Tag: စက်မှုဇုန်

  • အထည်ချုပ်လုပ်သား ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန် စက်ရုံသူဌေးနှင့် စစ်ကောင်စီ ပူးပေါင်းကြံစည်နေ

    အထည်ချုပ်လုပ်သား ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန် စက်ရုံသူဌေးနှင့် စစ်ကောင်စီ ပူးပေါင်းကြံစည်နေ

    RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၅ခုနှစ်။

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန်အတွင်းမှ အထည်ချုပ်စက်ရုံ တစ်ရုံတွင် အလုပ်သမား (အမျိုးသမီး၊ အမျိုးသား) တစ်ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန်အတွက် စက်ရုံသူဌေးနှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းပြီး ကြံစည်ပြင်ဆင်နေသည်ဟု သိရသည်။

    မင်္ဂလာဒုံ စက်မှုဇုန်အတွင်းမှ Sunflower အထည်ချုပ် D 7 နှင့် D 9 နှစ်ရုံပေါင်းပါက အလုပ်သမား အရေအတွက် ၂ ထောင်ဝန်းကျင်ခန့်ရှိကြောင်း၊ အလုပ်သမားများကို အပြင်ထွက်ခွင့် မပြု၊ အိမ်ပြန်ခွင့် မပြုတော့ပဲ လစာတိုးပေးမည်ဟု ပြောဆိုထားကြောင်း၊ ဖော်ဝါရီလ (၂၅) ရက်နေ့တွင် ကျားမ အလုပ်သမားများအားလုံး မဲနှိုက်ရမည်ဖြစ်ပြီး မဲပေါက်သူကို သူဌေးမှ လစာ (၂) လစာပေးမည်ဟု စက်ရုံအတွင်း သတင်းလွှင့်ထားသည်ဟု သိရသည်။

    ဓာတ်ပုံ : ပုံဟောင်း

    (more…)

  • မုံရွာ စက်မှုဇုန်တိုက်ပွဲအတွင်း သေနတ်တက်ကောက်စဉ် ဒဏ်ရာရရှိခဲ့သည့်ရဲဘော် ကျဆုံး

    မုံရွာ စက်မှုဇုန်တိုက်ပွဲအတွင်း သေနတ်တက်ကောက်စဉ် ဒဏ်ရာရရှိခဲ့သည့်ရဲဘော် ကျဆုံး

    RNA_ဇွန်(၆)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်အတွင်း စစ်ကောင်စီလက်အောက်ခံ (၇) ဦးသေဆုံးပြီး သေနတ် (၂) လက်သိမ်းဆည်းရမိခဲ့သည့် တိုက်ပွဲတွင် သေဆုံး စစ်ကောင်စီတပ်သားအနီးမှ သေနတ်တပ်ကောက်စဉ် ဦးခေါင်းဒဏ်ရာရရှိခဲ့သည့် Monywa The Boys တပ်ဖွဲ့ဝင် ရဲဘော် IC ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

    မုံရွာမြို့၊ စက်မှုဇုန်၊ သမစိတ္တလမ်းဆုံအနီး တိုက်ပွဲတွင် သေဆုံးစစ်ကောင်စီတပ်သားအနီးမှ လက်နက်တက်ကောက်သည့်ရဲဘော် ဦးခေါင်းကျည်ထိမှန်ခဲ့ပြီး ဇွန်လ (၅) ရက်နေ့က ကျဆုံးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်း -Chindwin Attack Force ထံမှ သိရသည်။

    (more…)

  • ရွှေပေါက်ကံ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီကို ဖျက်သိမ်း

    ရွှေပေါက်ကံ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီကို ဖျက်သိမ်း

    ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီအား စက်မှုလုပ်ငန်းရှင်များပါဝင်သော စုံညီအစည်းအဝေးတစ်ရပ်ပြုလုပ်ပြီး ပြန်လည်ဖွဲ့စည်းမည် ဖြစ်သည့်အတွက် ဦးဖေလှိုင် ဥက္ကဌအဖြစ် ဖွဲ့စည်းထားသည့် ရွှေပေါက်ကံ စက်မှုဇုန်စီမံခန့်ခွဲ့ရေး ကော်မတီအား ဖျက်သိမ်းကြောင်း ဝန်ကြီးချုပ်ကိုယ်စား လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်က လက်မှတ်ထိုးကာ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွန်ကြားချက်ဖြင့် ရွှေပေါက်ကံစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးသို့ စက်တင်ဘာလအတွင်းက ရောက်ရှိလာသည့် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်နှင့် ရွှေပေါက်ကံစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီ ဒုဥက္ကဌအပါအဝင် အဖွဲ့ဝင်များနှင့် အစည်းအဝေးပြုလုပ်စဉ် ရွှေပေါက်ကံစက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီဥက္ကဌ ဦးဖေလှိုင်မသိရှိဘဲ လုပ်သည့်အတွက် တရားမဝင်ကြောင်း ပြောကြားမှုနှင့် အစည်းအဝေးကို ကန့်ကွက်ခဲ့သည့်အတွက် အခြေအတင် ဖြစ်ခဲ့ကြသည်။[embedyt] https://www.youtube.com/watch?v=iKrECSFehEo[/embedyt]Red News Agency