ကျောက်တော်

🔴 [UPDATE] ကျောက်တော် ဗုံးကြဲသည့်လုပ်ရပ်အတွက် စစ်အုပ်စု တာဝန်ခံရမည်

🔴 [UPDATE] ကျောက်တော် ဗုံးကြဲသည့်လုပ်ရပ်အတွက် စစ်အုပ်စု တာဝန်ခံရမည်

မင်္ဂလာ မနက်ခင်းပါရှင်။ Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ အထူးတိုင်းစစ်ဌာနနယ်မြေ ဝေဟင်မှ အင်အားသုံးခံရမှုသည် အဓမ္မစစ်ကြောခံရသည့် ရဲဘော်များ၏ ထွက်ဆိုချက်ကြောင့်ဖြစ်တယ်လို့ အထူးတိုင်းစစ်ဌာန ပြောကြားလိုက်တဲ့သတင်း၊ လူအစုလိုက်အပြုံလိုက် အသက်ဆုံးရှုံးခဲ့ရတဲ့ ကျောက်တော်ဖြစ်စဉ်အပေါ် ကုလသမဂ္ဂနှင့် ယူကေသံရုံးတို့က ရှုတ်ချလိုက်တဲ့သတင်း၊ အီရတ်မှ အမေရိကန်တပ်များ အပြီးတိုင်ရုပ်သိမ်းလိုက်ပြီဆိုတဲ့သတင်းနဲ့အတူ အခြားစိတ်ဝင်စားစရာ ပြည်တွင်း ပြည်ပသတင်းတွေကို တင်ဆက်ပေးထားပါတယ်။ https://youtu.be/OGtcwZ5QHIQ?si=ExF5ATc5LLt8YQsf #RedNewsAgency #RNA #RedNews
Read More
လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ကျောက်တော် ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် ကုလသမဂ္ဂနှင့် ယူကေသံရုံးတို့က ရှုတ်ချ

လူအစုလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ကျောက်တော် ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် ကုလသမဂ္ဂနှင့် ယူကေသံရုံးတို့က ရှုတ်ချ

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။ လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ အိန္ဒိယဈေးအား စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့ (UNHR) နှင့် မြန်မာနိုင်ငံဆိုင်ရာ ယူကေသံရုံးတို့က ထုတ်ပြန်ထားသည်။ အရပ်သားပြည်သူ သေဆုံးမှု (၅၀) ဦးအထိရှိလာသည့် စက်တင်ဘာ (၂၈) ရက်က ကျောက်တော်မြို့ အိန္ဒိယဈေး ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် အရပ်သားပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်မှုအပေါ် လုံးဝလက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် ယခုကဲ့သို့ ဆိုးရွားလှသည့် တိုက်ခိုက်မှုအပေါ် ယူကေအစိုးရမှ ပြင်းထန်စွာ ရှုတ်ချကြောင်း ယနေ့ (စက်တင်ဘာ ၃၀ ရက်) တွင် ယူကေသံရုံးက ထုတ်ပြန်ထားသည်။ ယူကေအစိုးရအနေဖြင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ကြောင်း၊ အရပ်သားပြည်အားလုံဂကို အကာအကွယ်ရေးရန်၊ လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်ရန် ပြတ်ပြတ်သားသား ပြောကြားထားပြီးဖြစ်ကြောင်းလည်း…
Read More
လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ကျောက်တော်ဈေး ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် စစ်အုပ်စု တာဝန်ခံရမည်ဟု အာဆီယံလွှတ်တော်အမတ်များ ပြော

လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့သည့် ကျောက်တော်ဈေး ဗုံးကြဲတိုက်ခိုက်ခံရမှုအပေါ် စစ်အုပ်စု တာဝန်ခံရမည်ဟု အာဆီယံလွှတ်တော်အမတ်များ ပြော

