Tag: ARAKAN ARMY

  • မြန်မာစစ်တပ်ကင်းစင်တဲ့ ရခိုင်ပြည်နယ်အဖြစ် မြင်တွေ့ကြရတော့မလား …

    မြန်မာစစ်တပ်ကင်းစင်တဲ့ ရခိုင်ပြည်နယ်အဖြစ် မြင်တွေ့ကြရတော့မလား …

    “ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲတော့မယ်ဆိုတဲ့ ရာဇသံကို စစ်ကောင်စီထံ ပေးပို့လိုက်ပါတယ်။ ထိုနောက်မှာတော့ ကျောက်တော်၊ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ မင်းပြား၊ မြောက်ဦးစတဲ့မြို့တွေကို ကုလားတန်မြစ်ကြောင်းတစ်လျှောက်တိုက်ခိုက်သိမ်းပိုက်”

    ချမ်းမင်း – Wiper 

    နွေဦးတော်လှန်ရေးအကြောင်းပြောကြပြီဆိုရင် ကျွန်တော်တို့ဟာ အနောက်ဘက်က တိုင်းရင်းသားညီကိုတွေဖြစ်တဲ့ ရခိုင်တိုက်ပွဲတွေ၊ ရခိုင်စစ်မြေပြင်အကြောင်းတွေနဲ့ တော်လှန်ရေးရဲဘော် AAတပ်ဖွဲ့တွေရဲ့အကြောင်းကို ထည့်ပြောဖို့လည်း အရေးကြီးလှပါတယ်။ ရခိုင်ပြည်နယ်ဟာ ဗုဒ္ဓဘာသာ ထွန်းကားတဲ့ပြည်နယ်တစ်ခုဖြစ်တဲ့အပြင် သမိုင်းကြောင်းအရလည်း အစဥ်အလာကြီးမားကာ သယံဇာတပေါကြွယ်ဝတဲ့ပြည်နယ်တစ်ခုဖြစ်တယ်။ 

    မြန်မာနိုင်ငံမှာ သက်မှတ်ထားခဲ့ကြတဲ့ ပြည်နယ်ခုနှစ်ခုအနက် ရှားရှားပါးပါး ပင်လယ်ပြင်ကို ပိုင်ဆိုင်ထားတဲ့ ပြည်နယ်ဖြစ်တာကြောင့်လည်း တွင်းထွက်သယံဇာတတွေ၊ သဘာဝ ဓာတ်ငွေ့တွေ၊ ပင်လယ်သယံဇာတတွေနဲ့ ပြည့်စုံတဲ့ပြည်နယ်လို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီလိုသဘာဝသယံဇာတတွေ၊ ပင်လယ်ပြင်နဲ့ တွင်းထွက်တွေပေါကြွယ်ဝနေပေမဲ့လည်း မြန်မာနိုင်ငံတွင်းက အခြားသောတိုင်းရင်းသားတွေကဲ့သို့ပဲ ရခိုင်ပြည်နယ်ရဲ့သယံဇာတအများစုကို စစ်အုပ်စုနဲ့ ခရိုနီလူတစ်စုကသာ အမြတ်ထုတ်ချယ်လှယ်ခဲ့ကြပါတယ်။ ဒါကြောင့်မို့ ၂၀၀၉ ခုနှစ်ကစပြီး ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်တဲ့ ခေတ်ပညာတက် ရခိုင်လူငယ်တွေဟာ ကချင်ပြည်နယ် လိုင်ဇာမှာစစ်ပညာသင်ပြီး စစ်အုပ်စုရဲ့အနိုင်ကျင့်ဗိုလ်ကျမှုကို လက်နက်ကိုင်ဆန့်ကျင်တဲ့ တော်လှန်ရေးကို စတင်ခဲ့ကြတာဖြစ်တယ်။

