Red News Agency

Independent Journalism for Justice and Human Rights.

Author: RNA Editor

  • PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ မိုးမိတ်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေ

    PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ မိုးမိတ်စစ်မျက်နှာတွင် တိုက်ပွဲဝင်နေ

    RNA_ဇွန်(၃၀)၊၂၀၂၄ ခုနှစ်။

    ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA ရဲဘော်များ မဟာမိတ် TNLA နှင့်အတူ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်သည့် ဇွန်လ ၂၅ ရက်နေ့မှစတင်ကာ မိုးမိတ်စစ်မျက်နှာနှင့် အခြားစစ်မျက်နှာတို့တွင် စစ်ကောင်စီတပ်အား တိုက်ခိုက်နေကြောင်း ပြည်သူများကို ယနေ့ အသိပေးထားသည်။

    ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းကို ရှမ်းမြောက်၊ နောင်ချိုမြို့နယ်၊ ကျောက်မဲမြို့နယ်၊ သီပေါမြို့နယ်၊ မိုးမိတ်မြို့နယ်၊ မိုးကုတ်မြို့နယ်စသည်တို့တွင် စစ်ကောင်စီတပ်စခန်းများကို တအာင်းတပ် TNLA နှင့်အတူ PLA၊ MDY – PDF၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် (DPLA) တို့ပူးပေါင်းပြီး စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲနေသည်။

    (more…)

  • မတူပီမြို့ကို ချင်းညီနောင် ယနေ့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီ

    မတူပီမြို့ကို ချင်းညီနောင် ယနေ့ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီ

    RNA_ဇွန်(၂၉)၊၂၀၂၄ ခုနှစ်။

    ချင်းပြည်နယ်၊ မတူပီမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ချင်းပြည်နယ် တောင်ပိုင်းအတွင်း အကြီးဆုံးဖြစ်သော စစ်ဗျူဟာနှင့် အမှတ် (၁၄၀) ခြေလျင်တပ်ရင်းကို ယနေ့ (ဇွန်လ ၂၉ ရက်) အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်သည့်အတွက် မတူပီမြို့ကို အပြီးသတ် သိမ်းပိုက်နိုက်ခဲ့ပြီဖြစ်ကြောင်း ချင်းညီနောင် အဖွဲ့က ထုတ်ပြန်ထားသည်။

    (more…)

  • ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး (၄) ဦးအပါအဝင် စစ်ကောင်စီတပ်မှ (၅၃) ဦး TNLA ထံ လက်နက်ချအလင်းဝင်

    ဗိုလ်မှူး ၁ ဦးနှင့် ဗိုလ်ကြီး (၄) ဦးအပါအဝင် စစ်ကောင်စီတပ်မှ (၅၃) ဦး TNLA ထံ လက်နက်ချအလင်းဝင်

    RNA_ဇွန်(၂၉)၊၂၀၂၄ ခုနှစ်။

    ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၅)ရက်အတွင်း ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ် နှင့် မိုးမိတ်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူးတစ်ဦးနှင့် ဗိုလ်ကြီး (၄)ဦး၊ ရဲအုပ် (၁)ဦး၊ တပ်ကြပ်ကြီး(၆)ဦး၊ ရဲတပ်ကြပ်(ယာဉ်ထိန်း)(၁)ဦး၊ တပ်ကြပ် (၁၁)ဦး၊ ဒုတပ်ကြပ်(၉)ဦး၊ ရဲတပ်သား(၁)ဦးနှင့် တပ်သား(၁၉)ဦး စုစုပေါင်း တပ်ဖွဲ့ဝင် (၅၃)ဦးတို့ တအာင်းတပ်မတော်ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။

    (more…)

  • နောင်ချိုမြို့မရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

    နောင်ချိုမြို့မရဲစခန်းအတွင်းမှ မူးယစ်ဆေးဝါး အများအပြား သိမ်းဆည်းရမိ

    RNA_ဇွန်(၂၇)၊၂၀၂၄ ခုနှစ်။

    ရှမ်းမြောက်၊ နောင်ချိုမြို့သိမ်းတိုက်ပွဲဆင်နွှဲနေစဉ် နောင်ချိုမြို့မရဲစခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီး ယနေ့ လိုက်လံစစ်ဆေးရာ မူးယစ်ဆေးဝါးအများအပြား သိမ်းဆည်းရမိကြောင်း TNLA ထံမှ သိရသည်။

    တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ကို ဇွန်လ (၂၆) ရက်နေ့က TNLA နှင့် မဟာမိတ်များ တိုက်ခိုက် သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီလက်အောက်အစိုးရရုံးများကို ယနေ့ လိုက်လံစစ်ဆေးရာ မြို့မရဲစခန်းအတွင်း မူးယစ်ဆေးဝါးပစ္စည်းနှင့် ယာမဆေးပြား အမြောက်အများ ဖမ်းဆီးရမိထားသည်ဟု TNLA ကထုတ်ပြန်ထားသည်။

    #RedNewsAgency

  • “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း”နှင့်အတူ MDY PDF ပူးပေါင်းပြီး နောင်ချိုမြို့ကို ထိန်းချုပ်ထား

    “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း”နှင့်အတူ MDY PDF ပူးပေါင်းပြီး နောင်ချိုမြို့ကို ထိန်းချုပ်ထား

    RNA_ဇွန်(၂၆)၊၂၀၂၄ ခုနှစ်။

    “၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း” တွင် ညီနောင်မဟာမိတ်(၃)ဖွဲ့နှင့်အတူ ကျောက်မဲ ၊ မိုးကုတ် ၊ နောင်ချို နှင့် မတ္တရာစစ်မျက်နှာတို့တွင် လက်တွဲ၍ ပူးပေါင်းပါဝင်နေပြီး နေချိုမြို့ကို ထိန်းချုပ်ထားနိုက်ပြီဖြစ်ကြောင်း သိရသည်။

    နောင်ချိုမြို့နှင့် ခမရ(၁၁၅) တို့ကို မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် မဟာမိတ်ပူးပေါင်းတပ်များမှ အပြည့်အဝထိန်းချုပ်ထားပြီး လက်ကျန်တပ်စခန်းများဖြစ်သည့် ခမရ(၁၁၄)နှင့် (၆၀၆)အမြောက်တပ်ရင်းများကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန် တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်စခန်း (၂၄) ခုကို TNLA သိမ်းပိုက်

    ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန် တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်စခန်း (၂၄) ခုကို TNLA သိမ်းပိုက်

    RNA_ဇွန်(၂၆)၊၂၀၂၄ ခုနှစ်။

    ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်ဖြစ်ပွါးနေသည့် ရှမ်းမြောက် နောင်ချို၊ ကျောက်မဲ၊ မိုးမိတ်၊ မိုးကုတ်၊ သီပေါစသည့်မြို့နယ်များတွင် တိုက်ပွဲ (၂) ရက်အတွင်း စစ်ကောင်စီတပ်စခန်း (၂၄) ခုကို TNLA သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) တိုက်ပွဲ (၂) ရက်အတွင်း ကျောက်မဲမြို့နယ်ရှိ နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် (၃၅၂)အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံး၊ ရဲစခန်းတို့ပါဝင်ကြောင်း၊ နောင်ချိုမြို့နယ်ရှိရမခ(၁၁၅)၊ ရဲစခန်း၊ ကံ့ကော်စခန်း၊ ခဲမွန်စခန်း၊ ကျောက်ကြမ်းစခန်း၊ ဆေးရုံ၊ တိုးဂိတ်၊ စက်ရုံ၊ ဘူတာရုံ၊ ရွှေညောင်ပင်၊ အုမ္မတီးစသည့် စစ်ကောင်စီစခန်းများ၊ မိုးကုတ်မြို့နယ် ဒေါ်နန်းကြည်တောင်စခန်း၊ ဗျူဟာစခန်းကုန်း၊ ရွှေသာယာ၊ ပန်းသပြေနှင့် ဖြူရောင်ကုန်းတို့အား သိမ်းပိုက်နိုင်ခဲ့သည်ဟု TNLA ကယနေ့ ထုတ်ပြန်ထားသည်။

    (more…)

  • လက်ညှိုးထောင် ခေါင်းညှိတ်ပြီး ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေသူများ

    လက်ညှိုးထောင် ခေါင်းညှိတ်ပြီး ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်နေသူများ

    “အကြမ်းဖက်စစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေက ဘာကြောင့်များ ခုလောက်ထိ အရပ်သားတွေအပေါ်မှာ ရက်စက်နိုင်နေသေးတာလဲ။ ပြည်သူအပေါ်ထားရမည့် ကျင့်ဝတ် (၁၀) ပါးထဲက “ပြည်သူကို ရေလို၊ လလို ကျင့်ရမယ်” ဆိုတာ မသိတော့တဲ့ ကျင့်ဝတ်သိက္ခာမဲ့ တပ်ဖွဲ့ဝင်တွေဖြစ်နေပြီလား ?”

