လေကြောင်းတိုက်ခိုက်မှု

လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့ တောင်းဆို

လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည်လွှတ်ပေးရေး ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့ တောင်းဆို

RNA_ဇန်နဝါရီ(၁)၊၂၀၂၆ခုနှစ်။ အာဏာသိမ်းစစ်တပ်အနေဖြင့် လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန်အချက်များအပါအဝင် အားလုံးပါဝင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများစတင်ရန်အတွက်ဟုဆိုကာ Hands Of Peace ငြိမ်းချမ်းရေးကမ်းလက်များအဖွဲ့က ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ယနေ့ နံနက် (၁၀) နာရီတွင် ငြိမ်းချမ်းရေးတောင်းဆိုပွဲ လှုပ်ရှားမှု ပြုလုပ်ခဲ့သည်။ (more…)
Read More
ရေဦး ပလဖ အချုပ်ထောင် လေကြောင်းတိုက်ခိုက်ခံရပြီး တာဝန်ခံအပါအဝင် (၃) ဦးကျဆုံး

ရေဦး ပလဖ အချုပ်ထောင် လေကြောင်းတိုက်ခိုက်ခံရပြီး တာဝန်ခံအပါအဝင် (၃) ဦးကျဆုံး

RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၅ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အချုပ်ထောင် ဒီဇင်ဘာ ၁၈ ရက်နေ့ ညနေပိုင်းက လေကြောင်းတိုက်ခိုက်ခံရသည့်အတွက် အချုပ်ထောင် တာဝန်ခံ အပါအဝင် (၃) ဦးကျဆုံးခဲ့ရကြောင်း သိရသည်။ ရေဦးမြို့နယ် ပလဖ အချုပ်ထောင် တာဝန်ခံနှင့် ရဲဘော် (၂) ဦးကျဆုံးခဲ့ရကြောင်း၊ ထိခိုက်ဒဏ်ရာရရှိသူများရှိသော်လည်း အတိအကျမသိရှိရသေးကြောင်း၊ မင်းကင်း ပလဖ ၏ ဖမ်းဆီးခြင်းခံထားရသော CDM ဆရာဝန် ဒေါက်တာဒေါ်ခင်သူသူလွင်ကိုလည်း ရေဦးမြို့နယ် တရားရုံးတွင် ပြောင်းရွေ့စစ်ဆေးနေသည့်အတွက် ရေဦး ပလဖ အချုပ်ထောင်တွင် ချုပ်နှောင်ထားသည်ဟု ယူဆရကြောင်း ဒေသခံထံက သိရသည်။ (more…)
Read More
စစ်အာဏာရှင်ကို မဟာဗျူမြောက် တော်လှန်ရေးစီမံချက်များဖြင့် စုပေါင်းတော်လှန်ကြရန် PSLF/TNLA တိုက်တွန်း

စစ်အာဏာရှင်ကို မဟာဗျူမြောက် တော်လှန်ရေးစီမံချက်များဖြင့် စုပေါင်းတော်လှန်ကြရန် PSLF/TNLA တိုက်တွန်း

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။ မြန်မာစစ်အာဏာရှင် (စစ်ကောင်စီ) ကျဆုံးလုနီးပါးဖြစ်နေသည့် အခြေအနေကောင်းကို အသုံးချကာ ယခင်ထက် မဟာဗျူဟာမြောက်သည့် တော်လှန်ရေးစီမံချက်ဖြင့် စုပေါင်းပြီး ဟန်ချက်ညီညီဝိုင်းဝန်းတော်လှန်တိုက်ခိုက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများအား လေးနက်စွာ တောင်းဆိုကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကယနေ့ (ဇူလိုင် ၃၀ ရက်) ထုတ်ပြန်တိုက်တွန်းထားသည်။ စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ရန် ပြင်ဆင်နေသည့် မြန်မာစစ်ကောင်စီသည် တိုင်းပြည်တဝှမ်းလုံးရှိ ပြည်သူလူထုများ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် စစ်တိုင်းဌာနချုပ်များ၊ တပ်ရင်း တပ်ဖွဲ့များ စစ်ပွဲတွင် ကျဆုံးပြီး အဖက်ဖက်မှ ယိိုယွင်းပျက်စီးချိနဲ့နေသည့် မြန်မာ့တပ်မတော်သည် အဖြစ်ဆိုး ကျရောက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ (more…)
Read More

Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

RNA_မတ်(၁)၊၂၀၂၅ခုနှစ်။ လေကြောင်းတိုက်ခိုက်မှုကြားက စစ်ကောင်စီတပ်စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့သည့်သတင်း၊ KIA ရဲဘော်များနှင့် TNLA ရဲဘော်များ၏ မြေပြင် ပွက်တိုက်မှု ပဋိပက္ခအခြေများကို မကြီးထွားအောင် လုပ်ဆောင်ရမည်ဆိုသည့်သတင်း၊ လိုင်းဘွဲ့မြို့နယ်က စစ်ဘေးရှောင်များကို ထိုင်းအစိုးရ အကူအညီပေးနေတဲ့ သတင်းများကို တင်ဆက်ထားခြင်းဖြစ်သည်။ #rednewsagency #rednews #rna #myanmar #news #burma
Read More
ယနေ့အတွက် Red News Agencyမှ တင်ဆက်သော သတင်းများ

ယနေ့အတွက် Red News Agencyမှ တင်ဆက်သော သတင်းများ

RNA_ဖေဖော်ဝါရီ(၅)၊၂၀၂၅ခုနှစ်။ ရေးဘီလူးတပ်ဖွဲ့က အချုပ်သား (၃) ဦးကိုယ် ကယ်ထုတ်နိုင်သည့် သတင်း၊ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ အစ်ကိုနှင့် တော်လှန်ရေးရဲဘော် ညီဖြစ်သူတို့ တွေ့ဆုံံံံံသည့် သတင်း၊ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်များအပါအဝင် (၉) ဦးသေဆုံးခဲ့ရသည့်သတင်းနှင့် ပြည်သူတစ်ဦးက NUG ထံ အကြံပြုစာတို့ကို တင်ဆက်ထားခြင်းဖြစ်သည်။ #rednews #rednewsagency #rna #revolution #myanmar #burma #spring
Read More
ခမ်းပါတ်မြို့ ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

ခမ်းပါတ်မြို့ ကနန်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအပြီး မြင်ကွင်း

RNA_ဇန်နဝါရီ(၂၀)၊၂၀၂၅ခုနှစ်။ စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ ခမ်းပါတ်မြို့နှင့် ကနန်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီလ (၁၆) ရက်နေ့ညပိုင်းက လေကြောင်းဗုံးကြဲခဲ့ပြီးနောက် ကနန်ကျေးရွာဘုန်းတော်ကြီးကျောင်း ပျက်စီးသွားမှုနှင့် လေကြောင်းရန်ကာကွယ်ရေး ဗုံးခိုကျင်း (ပုန်းခိုကျင်း)ကြောင့် အသက်ဘေးမှ လွတ်မြောက်သွားသူများရှိကြောင်း ကလေးနည်းပညာတက္ကသိုလ်မှ CDM ကထိက ဆရာမ ဒေါ်ရတီအုန်းက ပြောပြထားသည်။ (more…)
Read More
ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိိုက်ခံရမှုအတွင်း ကလေးငယ်များပါ မီးလောင်သေဆုံး

ကျောက်နီမော်ကျေးရွာ လေကြောင်းတိုက်ခိိုက်ခံရမှုအတွင်း ကလေးငယ်များပါ မီးလောင်သေဆုံး

RNA_ဇန်နဝါရီ(၁၁)၊၂၀၂၅ခုနှစ်။ ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သည့် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် ကလေးငယ်များအပါအဝင် မီးလောင်သေဆုံးခဲ့ရသည့်ပြည်သူ အနည်းဆုံး (၂၆) ဦးရှိကြောင်း သိရသည်။ ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဇန်နဝါရီလ (၈) ရက်နေ့၊ နေ့လယ် (၁) နာရီ (၂၀) မိနစ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နှင့် မြောက်ပိုင်းရပ်ကွက်တို့ကို မီးအပြင်းအထန်လောင်ကျွမ်းခဲ့ပြီး နေအိမ် (၃၉၈) လုံး မီးလောင်ကျွမ်းခဲ့ရပြီး သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးထဲပါသွားခဲ့သည်ဟု AA ကထုတ်ပြန်ထားသည်။ (more…)
Read More
စစ်ကောင်စီလေကြောင်း ဗုံးကြဲမှုကြောင့် စက်တင်ဘာလအတွင်း တအာင်းဒေသတွင် ပြည်သူ ၂၆ ဦးသေဆုံးပြီး ၄၁ ဦးဒဏ်ရာရ

