Tag: ဝန်ကြီးချုပ်

  • NUG အဖြေရှာရမယ့် ပုစ္ဆာများ

    NUG အဖြေရှာရမယ့် ပုစ္ဆာများ

    “လက်နက်ရှိတဲ့သူတွေ လက်နက်ကိုင်ပြီး ရန်သူနဲ့ရင်ဆိုင်ရသူတွေက အာဏာရှင်ဆန်ဆန်ဖြစ်လာတဲ့ အခြေနေမှာ အထက်က မကြည်ပြာကိစ္စမှာလည်း လက်နက်မရှိပေမယ့်လက်နက်ကိုင်တပ် အားကိုးနဲ့ အာဏာရှင် ဆန်လာတာကလည်း တော်လှန်ရေးပုံရိပ်ကို အရောင်ဆိုးသွားစေတယ်”

    ရန်နိုင်

    အရှုပ်တော်ပုံတွေ ခဏခဏပေါ်ပြီး ရှင်းလို့မပြီးသေးတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ရာထူးကြီး ပိုင်းတွေထဲ အခုတခါအလှည့်ကျလာတာတော့ အမြဲတမ်းအတွင်းဝန်တယောက်ဖြစ်တဲ့ ဒေါ်ကြည်ပြာ နဲ့ သူမအမျိုးသား ဦးညီညီမင်း ဆိုသူပါ။ နှုတ်ထွက်သွားတဲ့ ဝန်ထမ်း ဆယ်ယောက်ကျော်က အချက်အလက်ခိုင်ခိုင်မာမာနဲ့ တိုင်ကြားထားတာတွေ့ရ တယ်။ ဓါတ်ပုံသက်သေ၊ ရုပ်သံသက်သေ၊ စကရင်ရှော့သက်သေ တွေပြည့်ပြည့်စုံစုံနဲ့ တိုင်ကြားထားကြတယ်။

    “လူ့အခွင့်ရေးချိုးဖောက်မှု၊ အလွဲသုံးစားမှုနှင့် အဂတိလိုက်စားမှု၊ ဝန်ထမ်းများအပေါ်နှင့် တော်လှန်ရေးအစိုးရ အတွင်း မလျှော်ဩဇာသုံး လွှမ်းမိုးခြယ်လှယ်ဆောင်ရွက်နေမှု” ဆိုတဲ့ အလွန်ရဲတင်းတဲ့စွပ်ဆွဲချက်တွေနဲ့ တိုင်ထားတာကို တွေ့ရပါတယ်။

    ဒီအကြောင်းအရာတွေကို မှန်ခြင်း/မှားခြင်းဆိုပြီး မဝေဖန်ပဲ ဒီလိုအဖြစ်မျိုးတွေ ဖြစ်နေတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ဒီလိုအဖြစ်တွေကြောင့် တော်လှန်ရေးအပေါ် လူထုရဲ့ယုံကြည်မှုထိခိုက်ရတဲ့ အကြောင်းတွေနဲ့ လိပ်မူခံရတဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တရားစီရင်ရေးယန္တရားက ဘယ်လောက်ထိ အလုပ်လုပ်နိုင်မလဲဆိုတဲ့ ရှု့ထောင့်ကနေ အနည်းငယ်လေ့လာကြည့်ရအောင်ပါ။

    (more…)

  • ကယ်တင်ရှင် ဖြစ်ချင်နေသေးတဲ့ ချောင်ထဲက မြေခွေးမိုက်

    ကယ်တင်ရှင် ဖြစ်ချင်နေသေးတဲ့ ချောင်ထဲက မြေခွေးမိုက်

    “ရခိုင်ပြည်နယ်ရဲ့အတိတ်သမိုင်းမှာ ရိုဟင်ဂျာလူမျိုးနဲ့ ရခိုင်လူမျိုးတို့ ငြိမ်းချမ်းတဲ့လမ်းကြောင်း တခုပေါ် ရောက်ခဲ့ဖူးတယ်ဆိုတဲ့ သက်သေတွေပဲ။ သို့ပေမယ့် နိုင်ငံတော်အာဏာကို မတရားသိမ်းယူလိုက်တဲ့ အာဏာရှင်နေဝင်း လက်ထက်မှာတော့ သွေးခွဲအုပ်ချုပ်ဖို့ နည်းလမ်းတွေ ဖန်တီးခဲ့တယ်။ တည်ငြိမ်နေတဲ့ ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာကိုတွေ ခိုးဝင်လူမျိုးတွေလိုပုံဖော်ခဲ့သလို၊ ရခိုင်လူမျိုးတွေကို ကာကွယ်ပေးတော့မလိုနဲ့ ရိုဟင်ဂျာတွေကို နှိပ်စက် အနိုင်ကျင့်ခဲ့တယ်။ ရိုဟင်ဂျာ ရွာတွေမှာ တိရိစ္ဆာန်သန်းခေါင်းစာရင်းအထိ ကောက်ယူခဲ့တယ်”

