက်ပွဲဖော်ဆောင်နေသည်။ -

NLD နာယက ဦးတင်ဦး ဈာပန မြင်ကွင်း
RNA_ဇွန်(၅)၊၂၀၂၄ ခုနှစ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် – NLD ပါတီ နာယက၊ ကာကွယ်ရေးဦးစီးချုပ် (ဟောင်း) သူရဦးတင်ဦး၏ ဈာပနအခမ်းအနားကို ရေဝေးသုသာန်မှာ ယနေ့ (ဇွန်လ ၅ ရက်) ပြုလုပ်ခဲ့သည်။[embedyt] https://www.youtube.com/watch?v=PCN6QI5Jj_U[/embedyt]Red News Agency -

ကယ်တင်ရှင် ဖြစ်ချင်နေသေးတဲ့ ချောင်ထဲက မြေခွေးမိုက်
“ရခိုင်ပြည်နယ်ရဲ့အတိတ်သမိုင်းမှာ ရိုဟင်ဂျာလူမျိုးနဲ့ ရခိုင်လူမျိုးတို့ ငြိမ်းချမ်းတဲ့လမ်းကြောင်း တခုပေါ် ရောက်ခဲ့ဖူးတယ်ဆိုတဲ့ သက်သေတွေပဲ။ သို့ပေမယ့် နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်တဲ့ အာဏာရှင်နေဝင်း လက်ထက်မှာတော့ သွေးခွဲအုပ်ချုပ်ဖို့ နည်းလမ်းတွေ ဖန်တီးခဲ့တယ်။ တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာကိုတွေ ခိုးဝင်လူမျိုးတွေလိုပုံဖော်ခဲ့သလို၊ ရခိုင်လူမျိုးတွေကို ကာကွယ်ပေးတော့မလိုနဲ့ ရိုဟင်ဂျာတွေကို နှိပ်စက် အနိုင်ကျင့်ခဲ့တယ်။ ရိုဟင်ဂျာ ရွာတွေမှာ တိရိစ္ဆာန်သန်းခေါင်းစာရင်းအထိ ကောက်ယူခဲ့တယ်”
ရန်နိုင် – Wiper
စစ်ခေါင်းဆောင်တွေထဲမှာ လက်ရှိမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ မျိုးဆက်က အညံ့ဆုံးမျိုးဆက်ဖြစ်ပြီး လက်ရှိအရေးအခင်းကို စစ်တပ်သုံးနိုင်သမျှနည်းလမ်းအစုံ သုံးပြီးပြီ ရှုံးနေဆဲပဲ။ တော်လှန်ရေးသမားအချင်းချင်း သွေးခွဲနည်း၊ ဗမာတော်လှန်ရေးသမားနဲ့ လူမျိုးစုတော်လှန်ရေးသမားသွေးခွဲနည်း၊ နိုင်ငံတကာ အင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို တည်ပေးခြင်း၊ နိုင်ငံခြား အကူအညီရှာဖွေတဲ့နည်း စတဲ့နည်းတွေ စုံနေပြီ အလုပ်မဖြစ်သေးဘူး။ ဒါ့ကြောင့် လူမျိုးရေးပဋိပက္ခကို ဖန်တီးတဲ့နည်းလမ်းဖြစ်တဲ့ ရိုဟင်ဂျာဆိုတဲ့ ဝှက်ဖဲကို သုံးလာခြင်းဖြစ်တယ်။
လွတ်လပ်ရေးမရခင် ၁၉၄၂ က ဒေသတွင်း နယ်မြေလုမှုတွေရှိပြီး သိပ်အစေးမကပ်တဲ့ လူမျိုးစု (၂)ခုက အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ နယ်စပ်စောင့်တပ် BTF မှာ လူများစုတွေဖြစ်တဲ့ ရခိုင်လူမျိုးတွေက ရိုဟင်ဂျာလူမျိုးတွေကို အနိုင်ကျင့်မှုတွေရှိခဲ့တယ်။ နောက်ပိုင်းမှာ ရိုဟင်ဂျာစစ်သည် (မူဂျာဟစ်) တွေက လက်နက်ကိုင်ကြတော့ ဒေသတွင်း ပဋိပက္ခတွေဖြစ်ပွားခဲ့တယ်။ ဒေသတွင်းပဋိပက္ခတွေကို စစ်ရေးနဲ့ နှိမ်နင်းပေမယ့် အမြစ်မပြတ်ခဲ့တာကြောင့် ၁၉၄၉ ဇူလိုင်လ(၃၀)ရက်နေ့မှာ ဝန်ကြီးချုပ် ဦးနုက (၂)ဖက် အမျိုးသားတွေပါတဲ့ စုံစမ်းရေးကော်မရှင်ကိုဖွဲ့ပြီး ပြသနာရဲ့ ဇစ်မြစ်ကိုရှာဖွေခဲ့တယ်။ တိုင်းရင်းသား အချင်းချင်း တန်းတူအခွင့်အရေး မျှတမှုမရှိခြင်းဆိုတဲ့ ပြဿနာရဲ့ဇစ်မြစ်ကိုရှာဖွေတွေ့ ရှိခဲ့တယ်။
