29
Sep
RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် သေဆုံးခဲ့သည့် အပြစ်မဲ့ပြည်သူ (၄၉) ဦးရှိလာပြီး ထိခိုက်ဒဏ်ရာရသူ (၅၈) ဦးထဲတွင် (၂၂) ဦးသည် စိုးရိမ်ရကြောင်း အာရက္ခတပ်တော် (AA) က စက်တင်ဘာ (၂၈) ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ ဈေးရောင်းဈေးတယ်၊ ကုန်တင်ကုန်ချလုပ်ကိုင်သူများအပါအဝင် အများပြည်သူ သွားလာရာ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်အုပ်စုက စက်တင်ဘာ (၂၈) ရက် နေ့လည် (၁၂) နာရီဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သည့် စစ်ရာဇဝတ်မှုအပေါ်…