    ရန်နိုင် – Wiper 

    စစ်ခေါင်းဆောင်တွေထဲမှာ လက်ရှိမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ မျိုးဆက်က အညံ့ဆုံးမျိုးဆက်ဖြစ်ပြီး လက်ရှိအရေးအခင်းကို စစ်တပ်သုံးနိုင်သမျှနည်းလမ်းအစုံ သုံးပြီးပြီ ရှုံးနေဆဲပဲ။ တော်လှန်ရေးသမားအချင်းချင်း သွေးခွဲနည်း၊ ဗမာတော်လှန်ရေးသမားနဲ့ လူမျိုးစုတော်လှန်ရေးသမားသွေးခွဲနည်း၊ နိုင်ငံတကာ အင်အားစုတွေနဲ့ တော်လှန်ရေးအဖွဲ့တွေကို တည်ပေးခြင်း၊ နိုင်ငံခြား အကူအညီရှာဖွေတဲ့နည်း စတဲ့နည်းတွေ စုံနေပြီ အလုပ်မဖြစ်သေးဘူး။ ဒါ့ကြောင့် လူမျိုးရေးပဋိပက္ခကို ဖန်တီးတဲ့နည်းလမ်းဖြစ်တဲ့ ရိုဟင်ဂျာဆိုတဲ့ ဝှက်ဖဲကို သုံးလာခြင်းဖြစ်တယ်။

    လွတ်လပ်ရေးမရခင် ၁၉၄၂ က ဒေသတွင်း နယ်မြေလုမှုတွေရှိပြီး သိပ်အစေးမကပ်တဲ့ လူမျိုးစု ()ခုက အစိုးရက ဖွဲ့စည်းပေးလိုက်တဲ့ နယ်စပ်စောင့်တပ် BTF မှာ လူများစုတွေဖြစ်တဲ့ ရခိုင်လူမျိုးတွေက ရိုဟင်ဂျာလူမျိုးတွေကို အနိုင်ကျင့်မှုတွေရှိခဲ့တယ်။ နောက်ပိုင်းမှာ ရိုဟင်ဂျာစစ်သည် (မူဂျာဟစ်) တွေက လက်နက်ကိုင်ကြတော့ ဒေသတွင်း ပဋိပက္ခတွေဖြစ်ပွားခဲ့တယ်။ ဒေသတွင်းပဋိပက္ခတွေကို စစ်ရေးနဲ့ နှိမ်နင်းပေမယ့် အမြစ်မပြတ်ခဲ့တာကြောင့် ၁၉၄၉ ဇူလိုင်လ(၃၀)ရက်နေ့မှာ ဝန်ကြီးချုပ် ဦးနုက ()ဖက် အမျိုးသားတွေပါတဲ့ စုံစမ်းရေးကော်မရှင်ကိုဖွဲ့ပြီး ပြသနာရဲ့ ဇစ်မြစ်ကိုရှာဖွေခဲ့တယ်။ တိုင်းရင်းသား အချင်းချင်း တန်းတူအခွင့်အရေး မျှတမှုမရှိခြင်းဆိုတဲ့ ပြဿနာရဲ့ဇစ်မြစ်ကိုရှာဖွေတွေ့ ရှိခဲ့တယ်။