၁၉၅၄ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်နေ့ ညနေ (၈)နာရီမှာ နိုင်ငံတော်အသံလွှင့်ဌာနကတဆင့် စစ်တွေခရိုင်အတွင်း နေထိုင်ကြတဲ့ ပြည်ထောင်စုတိုင်းရင်းသားအများစုက ရိုဟင်ဂျာအမျိုးသား ဖြစ်ကြတယ်လို့ ကြေငြာခဲ့တယ်။ ၁၉၆၁ ခု၊ မေလ(၁)ရက်နေ့မှာ အစိုးရကတ်ဘိနက်ရဲ့ တညီတညွတ် ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာအများစု နေထိုင်တဲ့ မယုဒေသကို ဗဟိုအစိုးရကတိုက်ရိုက် အုပ်ချုပ်တဲ့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ တိုင်းရင်းသားတွေ တန်းတူရပိုင်ခွင့်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့ပြီး ကျောင်းသုံးစာအုပ်မှာ ဖော်ပြခြင်း၊ စွယ်စုံကျမ်းမှာ ဖော်ပြခြင်း၊ ၁၉၆၁ ခုနှစ်မှာ ရိုဟင်ဂျာဘာသာ စကားနဲ့ ဗမာအသံကနေ ရေဒီယိုအသံလွှင့်ခြင်း၊ အစိုးရ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တန်းတူညီမျှအလုပ်ခန့် ခြင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ပေးခြင်း၊ ရိုဟင်ဂျာရိုးရာ ယဉ်ကျေးမှုတွေကို အမြတ်တနိုးပြသခွင့်ပေးခြင်းစတဲ့ အခွင့်ရေးတွေကို ကန့်ကွက်မှုတမတ်တစေ့မှ မရှိပဲ တညီတညွတ်တည်း ဖော်ဆောင်ပေးခဲ့ကြတယ်။
-

စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာမှ အရပ်သားများကို စစ်ကောင်စီတပ်သတ်ဖြတ်မှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ထုတ်ပြန်
RNA_ဇွန်(၃)၊၂၀၂၄ ခုနှစ်။ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဗျိုင်းဖြူကျေးရွာမှ အပြစ်မဲ့ အရပ်သားများကို စစ်ကောင်စီလက်အောက်ခံများက ဖမ်းဆီးပြီီး (၅၀) ကျော် သတ်ဖြတ်ခဲ့သည့်အပေါ် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်အနေဖြင့် ကန့်ကွက်ရှုတ်ချကြောင်းနှင့် ပြင်းထန်စွာ တုန့်ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ဒကစ အဖွဲ့ဝင်များ၊ ပခုက္ကူအခြေစိုက် တပ်မ (၁၀၁) တပ်ဖွဲ့ဝင်များနှင့် အခြားသောတပ်ရင်းမှ ထုတ်နုတ်အင်အားများ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်အချို့နှင့် စစ်ကောင်စီ၏ သင်တန်းဆင်း မူဆလင်တပ်ဖွဲ့ဝင်များအပါအဝင် အင်အား (၁၇၀) ကျော်စစ်ကြောင်းက ၂၀၂၄ ခုနှစ် မေလ (၂၉) ရက်နေ့တွင် ဗျိုင်းဖြူကျေးရွာအား ပိတ်ဆို့ပြီး ကလေး၊ လူကြီး၊ လူငယ်၊ လူရွယ်၊ အမျိုးသား အမျိုးသမီး တစ်ယောက်မကျန် တစ်ရွာလုံးကို ဖမ်းဆီးပြီး လက်ပြန်ကြိုးတုပ်ချည်နှောင်ကာ နေပူလှန်းခြင်း၊ အစာရေစာမပေါ်ဘဲ ထားခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းတို့ ပြုလုပ်ကာ အမျိုးသမီးတချို့အား မုဒိမ်ကျင့်ခြင်း၊ သတ်ဖြတ်ခြင်း၊ အလောင်းဖျောက်ခြင်း တို့ကို ပြုလုပ်ခဲ့သည်ဟု ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်က ဇွန်လ (၂) ရက်နေ့တွင်် ထုတ်ပြန်ထားသည်။ -

လွိုင်ကော်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံများ ပြန်နေ၍ မရသေးကြောင်း KNDF တာဝန်ရှိသူပြော
RNA_ဇွန်(၂)၊၂၀၂၄ ခုနှစ်။
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း စစ်ကောင်စီလက်အောက်ခံများနှင့် KNDF ပူးပေါင်းတပ်များအကြား နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လွိုင်ကော်ဒေသခံပြည်သူများအနေဖြင့် ပြည်မရသေးဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောကြားထားသည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများက လွိုင်ကော်မြို့တွင်းပြန်ဝင်၍ရပြီဟု ဝါဒဖြန့်နေကြောင်း၊ စစ်ကောင်စီလော်ဘီများ၏ စကားများကို ဒေသခံပြည်သူများ မယုံကြည်သင့်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိရှိကြရန် လိုအပ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လွိုင်ကော်မြို့တွင်းပြန်နေရန် မသင့်သေးကြောင်း သိရသည်။
-

မြန်မာစစ်တပ်ကင်းစင်တဲ့ ရခိုင်ပြည်နယ်အဖြစ် မြင်တွေ့ကြရတော့မလား …
“ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲတော့မယ်ဆိုတဲ့ ရာဇသံကို စစ်ကောင်စီထံ ပေးပို့လိုက်ပါတယ်။ ထိုနောက်မှာတော့ ကျောက်တော်၊ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ မင်းပြား၊ မြောက်ဦးစတဲ့မြို့တွေကို ကုလားတန်မြစ်ကြောင်းတစ်လျှောက်တိုက်ခိုက်သိမ်းပိုက်”
ချမ်းမင်း – Wiper