စစ်ကောင်စီလေကြောင်း ဗုံးကြဲမှုကြောင့် စက်တင်ဘာလအတွင်း တအာင်းဒေသတွင် ပြည်သူ ၂၆ ဦးသေဆုံးပြီး ၄၁ ဦးဒဏ်ရာရ

RNA_အောက်တိုဘာ(၁)၊၂၀၂၄ခုနှစ်။ ရှမ်းမြောက်၊ သီပေါမြို့နယ်၊ ကျောက်မဲမြို့နယ် စသည့် တအာင်းဒေသအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စက်တင် ဘာလအတွင်း ပြည်သူ ၂၆ ဦးသေဆုံးပြီး ၄၁ ဦး ဒဏ်ရာရရှိကာ နေအိမ် ၄၇ လုံးပျက်စီးဆုံးရှုံးခဲ့ရသည်ဟု သိရသည်။ သီပေါမြို့တွင် သုံးရက်အတွင်း စစ်ကောင်စီ၏ လေကြောင်းသုံးဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူ​(၄) သေဆုံးပြီး (၁၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ တစ်လအတွင်း တအာင်းဒေသရှိ ပြည်သူ ၂၆ ဦးသေဆုံး၊ ၄၁ ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA ကထုတ်ပြန်ထားသည်။ #RedNewsAgency #RNA
Read More
နမ့်ခမ်းမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသည့်အတွက် ပြည်သူ (၁၁) ဦးသေဆုံး

နမ့်ခမ်းမြို့ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲသည့်အတွက် ပြည်သူ (၁၁) ဦးသေဆုံး

RNA_စက်တင်ဘာ(၆)၊၂၀၂၄ ခုနှစ်။   TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့၊ ညစျေးအနီးရှိ ပြည်သူများနေအိမ်ပေါ်နှင့် ကျားဖြူခန်းမအနီးကို စက်တင်ဘာလ ၆ ရက် နံနက် ၁ နာရီ ၃၅ မိနစ်ခန့်က စစ်ကောင်စီတပ် လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့သည့်အတွက် ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ (၁၁) ဦးသေဆုံးပြီး (၁၁) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။   စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံးသူများထဲတွင် ကလေးငယ် (၂)၊ အမျိုးသား(၅) ဦးနှင့် ကိုယ်ဝန်ဆောင် အမျိုးသမီ ၁ ဦးအပါအဝင် (၄) ဖြစ်ပြီး၊ ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ် (၂)ဦး…
Read More
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်မှာ တရက်အတွင်း ပြည်သူ ၁၃ ဦးသေဆုံး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စဉ့်ကူးမြို့နယ်မှာ တရက်အတွင်း ပြည်သူ ၁၃ ဦးသေဆုံး

RNA_ဩဂုတ်(၅)၊၂၀၂၄ ခုနှစ်။   မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကံတောင်ကျေးရွာနှင့် နွယ်ရုံကျေးရွာတို့အား ဩဂုတ်လ ၄ ရက်နေ့က စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ (၁၃) ဦးသေဆုံးကာ (၁၉) ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။   စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုသည် ဩဂုတ်လ ၄ ရက်နေ့ နေ့လယ် (၁) နာရီခန့်က ကံတောင်ကျေးရွာ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်သည့်အတွက် ကလေးငယ် ၁ ဦးပါအဝင် ပြည်သူ (၁) ဦးသေဆုံးကာ ၁၃ ဦးဒဏ်ရာရရှိခဲ့ပြီး၊ နေ့လယ် (၃) နာရီ (၃၀) မိနစ်ခန့်တွင် နွယ်ရုံကျေးရွာအားလေကြောင်း တိုက်ခိုက်သည့်အတွက် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ (၁၀)…
Read More