    ၁၉၅၄ ခုနှစ်၊ စက်တင်ဘာ (၂၅) ရက်နေ့ ညနေ ()နာရီမှာ နိုင်ငံတော်အသံလွှင့်ဌာနကတဆင့် စစ်တွေခရိုင်အတွင်း နေထိုင်ကြတဲ့ ပြည်ထောင်စုတိုင်းရင်းသားအများစုက ရိုဟင်ဂျာအမျိုးသား ဖြစ်ကြတယ်လို့ ကြေငြာခဲ့တယ်။ ၁၉၆၁ ခု၊ မေလ()ရက်နေ့မှာ အစိုးရကတ်ဘိနက်ရဲ့ တညီတညွတ် ဆုံးဖြတ်ချက်အရ ရိုဟင်ဂျာအများစု နေထိုင်တဲ့ မယုဒေသကို ဗဟိုအစိုးရကတိုက်ရိုက် အုပ်ချုပ်တဲ့ မေယုနယ်ခြားခရိုင်အဖြစ် သတ်မှတ်ပေးခဲ့တယ်။ တိုင်းရင်းသားတွေ တန်းတူရပိုင်ခွင့်တွေကို ပြည့်ပြည့်စုံစုံ ဖြည့်ဆည်းပေးခဲ့ပြီး ကျောင်းသုံးစာအုပ်မှာ ဖော်ပြခြင်း၊ စွယ်စုံကျမ်းမှာ ဖော်ပြခြင်း၊ ၁၉၆၁ ခုနှစ်မှာ ရိုဟင်ဂျာဘာသာ စကားနဲ့ ဗမာအသံကနေ ရေဒီယိုအသံလွှင့်ခြင်း၊ အစိုးရ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ တန်းတူညီမျှအလုပ်ခန့် ခြင်း၊ ပြည်ထောင်စုနေ့အခမ်းအနားတွေမှာ တက်ရောက်ခွင့်ပေးခြင်း၊ ရိုဟင်ဂျာရိုးရာ ယဉ်ကျေးမှုတွေကို အမြတ်တနိုးပြသခွင့်ပေးခြင်းစတဲ့ အခွင့်ရေးတွေကို ကန့်ကွက်မှုတမတ်တစေ့မှ မရှိပဲ တညီတညွတ်တည်း ဖော်ဆောင်ပေးခဲ့ကြတယ်။

    (more…)

  • NUG အစိုးရ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေး လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

    NUG အစိုးရ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေး လုပ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြား

    RNA ၊ဖေဖော်ဝါရီ ၁၀ ရက်။

    အမျိုးသားညီညွတ်ရေးအစိုးရက စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အုပ်ချုပ်ရေးခိုင်မာအားကောင်းစေရေးအတွက် လုပ်ဆောင်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေး (၃/၂၀၂၂) မှာ ပြောကြားလိုက်သည်။

    ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အစည်းအဝေးကို ဖေဖော်ဝါရီ ၉ ရက်က နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့တာဖြစ်ပြီးတော့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက စိုးမိုးထိန်းချုပ်နယ်မြေများတွင် အုပ်ချုပ်ရေးခိုင်မာ အားကောင်းစေရန် ကဏ္ဍစုံပေါင်းစပ်ဆောင်ရွက်နိုင်ရေးနဲ့ အုပ်ချုပ်ရေး ၊ကာကွယ်ရေးကိစ္စရပ်တွေလည်း ပေါင်းစပ်ဆောင်ရွက်နိုင် ရေးလိုအပ်တယ်လို့ ပြောကြားခဲ့သည်။ (more…)

  • စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး တိုးချဲ့လေးထပ်လူနာဆောင်သစ် ပြည်နယ်ဝန်ကြီးတက်ရောက်ဖွင့်

    စစ်တွေမြို့ပြည်သူ့ဆေးရုံကြီး တိုးချဲ့လေးထပ်လူနာဆောင်သစ် ပြည်နယ်ဝန်ကြီးတက်ရောက်ဖွင့်

    ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေပြည်သူ့ဆေးရုံကြီးတိုးချဲ့လေးထပ် လူနာဆောင်သစ်ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်ယနေ့နံန က် ၉ နာရီက ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု တက်ရောက်ဖွင့်လှစ်ပေးခဲ့ပါတယ်။

    အဆိုပါဆေးရုံကြီးမှာ ကုတင် ၅၀၀ ဆန့်ဖြစ်သော် လည်း နေရာမလုံ လောက်သဖြင့် ကုတင် ၃၅၀ သာရှိခဲ့ပြီး ယခုအဆောင်သစ်ကိုအသုံပြု ပါက ကုတင်၅၀၀ အပြည့်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးဒေါက်တာမိုးမြင့်ဝင်းက ရှင်းပြပါတယ်။[embedyt] https://www.youtube.com/watch?v=bSAci2v-h1s[/embedyt]Red News Agency