Red News Agency

Independent Journalism for Justice and Human Rights.

မုံရွာ စက်မှုဇုန်တိုက်ပွဲအတွင်း သေနတ်တက်ကောက်စဉ် ဒဏ်ရာရရှိခဲ့သည့်ရဲဘော် ကျဆုံး

Written by

in

RNA_ဇွန်(၆)၊၂၀၂၄ ခုနှစ်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်အတွင်း စစ်ကောင်စီလက်အောက်ခံ (၇) ဦးသေဆုံးပြီး သေနတ် (၂) လက်သိမ်းဆည်းရမိခဲ့သည့် တိုက်ပွဲတွင် သေဆုံး စစ်ကောင်စီတပ်သားအနီးမှ သေနတ်တပ်ကောက်စဉ် ဦးခေါင်းဒဏ်ရာရရှိခဲ့သည့် Monywa The Boys တပ်ဖွဲ့ဝင် ရဲဘော် IC ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

မုံရွာမြို့၊ စက်မှုဇုန်၊ သမစိတ္တလမ်းဆုံအနီး တိုက်ပွဲတွင် သေဆုံးစစ်ကောင်စီတပ်သားအနီးမှ လက်နက်တက်ကောက်သည့်ရဲဘော် ဦးခေါင်းကျည်ထိမှန်ခဲ့ပြီး ဇွန်လ (၅) ရက်နေ့က ကျဆုံးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်း -Chindwin Attack Force ထံမှ သိရသည်။

မုံရွာမြို့၊ စက်မှုဇုန်အတွင်း ကင်းလှည့်ကာ ပြည်သူများထံမှ အမြဲငွေတောင်းနေသည့် စစ်ကောင်စီလက်အောက်ခံများကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၄)၏ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys) ရဲဘော်များ အသင့်စောင့်ဆိုင်းပြီး ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၄၀ မိနစ်ခန့်က တိုက်ခိုက်ရာ စစ်ကောင်စီလက်အောက်ခံ (၇) ဦးသေပြီး MA 11 သေနတ် ၁ လက်၊ ၅ ဒသမ ၅၆ ကျည် ၁၇ တောင့်၊ ကာဘိုင် သေနတ် ၁ လက်၊ ကာဘိုင် ကျည် ၂၅ တောင့် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#RedNewsAgency