ကျဆုံးရဲဘော်

ညောင်ဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး PDA ရဲဘော် (၂) ဦးမြင့်မြတ်စွာကျဆုံး

ညောင်ဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး PDA ရဲဘော် (၂) ဦးမြင့်မြတ်စွာကျဆုံး

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။ မန္တ​လေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဂန့်ဂါရွာမှ ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ဒေသခံပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းနေစဉ် တိုက်ပွဲဖြစ်ပြီး ပြည်သူ့ဒီမိုကရက်တစ်တပ်တော် - People's Democratic Army - PDA ရဲဘော် (၂) ဦး ဇူလိုင်လ ၂၈ ရက်နေ့ ညနေ (၅) နာရီခန့်က ကျဆုံးခဲ့ရကြောင်း သိရသည်။ ပြည်သူ့ဒီမိုကရက်တစ်တပ်တော်၏ လှုပ်ရှားဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ခုခံရင်ဆိုင်ရင်း ရဲဘော် အသေးလေး (ခ) နေတိုးအောင်နှင့် ရဲဘော် အောင်ကြီး(ခ) အောင်ပြည်စုံတို့ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရပြီး၊ MA 1 (၁)လက်၊ BA 94 (၁)လက်တို့ ဆုံးရှုံးခဲ့ရသည်ဟု People's Democratic…
Read More
မုံရွာ စက်မှုဇုန်တိုက်ပွဲအတွင်း သေနတ်တက်ကောက်စဉ် ဒဏ်ရာရရှိခဲ့သည့်ရဲဘော် ကျဆုံး

မုံရွာ စက်မှုဇုန်တိုက်ပွဲအတွင်း သေနတ်တက်ကောက်စဉ် ဒဏ်ရာရရှိခဲ့သည့်ရဲဘော် ကျဆုံး

RNA_ဇွန်(၆)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်အတွင်း စစ်ကောင်စီလက်အောက်ခံ (၇) ဦးသေဆုံးပြီး သေနတ် (၂) လက်သိမ်းဆည်းရမိခဲ့သည့် တိုက်ပွဲတွင် သေဆုံး စစ်ကောင်စီတပ်သားအနီးမှ သေနတ်တပ်ကောက်စဉ် ဦးခေါင်းဒဏ်ရာရရှိခဲ့သည့် Monywa The Boys တပ်ဖွဲ့ဝင် ရဲဘော် IC ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ မုံရွာမြို့၊ စက်မှုဇုန်၊ သမစိတ္တလမ်းဆုံအနီး တိုက်ပွဲတွင် သေဆုံးစစ်ကောင်စီတပ်သားအနီးမှ လက်နက်တက်ကောက်သည့်ရဲဘော် ဦးခေါင်းကျည်ထိမှန်ခဲ့ပြီး ဇွန်လ (၅) ရက်နေ့က ကျဆုံးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်း -Chindwin Attack Force ထံမှ သိရသည်။ (more…)
Read More