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။ လူအစုအလိုက်အပြုံလိုက် သေဆုံးခဲ့သည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့အား ဗုံးကြဲတိုက်ခိုက်ခဲ့မှုအပေါ် စစ်အုပ်စုအနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဟု လူ့အခွင့်အရေးဆိုင်ရာ အာဆီယံလွှတ်တော်အမတ်များ (APHR) က ယနေ့ (စက်တင်ဘာ ၂၉ ရက်) ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားပြည်သူများရှိရာ ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်အုပ်စုက စက်တင်ဘာ (၂၈) ရက် နေ့လည်ပိုင်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့မှုကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် အရပ်သားပြည်သူ (၅၀) ဦးအထိ သေဆုံးခဲ့ပြီး (၆၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ “မင်းအောင်လှီုင်နဲ့ စစ်အုပ်စုက လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ်။ သူတို့တွေက…
Read More
သေဆုံးသူ (၄၉) ဦးအထိရှိလာသည့် ကျောက်တော်ဗုံးကြဲခံရမှုအတွင်း ပါဝင်ပတ်သက်သူများကို လက်တုံ့ပြန်သွားမည်ဟု AA ပြော

သေဆုံးသူ (၄၉) ဦးအထိရှိလာသည့် ကျောက်တော်ဗုံးကြဲခံရမှုအတွင်း ပါဝင်ပတ်သက်သူများကို လက်တုံ့ပြန်သွားမည်ဟု AA ပြော

RNA_စက်တင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် သေဆုံးခဲ့သည့် အပြစ်မဲ့ပြည်သူ (၄၉) ဦးရှိလာပြီး ထိခိုက်ဒဏ်ရာရသူ (၅၈) ဦးထဲတွင် (၂၂) ဦးသည် စိုးရိမ်ရကြောင်း အာရက္ခတပ်တော် (AA) က စက်တင်ဘာ (၂၈) ရက် ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။ ဈေးရောင်းဈေးတယ်၊ ကုန်တင်ကုန်ချလုပ်ကိုင်သူများအပါအဝင် အများပြည်သူ သွားလာရာ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတားအနီးကို စစ်အုပ်စုက စက်တင်ဘာ (၂၈) ရက် နေ့လည် (၁၂) နာရီဝန်းကျင်တွင် ဗုံးကြဲတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ အစုလိုက်အပြုံလိုက် သေဆုံးစေခဲ့သည့် စစ်ရာဇဝတ်မှုအပေါ်…
Read More
ကျောက်တော် ဗုံးကြဲခံရမှု သေဆုံးသူ (၃၃) ဦးရှိလာပြီး ထိခိုက်ဒဏ်ရာရသူ (၃၆) ဦးအထိ မြင့်တက်လာ

ကျောက်တော် ဗုံးကြဲခံရမှု သေဆုံးသူ (၃၃) ဦးရှိလာပြီး ထိခိုက်ဒဏ်ရာရသူ (၃၆) ဦးအထိ မြင့်တက်လာ

RNA_စက်တင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အိန္ဒိယဈေးကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့မှုအတွင်း သေဆုံးသူ (၃၃) ဦးရှိလာပြီး ထိခိုက်ဒဏ်ရာရသူ (၃၆) ဦးအထိ မြင့်တက်လာကြောင်း အာရက္ခတပ်တော် (AA) က ထပ်မံထုတ်ပြန်လာသည်။ ယနေ့ (စက်တင်ဘာ ၂၈ ရက်) နေ့လည် (၁၂) နာရီဝန်းကျင်က ဈေးရောင်းဈေးဝယ်များဖြင့် စည်ကားသည့် ကစ္ဆပနဒီတံတားအနီးရှိ အိန္ဒိယဈေးကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု (၂) ကြိမ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။ အများပြည်သူသွားလာရာ ဈေးဝန်းကျင်ကို စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ (၇၀) အထိရှိနေကြောင်း ရခိုင်ဒေသတွင်း သတင်းများ၌လည်း ဖော်ပြထားပြီး ကစ္ဆပနဒီတံတားလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။ ယခု ကျောက်တော်မြို့ အိန္ဒိယဈေး…
Read More
မြန်မာစစ်တပ်ကင်းစင်တဲ့ ရခိုင်ပြည်နယ်အဖြစ် မြင်တွေ့ကြရတော့မလား …