    ရန်နိုင် – Wiper

    ဆန္ဒပြတဲ့သူတွေကို ပစ်ခတ်ဖမ်းဆီးခါစအချိန် လိုက်ဖမ်းလို့ ကျွန်တော်တို့ အိမ်ပေါ်ကိုယ် ပြန်တက်ပြေးရင်းနဲ့ အိမ်ရဲ့အပေါ်ဆုံးထပ် အုတ်ဝရန်တာကနေ စစ်ခွေးတွေကို တိတ်တိတ်ကလေး ချောင်းကြည့်ဖူးတယ်။ မြင်သွားရင်လဲ အပစ်ခံရတဲ့အချိန်ဆိုတော့ ရင်ခုန်ဖို့လဲကောင်းတယ်၊ သူတို့လှုပ်ရှားမှုက တောလိုက်နေတဲ့ မုဆိုးတွေလိုပဲ ခြေသံလုံလုံနဲ့ အရိပ်တွေလိုပဲ ရွေ့နေတာ။

    တိုက်အောက်တည့်တည့်ကို ရောက်လာတဲ့ စစ်ခွေးခေါင်းဆောင်က ခပ်အုပ်အုပ်အသံနဲ့ ဆဲတာတခု ကြားလိုက်ရတယ်။ “ မင်းတို့ အဲ့ကောင်တွေကို အိမ်ထဲခေါ်ထား၊ အဲ့ကောင်တွေက မင်းတို့ အမေတွေ၊ နှမတွေကို…. “ ဆိုတဲ့ စကားကို ကြားလိုက်ရတယ်။ သူပြောတဲ့စကားအရ ခု သူတို့လိုက်ဖမ်းတဲ့ ဆန္ဒပြသူတွေကို ဘယ်လိုလူတန်းစားတွေလို့ ထင်တာလဲ။ စစ်ခွေးတွေက ဆန္ဒပြသူတွေကို တခြားအရပ်ကရောက်လာတဲ့ သောင်းကျန်းသူတွေလို့ ထင်နေတာလား..။

    နောက်ပိုင်းတော့လည်း တဖြည်းဖြည်းနဲ့သိလာရတာက စစ်ခွေးတော်တော်များများက အခြေနေမှန်ကို အချိန်နဲ့တပြေးညီ မသိရှိကြတာပဲ။ အာဏာ သိမ်းစဉ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကိုလာဝိုင်းတဲ့ စစ်ခွေးတွေကိုယ်တိုင် သူတို့ဘာလုပ်နေမှန်း မသိကြဘူး။ ပဲခူး၊ တပ်မ (၇၇) က စစ်သားတွေကို ညတွင်းချင်း နေပြည်တော်ကို စစ်ဆင်ရေးသွားရမယ်ဆိုပြီး ပါလာတာဖြစ်ကြောင်း၊ သူတို့ကိုယ်တိုင် ဘာတွေဖြစ်နေမှန်းလဲ မသိကြောင်း သိရတယ်။ စစ်ခွေးတွေ တော်တော်များများက အထက်ကပေးတဲ့အမိန့်တစ်ခုသာ သိတော့တာကြောင့် ပစ္စုပ္ပန်တည့်တည့်မှာ အသိမရှိတော့၊ ဘယ်သူက တရားလဲ၊ ဘယ်သူက မတရားလဲဆိုတာ ရေရေ လည်လည် မတွေးနိုင်ကြသူတွေများတယ်။ အထက်က ခေါင်းထဲထည့်ပေးလိုက်သလောက်ပဲ သိကြတော့တဲ့သူတွေဖြစ်တယ်။

    (more…)