နွေဦးတော်လှန်ရေးအကြောင်းပြောကြပြီဆိုရင် ကျွန်တော်တို့ဟာ အနောက်ဘက်က တိုင်းရင်းသားညီကိုတွေဖြစ်တဲ့ ရခိုင်တိုက်ပွဲတွေ၊ ရခိုင်စစ်မြေပြင်အကြောင်းတွေနဲ့ တော်လှန်ရေးရဲဘော် AAတပ်ဖွဲ့တွေရဲ့အကြောင်းကို ထည့်ပြောဖို့လည်း အရေးကြီးလှပါတယ်။ ရခိုင်ပြည်နယ်ဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ပြည်နယ်တစ်ခုဖြစ်တဲ့အပြင် သမိုင်းကြောင်းအရလည်း အစဥ်အလာကြီးမားကာ သယံဇာတပေါကြွယ်ဝတဲ့ပြည်နယ်တစ်ခုဖြစ်တယ်။
မြန်မာနိုင်ငံမှာ သက်မှတ်ထားခဲ့ကြတဲ့ ပြည်နယ်ခုနှစ်ခုအနက် ရှားရှားပါးပါး ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားတဲ့ ပြည်နယ်ဖြစ်တာကြောင့်လည်း တွင်းထွက်သယံဇာတတွေ၊ သဘာဝ ဓာတ်ငွေ့တွေ၊ ပင်လယ်သယံဇာတတွေနဲ့ ပြည့်စုံတဲ့ပြည်နယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီလိုသဘာဝသယံဇာတတွေ၊ ပင်လယ်ပြင်နဲ့ တွင်းထွက်တွေပေါကြွယ်ဝနေပေမဲ့လည်း မြန်မာနိုင်ငံတွင်းက အခြားသောတိုင်းရင်းသားတွေကဲ့သို့ပဲ ရခိုင်ပြည်နယ်ရဲ့သယံဇာတအများစုကို စစ်အုပ်စုနဲ့ ခရိုနီလူတစ်စုကသာ အမြတ်ထုတ်ချယ်လှယ်ခဲ့ကြပါတယ်။ ဒါကြောင့်မို့ ၂၀၀၉ ခုနှစ်ကစပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ ခေတ်ပညာတက် ရခိုင်လူငယ်တွေဟာ ကချင်ပြည်နယ် လိုင်ဇာမှာစစ်ပညာသင်ပြီး စစ်အုပ်စုရဲ့အနိုင်ကျင့်ဗိုလ်ကျမှုကို လက်နက်ကိုင်ဆန့်ကျင်တဲ့ တော်လှန်ရေးကို စတင်ခဲ့ကြတာဖြစ်တယ်။

ရခိုင့်တော်လှန်ရေးဟာလည်း အခြားသောတိုင်းရင်းသားတွေရဲ့ တော်လှန်ရေးတွေကဲ့သို့ပဲ အစောပိုင်းကာလတွေမှာ ခက်ခဲမှုတွေ၊ အဆင်မပြေမှုတွေများစွာနဲ့ ကြုံတွေ့ခဲ့ရပြီးပြည်မကလူတွေရဲ့အထင်အမြင်လွဲမှုတွေ၊ လစ်လျူရှုမှုတွေများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ရခိုင်လူငယ်ပညာတက်များက ဦးဆောင်ထားတဲ့တပ်ဖွဲ့ဖြစ်တဲ့အပြင် စစ်အုပ်စုရဲ့အနိုင်ကျင့်ဗိုလ်ကျမှု ကိုခံစားနေရတဲ့ ရခိုင်လူမျိုးတွေရဲ့တစ်ခဲနက်ထောက်ခံမှုတွေကြောင့်ပဲ အချန်တိုအတွင်းမှာ အင်အားကြီးမားလာပြီး စစ်တပ်ကိုကောင်းစွာခြိမ်းခြောက်နိုင်တဲ့ တပ်ဖွဲ့တစ်ခုဖြစ်လာပါတယ်။
-

လွိုင်ကော်စစ်ကူလာနေသော စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များ လွိုင်လင်းလေးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ
RNA_ဇွန် (၁)၊၂၀၂၄ ခုနှစ်။ကရင်နီပြည် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ စစ်ကူလာနေသော စစ်ကြောင်းများနှင့်လည်း လွိုင်လင်လေးမြို့နယ်အတွင်း လွန်ခဲ့သည့်တပတ်ကျော်ကတည်းမှ ယနေ့ (ဇွန်လ ၁ ရက်) အထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။“စစ်ကောင်စီက အင်အားဖြည့်တာမျိုးတွေ တလျှောက်လုံးလုပ်နေတယ်။ အစောက ပြောသလို လွိုင်လင်းလေးနဲ့ လွိုင်ကော်ကြား တိုက်ပွဲဖြစ်တာက ဆီဆိုင်ဘက်ကနေလာနေတဲ့ စစ်ကြောင်းတွေပေါ့နော်။ အဓိကတော့ လွိုင်ကော်မြို့ထဲကို အင်အားဖြည့်ချင်တဲ့ ပုံစံမျိုးပေါ့နော် အဲဒီစစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်နေတာပေါ့။ လွိုင်လင်လေးဘက်က စစ်ကြောင်းတွေက လွိုင်ကော်မြို့ထဲ ဝင်ချင်နေတာပေါ့” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက Red News Agecny ကိုပြောသည်။
-

တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟောင်း NLD နာယက ဦးတင်ဦး ကွယ်လွန်
RNA_ဇွန်(၁)၊၂၀၂၄ ခုနှစ်။မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟောင်း အငြိမ်းစား ဗိုလ်ချုပ်ကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနာယက သူရဦးတင်ဦး (အသက် ၉၈ နှစ်)သည် ယနေ့ (ဇွန်လ ၁ ရက်) နံနက်ပိုင်းက ကွယ်လွန်သွားပြီဖြစ်ကြောင်း မိသားစုနှင့်နီးစပ်သူများထံမှ သိရသည်။ဦးတင်ဦးသည် ၁၉၄၆ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၆ ရက်က မြန်မာ့တပ်မတော်ကို စတင် ဝင်ရောက်ခဲ့ပြီးနောက် ၁၉၇၄ ခုနှစ် မတ်လ ၈ ရက်မှစတင်ကာ ကာကွယ်ရေးဦးစီချုပ်တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ ၁၉၇၆ ခုနှစ် မတ်လ ၆ ရက်နေ့တွင် အနားယူခဲ့ပြီးနောက် ၁၉၈၈ ခုနှစ် NLD စတင်တည်ထောင်ချိန်တွင်ပါဝင်ခဲ့ကြီး ၁၉၈၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်နေ့အထိ ဥက္ကဋ္ဌတာဝန်ထမ်းဆောင်ပြီးနောက် ပါတီ နာယကအဖြစ် ကွယ်လွန်သည်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။#RedNewsAgency -

ပညာရေးနဲ့ စစ်ပွဲကြား ဗျာများရအုံးမယ့် အနာဂတ်…
“စစ်မီးပူနေတဲ့ မြို့ပေါ်မှာ ကျောင်းသားတွေကို ကျောင်းကိုလွှတ်ဖို့ ဆိုတာ မိဘတွေအတွက် စွန့်စားလွန်းရာကျသလို စစ်ပွဲတိုက်ရိုက်မဖြစ်ပွားနေတဲ့ မြို့တွေပေါ်ကို ကျောင်းပြောင်းဖို့ကိုလည်း ခွင့်ပြုမပေးတာကြောင့် ကျောင်းသားမိဘတွေအတွက် ရွေးချယ်ရခက်နေတယ်။ နယ်မြေအတွင်းမှာ စစ်ပွဲတွေဖြစ်ပြီးပြည်သူတွေ ဒုက္ခမျိုးစုံကြုံနေရတာကို ဖုံးကွယ်ချင်ယုံနဲ့ အဖြူအစိမ်း ကျောင်းသားငယ်တွေကို စာသင်ဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ ကျောင်းတွေမှာ လူစုလူဝေးဖန်တီးချင်တာပဲ ဖြစ်တယ်”