မြန်မာစစ်တပ်ကင်းစင်တဲ့ ရခိုင်ပြည်နယ်အဖြစ် မြင်တွေ့ကြရတော့မလား …

"ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲတော့မယ်ဆိုတဲ့ ရာဇသံကို စစ်ကောင်စီထံ ပေးပို့လိုက်ပါတယ်။ ထိုနောက်မှာတော့ ကျောက်တော်၊ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ မင်းပြား၊ မြောက်ဦးစတဲ့မြို့တွေကို ကုလားတန်မြစ်ကြောင်းတစ်လျှောက်တိုက်ခိုက်သိမ်းပိုက်" ချမ်းမင်း - Wiper  နွေဦးတော်လှန်ရေးအကြောင်းပြောကြပြီဆိုရင် ကျွန်တော်တို့ဟာ အနောက်ဘက်က တိုင်းရင်းသားညီကိုတွေဖြစ်တဲ့ ရခိုင်တိုက်ပွဲတွေ၊ ရခိုင်စစ်မြေပြင်အကြောင်းတွေနဲ့ တော်လှန်ရေးရဲဘော် AAတပ်ဖွဲ့တွေရဲ့အကြောင်းကို ထည့်ပြောဖို့လည်း အရေးကြီးလှပါတယ်။ ရခိုင်ပြည်နယ်ဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ပြည်နယ်တစ်ခုဖြစ်တဲ့အပြင် သမိုင်းကြောင်းအရလည်း အစဥ်အလာကြီးမားကာ သယံဇာတပေါကြွယ်ဝတဲ့ပြည်နယ်တစ်ခုဖြစ်တယ်။  မြန်မာနိုင်ငံမှာ သက်မှတ်ထားခဲ့ကြတဲ့ ပြည်နယ်ခုနှစ်ခုအနက် ရှားရှားပါးပါး ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားတဲ့ ပြည်နယ်ဖြစ်တာကြောင့်လည်း တွင်းထွက်သယံဇာတတွေ၊ သဘာဝ ဓာတ်ငွေ့တွေ၊ ပင်လယ်သယံဇာတတွေနဲ့ ပြည့်စုံတဲ့ပြည်နယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီလိုသဘာဝသယံဇာတတွေ၊ ပင်လယ်ပြင်နဲ့…
Read More
AA ၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့တို့ကို သိမ်းပိုက်

AA ၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့တို့ကို သိမ်းပိုက်

RNA_ဖေဖော်ဝါရီ(၁၆)၊၂၀၂၄ခုနှစ်။ ရက္ခိုင့်တပ်တော် - AA၏ သုံးလတာစစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့များပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီး နဉ်မြေများကို သိမ်းပိုက်ရရှိထားပြီး စစ်ရေးရည်မှန်းချက်အရ ထိုးစစ်ဆင်တိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။ "တစ်ပြိုင်နက်တည်းတွင် ရက္ခိုင်ဒေသအတွင်း လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရဟူသော စစ်ရေးရည်မှန်းချက်အတိုင်း ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက်စွာ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။ အခြားတစ်ဖက်တွင် စစ်ကောင်စီအနေဖြင့် ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို ဆင်နွှဲလျက်ရှိသည်”ဟု AAက ထုတ်ပြန်ထားသည်။ (more…)
Read More
ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သုံ့ပန်းအဖြစ်ဖမ်းခံထားရပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းသေဆုံး

ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သုံ့ပန်းအဖြစ်ဖမ်းခံထားရပြီး ဗိုလ်မှူးကြီး မင်းမင်းထွန်းသေဆုံး