  • လက်နက်ကိုင် အာဏာရူးတွေကြောင့် ပြိုလဲခဲ့ရသော နိုင်ငံတော် 

    လက်နက်ကိုင် အာဏာရူးတွေကြောင့် ပြိုလဲခဲ့ရသော နိုင်ငံတော် 

    “စစ်ကောင်စီဟာ ခေတ်အဆက်ဆက် အာဏာရှင်စစ်ခေါင်းဆောင်တိုင်း နင်းနေကြအကွက်ဖြစ်တဲ့အစည်းအဝေးသို့ တက်ရောက်၍ တိုင်ပင်ဆွေးနွေးကာ လိုအပ်သည်များကို မှာကြားခဲ့ပါတယ်ဆိုတဲ့ TV မှာ သတင်းကြေငြာ ဝါဒဖြန့်ကောင်းရုံ အဆင့်ကိုကျင့်သုံးနေပြီး လက်တွေ့မှာ အလုပ်မဖြစ်နိုင်တဲ့ကိစ္စတွေကို ဟန်ပြလို့ ကောင်းနေကြတုန်းပါပဲ။ စီးပွားရေးကဏ္ဍ ကျဆုံးမှုတွေအတွက် စစ်ကောင်စီက တာဝန်ယူဖြေရှင်းပေးနေပုံတွေကလည်း ကြောက်ခမန်းလိလိ အံ့အားသင့်လောက်အောင် ညံ့ဖျင်းနေဆဲပဲ ဖြစ်ပါတယ်”

    ကေဂျီ – Wiper

    စစ်တပ်အာဏာသိမ်းပြီး ၃နှစ်ကျော်အကြာ ၂၀၂၄ ခုနှစ် မေလ ကုန်ရက်ပိုင်းအတွင်း နိုင်ငံရဲ့သမိုင်းမှတ်တမ်းတစ်လျှောက်မှာ ငွေကြေးတန်ဖိုး စံချိန်တင် ကျဆင်းမှုနဲ့ ပြည်တွင်းရွှေဈေးနှုန်းစံချိန်တင် မြင့်တက်မှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပြောခဲ့တဲ့ ဦးမော့လာနေပါပြီဆိုတဲ့ နိုင်ငံ့စီးပွားရေးရဲ့ အခြေအနေမှန်ဟာ ပျက်ကပ်ဆိုက် လဲပြိုသွားနိုင်လောက်တဲ့အဆင့်ကို ရောက်ရှိနေပြီ ဖြစ်တဲ့အကြောင်း သိသိသာသာ ထွက်ပေါ်လာခဲ့ပါပြီ။ အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၀ရက်နေ့က အမေရိကန် တစ်ဒေါ်လာကို ကျပ်ငွေ ၁၃၃၁ သာရှိပြီး၊ အခေါက်ရွှေ တစ်ကျပ်သား ၁၃၂၂၀၀၀/ ဆယ့်သုံးသိန်းကျော်လေးသာ ရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ရွှေတစ်ကျပ်သားကို ၅၉ သိန်းနီးပါး၊ ကျပ်ငွေဈေးဟာလည်း တဒေါ်လာကို ၅၀၁၀ ဝန်းကျင်အထိ စံချိန်တင်ထိုးတက်ခဲ့ပါတယ်။

    နိုင်ငံတကာရဲ့ စီးပွားရေးပိတ်ဆို့မှု ဒဏ်တွေအပေါ်မှာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့အတွက် ကုန်ဈေးနှုန်းဟာ အဆမတန်ကြီးမြင့်လာခဲ့ပြီး အခြေခံလူတန်းစားတွေကို ဒုက္ခအကြပ်တည်းရောက်စေခဲ့ပါတယ်။ အာဏာသိမ်းပြီး ၃နှစ်ကျော်အတွင်း စစ်ကောင်စီဟာ မြန်မာကျပ်ငွေ ဘီလီယံ ၃ သောင်းနီးပါး ရိုက်နှိပ်ထုတ်ဝေခဲ့ခြင်းကလည်း ငွေကျပ်တန်ဖိုးကို ကျဆင်းစေတဲ့ အဓိက အကြောင်းအရင်းတစ်ခုဖြစ်ခဲ့ကြောင်းကို NUG ဝန်ကြီး ဦးတင်ထွန်းနိုင်ရဲ့ ပြောဆိုမှုမှာ တွေ့ရှိရပါတယ်။ ၂၀၂၂တုန်းက စစ်ကောင်စီကထုတ်ပြန်တဲ့ ပထမ ၆ လတာ ပြည်ထောင်စုဘတ်ဂျက်မှာ ကာကွယ်ရေးအသုံး စရိတ်က ကျပ်သန်းပေါင်း ၁,၇၄၆,၈၆၈,၉၈၉ ရှိခဲ့ပြီး ပညာရေးအသုံးစရိတ်နဲ့ ကျန်းမာရေးအသုံးစရိတ် ၂ခုရဲ့ စုစုပေါင်းအသုံးစရိတ်က ကျပ်သန်းပေါင်း ၁,၆၆၅,၉၉၃,၄၄၀ ပဲရှိတာကြောင့် ကာကွယ်ရေးအသုံးစရိတ်က ပိုများခဲ့တာကို တွေ့ရပါတယ်။ 