ရန်နိုင် – Wiper
မိုးဦးရာသီနဲ့အပြိုင် ကျောင်းသူ၊ ကျောင်းသားလေးတွေရဲ့ အဖြူအစိမ်း တူညီဝတ်စုံလေးတွေနဲ့ တင့်တယ်နေပုံက မြန်မာနိုင်ငံအတွက် မရိုးနိုင်တဲ့အလှအပ တခုပဲ။ သားသမီးတွေကို ရင်အုပ်မကွာ ထားတတ်တဲ့ မိဘတွေအတွက် ကိုယ့်ရဲ့ရင်သွေးလေးတွေကို ပညာတတ်ဖို့ဆိုတဲ့စိတ်နဲ့ စာသင်ကျောင်းဆိုတဲ့နေရာကို မပို့ချင်ပေမယ့်လည်း ပို့ကြရတယ်။ စိတ်မချတတ်တဲ့ မိဘတွေက မူလတန်းအရွယ် ကလေးမဟုတ်ပဲ အထက်တန်းကျောင်းသားကြီးတွေဖြစ်နေရင်လဲ ကျောင်းပေါက်ဝထိ လိုက်ပို့ပြီး ဆရာ၊ ဆရာမလက်ထဲ အပ်လိုက်ရမှာ စိတ်ချတတ်ကြတယ်။
နိုင်ငံကိုအုပ်ချုပ်တဲ့ ခေါင်းဆောင်မကောင်းရင် ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေလဲ အန္တရာယ်တွေ ဝိုင်းနေတတ်တယ်။ အာဏာနဲ့လက်နက်ကို အားကိုးတတ်တဲ့ အုပ်ချုပ်သူ လူတန်းစားတရပ်ကြောင့် ပညာရေးနယ်မြေ၊ ဘာသာရေးနယ်မြေ၊ ကျန်းမာရေးနယ်မြေရယ်လို့ သတ်မှတ်ချက်မရှိပဲ အချိန်မရွေး လူသတ်လက်နက်တွေအသုံးပြုတဲ့နယ်မြေဖြစ်လာနိုင်တယ်။ ပညာသင်ကြားနေတဲ့ ကလေးငယ်ဖြစ်ဖြစ်၊ ကလေးမိဘပဲ ဖြစ်ဖြစ် အသက်အန္တရာယ် အချိန်မရွေးကျရောက်နိုင်တဲ့ စစ်ပွဲရဲ့ ကြမ်းတမ်းမှုကို ကြုံကြရမှာ စိတ်ပူမိတယ်။

ဓာတ်ပုံ – စစ်ကောင်စီဝန်ခံထားသည့် ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း ဗုံးကြဲခံရမှုအပြီး မြင်ကွင်း။ ကျောင်းတတ်ရမယ့် အချိန်ရောက်လာပေမယ့်လည်း တနိုင်ငံလုံးစစ်ပွဲရဲ့အငွေ့အသက်တွေ လွှမ်းမိုးနေသလို ငြိမ်းချမ်းဖို့ဆိုတဲ့အနာဂတ်ကလည်း အလှမ်းဝေးနေဆဲပဲ။ မငြိမ်းချမ်းတဲ့ နိုင်ငံအတွင်းမှာ ပြည်သူလူထု အားလုံးလည်း လူမှုဒုက္ခတွေကို ဆိုးဆိုးဝါးဝါးကြုံနေကြရတယ်။ စစ်ပွဲတွေ ထူပြောနေတဲ့ တနိုင်ငံလုံးမှာ ကျောင်းသားအရွယ် ကလေးငယ်တွေလဲ စစ်ရှောင်ဘဝနဲ့ပြေးနေရသူတွေလည်း ပေါများနေဆဲပဲ။ စစ်ပွဲတွေ ဘာလို့များနေလဲ၊ စစ်ရှောင်တွေကို ဘယ်လိုဖြေရှင်းမလဲ မစဉ်းစားတတ်တဲ့ အာဏာရှင်အုပ်ချုပ်သူတွေက ကျောင်းသားတွေများရင် ပညာတတ်တွေများမယ်လို့ သတ်မှတ်ခဲ့တယ်။ တနှစ်တစ်တန်းအောင်ရင် လူသားရင်းမြစ်တွေ ဖွံ့ဖြိုးလာမယ်လို့ သတ်မှတ်ခဲ့တယ်။
-

စတန်းဒတ်(Standard ) အာမီလား ခြင်းကြား အာမီလား
“မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲများတွင် ကျရှုံးလာမှုများလာသောအခါ စစ်တပ်အရာရှိများသည် ရှေ့တန်းမထွက်ရရေးအတွက် အရပ်ဘက်ဌာနများသို့ အလုံးအရင်းပြောင်းရွှေ့လာကြသဖြင့် အရပ်ဘက်ဌာနများအတွင်း အဂတိလိုက်စားမှုများနှင့် တစ်သွေးတစ်သန်တစ်မိန့်ဟူသော စစ်တပ်စည်းကမ်းများလွှမ်းမိုးလာပြီး စည်းပျက်ကမ်းပျက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများပိုမိုများပြားလာခဲ့ကြသည်”အညာသားရာဇဖွား၂၀၁၈ ခုနှစ်စစ်တမ်းများအရ ကမ္ဘာ့အဆင့် ၃၅ နေရာတွင်ရှိသော အကြမ်းဖက်စစ်တပ်သည် နွေဦးတော်လှန်ရေး (၃) နှစ်ကျော်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့ EROs များနှင့် ရင်ဆိုင်တိုက်ပွဲများဆင်နွှဲလာရချိန်တွင် ကမ္ဘာ့အဆင့် ၃၇ သို့ နှစ်ဆင့်လျော့ကျသွားသည်ကိုတွေ့ရသည်။ အမှန်တကယ်လက်တွေ့မြေပြင်တွင်မူ အကြမ်းဖက်စစ်ကောင်စီတပ်များ၏ အဆင့်မှာ ကုန်းကောက်စရာမရှိလောက်အောင်ပင် ကျဆင်းနေပြီဖြစ်သည်။တွေ့ဆုံပွဲများနှင့် အင်တာဗျူးများတွင် အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်မှ ကမ္ဘာ့အဆင့်မှီ မြန်မာ့တပ်မတော်ဟုမည်မျှပင် ကြွားဝါနေစေကာမှူ အမှန်တကယ်မြေပြင်လက်တွေ့တွင်မူ စည်းကမ်းပျက်ပြားသော၊ စစ်ရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကိုပင် လေးစားဂရုပြုရကောင်းမှန်းပင်မသိဘဲ ပြည်သူလူထုအပေါ်၌ နိုင်လိုမင်းကျ ယုတ်မာရက်စက်အကြမ်းဖက်သော အဖွဲ့အစည်းတစ်ခုပင်ဖြစ်သည်။ ထိုမျှမကသေး ပြည်သူများပိုင်ဆိုင်သော ပစ္စည်းဥစ္စာများကိုပင် ဖောက်ထွင်းခိုးယူခြင်း၊ လက်နက်ပြချိန်းခြောက်လုယူဓားပြတိုက်ခြင်းများအပြင် အမျိုးသမီးများအား မုဒိန်းကျင့် သတ်ဖြတ်ခြင်းများကိုပါ ကျူးလွန်နေသော စက်ဆုတ်ရွံရှာဖွယ် အဖွဲ့အစည်းတစ်ခုပင်ဖြစ်သည်။ထို့ကြောင့် စတန်းဒတ်(Standard) ဆိုသည်မှာ ဘာမှန်းမသိ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ စစ်စည်းကမ်းဥပဒေများကို လေးစားလိုက်နာကောင်းမှန်းမသိကြဘဲ ၎င်းတို့နားထဲသို့ ရိုက်သွင်းခံထားရသော ဝါဒမှိုင်းများဖြင့်သာရှင်သန်၍ ဂုဏ်သိက္ခာကင်းမဲ့သော လက်နက်ကိုင်ခိုးဆိုးလုနှိုက်အဖွဲ့သာဖြစ်သည်။ စစ်ကောင်စီတပ် ထိပ်ပိုင်းခေါင်းဆောင်များ မည်မျှပင် ရာထူးအာဏာများကိုအသုံးချ၍ ကြီးပွားချမ်းသာကာ ဇိမ်ခံယစ်မူးပြီး လက်အောက်ခံတပ်သားများအပေါ် ချနင်းထိုးကျွေးအသုံးချနေစေကာမူ ရိုက်သွင်းခံထားရသောဝါဒမှိုင်းများကိုသာ ဆင်ကန်းတောတိုးယုံကြည်ကာ နေ့စဉ်ရက်ဆက် မနားတမ်း တောတောင်များအတွင်း ရှေ့တန်းစခန်းများတွင် ခြင်းကြားများလွယ်ကာ သွားရောက်၍ ဆက်လက်မိုက်တွင်းနက်နေကြဆဲဖြစ်သည်။