RNA_ဖေဖော်ဝါရီ(၁၅)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်စစ်မြေပြင်တွင် စစ်ကောင်စီလက်အောက်ခံများဖြစ်သည့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းမှာ သုံ့ပန်းအဖြစ်ဖမ်းဆီးခံထားရပြီး တပ်မ (၁၁) တပ်မမှူး - ဗိုလ်မှူးကြီး မင်းမင်းထွန်းမှာ တိုက်ပွဲအတွင်း အသေဖမ်းဆီးရမိသည်ဟု ရက္ခိုင့်တပ်တော် AA ထံမှ သိရသည်။ စစ်ကောင်စီတပ် စကခ (၉) တပ်မမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၇/၈) ရက်များက ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး ရေကြောင်းတိုက်ပွဲများအတွင်း အသက်လု ထွက်ပြေးလာခဲ့စဉ် ၎င်းတို့တပ်ဖွဲ့ဝင်အချို့နှင့်အတူ ဖမ်းဆီးရမိထားကြောင်း၊ နှုံးဘူးဗျူဟာမှူး ဒု-ဗိုလ်မှူးကြီး ဗညားပိုင်စိုးကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယအပတ် တိုက်ပွဲကာလများတွင် သေနတ်ဒဏ်ရာများဖြင့် အသေဖမ်းဆီးရမိခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။ (more…)
Read More
AA ၏ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃)စင်း အပါအဝင် ၉ စင်းကို ချေမှုန်းနိုင်ခဲ့

AA ၏ ၆ ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃)စင်း အပါအဝင် ၉ စင်းကို ချေမှုန်းနိုင်ခဲ့

RNA_ဖေဖော်ဝါရီ(၁၄)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်နှင့်ကျောက်တော်မြို့နယ်တို့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ ရက္ခိုင့်တပ်တော် AA ၏ တိုက်ခိုက်ချေမှုန်းမှုအတွင်း စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စင်းနှင့် ဇက်သင်္ဘော (၂) စင်းတို့ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး အခြားသော ၄ စီးမှာလည်း ရေချမရနိုင်အောင် ပျက်စီးသွားသည်ဟု AA ကထုတ်ပြန်ထားသည်။ ရက္ခိုင်ပြည်၊ မင်းပြားမြို့နယ်၊ သက်ပုန်းရွာအနီး ရေကြောင်းတိုက်ပွဲအတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော (၁) စင်းကိုလည်း ဖေဖော်ဝါရီ ၁၃ ရက်နေ့က ထပ်မံတိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၇ ရက်နှင့် ၈ ရက်နေ့ကလည်း ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာအနီး ရေကြောင်းတိုက်ပွဲ၌ စစ်ကောင်စီ၏ စစ်သင်္ဘော…
Read More
စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာစခန်း တခုလုံး (၂၀၀ ခန့် ) AAထံ လက်နက်ချ အညံ့ခံ

စစ်ကောင်စီ၏ တောင်ရှည်တောင်ဗျူဟာစခန်း တခုလုံး (၂၀၀ ခန့် ) AAထံ လက်နက်ချ အညံ့ခံ

RNA_ဇန်နဝါရီ(၈)၊၂၀၂၄ခုနှစ်။ ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ စစ်ကောင်စီ၏ တောင်ရှည်ဗျူဟာ စခန်းတခုလုံး ( အင်အား ၂၀၀ ခန့်) သည် ရက္ခိုင့်တပ်တော် - AA ထံ လက်နက်ချအညံ့ခံခဲ့သည်ဟု ယနေ့ AA ကထုတ်ပြန်ထားသည်။ တောင်ရှည်တောင်ဗျူဟာစခန်းသိမ်းတိုက်ပွဲအတွင်း AA နှင့်အတူ မိတ်ဖက်အဖွဲ့အစည်းအချို့မှ ရဲဘော်များလည်း စစ်ရေးအတွေ့အကြုံယူရင်း တက်ကြွစွာ တိုက်ပွဲဝင်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ အခြားသော တပ်စခန်းများမှလည်း လက်နက်ချ အညံ့ခံရန် (သို့မဟုတ်) ပြည်သူ့ရင်ခွင် ခိုလှုံရန် ဆက်သွယ်မှုများရရှိထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (more…)
Read More