    (more…)

  • ဇွန်လ ပထမပတ်အတွင်း ရခိုင်ပြည်နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ (၄၀၀) ကျော်သေဆုံးပြီး စစ်ကောင်စီစခန်းများကို AA ဆက်လက်သိမ်းပိုက်နေ 

    ဇွန်လ ပထမပတ်အတွင်း ရခိုင်ပြည်နယ် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ (၄၀၀) ကျော်သေဆုံးပြီး စစ်ကောင်စီစခန်းများကို AA ဆက်လက်သိမ်းပိုက်နေ 

    RNA_ဇွန်()၊၂၀၂၄ ခုနှစ်။ 

    ရခိုင်ပြည်နယ်၊ ဘူသီးတောင်နှင့်နယ်မြေချင်းကပ်လျက်ရှိသော မောင်တောမြို့ရှိ စစ်ကောင်စီတပ်စခန်း () ခုကို အနည်းဆုံးသိမ်းပိုက်နိုင်ခဲ့ပြီး သံတွဲမြို့နယ်နှင့် အမ်းမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်ကာ ဇွန်လ ပထမ ပတ်အတွင်း စစ်ကောင်စီတပ်မှ (၄၀၀) ကျော်သေဆုံးခဲ့ကြောင်း သိရသည်။ 

    မောင်တောမြို့နယ်က တာဝါတိုင်စခန်း၊ ကျောက်ပန္ဒူစခန်း၊ ခွဆုံပြင်စခန်း၊ မြင်းလွှတ်စခန်း၊ အင်းဒင်စခန်း၊ နခခ စခန်းတိို့ကို ဇွန်လ ၂ ရက်နေ့မှ ဇွန်လ ၇ ရက်နေ့အတွင်း သိမ်းပိုက်ရရှိခဲ့ပြီး၊ မောင်တောမြို့နယ် မကျည်းပင်ကုန်းကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ တောင်ကုန်းနှစ်ကုန်းရှိ စစ်ကောင်စီတပ်စခန်း ၂ ခုကိုလည်း ဇွန်လ ၇ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု AA ၏ ယမန်နေ့ည ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

    (more…)

  • မုံရွာ စက်မှုဇုန်တိုက်ပွဲအတွင်း သေနတ်တက်ကောက်စဉ် ဒဏ်ရာရရှိခဲ့သည့်ရဲဘော် ကျဆုံး

    မုံရွာ စက်မှုဇုန်တိုက်ပွဲအတွင်း သေနတ်တက်ကောက်စဉ် ဒဏ်ရာရရှိခဲ့သည့်ရဲဘော် ကျဆုံး

    RNA_ဇွန်(၆)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ စက်မှုဇုန်အတွင်း စစ်ကောင်စီလက်အောက်ခံ (၇) ဦးသေဆုံးပြီး သေနတ် (၂) လက်သိမ်းဆည်းရမိခဲ့သည့် တိုက်ပွဲတွင် သေဆုံး စစ်ကောင်စီတပ်သားအနီးမှ သေနတ်တပ်ကောက်စဉ် ဦးခေါင်းဒဏ်ရာရရှိခဲ့သည့် Monywa The Boys တပ်ဖွဲ့ဝင် ရဲဘော် IC ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

    မုံရွာမြို့၊ စက်မှုဇုန်၊ သမစိတ္တလမ်းဆုံအနီး တိုက်ပွဲတွင် သေဆုံးစစ်ကောင်စီတပ်သားအနီးမှ လက်နက်တက်ကောက်သည့်ရဲဘော် ဦးခေါင်းကျည်ထိမှန်ခဲ့ပြီး ဇွန်လ (၅) ရက်နေ့က ကျဆုံးသွားကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်း -Chindwin Attack Force ထံမှ သိရသည်။

    (more…)