    ရခိုင့်တော်လှန်ရေးဟာလည်း အခြားသောတိုင်းရင်းသားတွေရဲ့ တော်လှန်ရေးတွေကဲ့သို့ပဲ အစောပိုင်းကာလတွေမှာ ခက်ခဲမှုတွေ၊ အဆင်မပြေမှုတွေများစွာနဲ့ ကြုံတွေ့ခဲ့ရပြီးပြည်မကလူတွေရဲ့အထင်အမြင်လွဲမှုတွေ၊ လစ်လျူရှုမှုတွေများစွာနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့လည်း ရခိုင်လူငယ်ပညာတက်များက ဦးဆောင်ထားတဲ့တပ်ဖွဲ့ဖြစ်တဲ့အပြင် စစ်အုပ်စုရဲ့အနိုင်ကျင့်ဗိုလ်ကျမှု ကိုခံစားနေရတဲ့ ရခိုင်လူမျိုးတွေရဲ့တစ်ခဲနက်ထောက်ခံမှုတွေကြောင့်ပဲ အချန်တိုအတွင်းမှာ အင်အားကြီးမားလာပြီး စစ်တပ်ကိုကောင်းစွာခြိမ်းခြောက်နိုင်တဲ့ တပ်ဖွဲ့တစ်ခုဖြစ်လာပါတယ်။ 

    (more…)

  • KNDFနှင့် ပူးပေါင်းတပ်ဖွဲ့ စစ်ကောင်စီတပ် လေယာဉ်ပစ်ချ

    KNDFနှင့် ပူးပေါင်းတပ်ဖွဲ့ စစ်ကောင်စီတပ် လေယာဉ်ပစ်ချ

    RNA_နိုဝင်ဘာ(၁၁)၊၂၀၂၃ ခုနှစ်။

    ယနေ့ ကရင်နီပြည်တွင် “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) စတင်လိုက်သည့်အတွက် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်ချိန် လေယာဉ်တစ်စီးကို ပစ်ချနိုင်ပြီး စစ်ကောင်စီတပ်စခန်း (၇) ခုကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

    ” စစ်ကောင်စီ၏ အမျိုးအမည်မသိ တိုက်လေယာဉ်(၁)စီးအား မိမိတို့ KNDF-B01 နှင့် KA တို့မှ ပွိုင့်ဖိုက်(.5)များဖြင့် တန်ပြန်ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံ နှင့် ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး မီးခိုးအများအပြားထွက်ကာ ပြန်လှည့်ထွက်သွားခဲ့ပြီး စစ်မြေပြင်နှင့် အဝေးတစ်နေရာတွင် ပျက်ကျခဲ့ပါသည်။ အဆိုပါလေယာဉ်အတွင်း ပါဝင်သူ နှစ်ဦးအား နှစ်ဖက်တပ်များမှ လိုက်လံရှာဖွေနေဆဲ ဖြစ်ပါသည်” ဟု KNDF က ထုတ်ပြန်ထားသည်။

    (more…)

  • ရက္ခိုင့်တပ်တော် ရဲဘော်များ မြောက်ပိုင်းတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ

    ရက္ခိုင့်တပ်တော် ရဲဘော်များ မြောက်ပိုင်းတိုက်ပွဲများအပြင် စစ်ကိုင်းတိုင်းမှာပါ စစ်ကောင်စီတပ်ကို တိုက်ခိုက်နေ

    RNA_အောက်တိုဘာ(၃၀)၊၂၀၂၃ ခုနှစ်။

    ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များသည် Operation 1027 (၁၀၂၇ စစ်ဆင်ရေး) တွင် ပါဝင်ပြီး ရှမ်းမြောက်တိုက်ပွဲများအပြင် ကချင် တော်လှန်ရေးအင်အားစုများနှင့် အခြား မဟာမိတ်များပူးပေါင်းကာ စစ်ကိုင်းတိုင်းအတွင်းမှာပင် တိုက်ပွဲဝင်နေကြောင်း ညီနောင်မဟာမိတ်၃ဖွဲ့ထံမှသိရသည်။

    စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင်အနောက်ဘက် တောင်ရိုးတလျောက်တွင် ဒေသခံတော်လှန်ရေးအင်အားစုများနှင့်အတူ ရက္ခိုင့်တပ်တော် (Arakan Army) ရဲဘော်များက အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီတပ်ကို အောက်တိုဘာလ ၂၇ ရက်နေ့မှစပြီး ယနေ့ ( အောက်တိုဘာ ၃၀ ရက်) နံနက် ၈ နာရီထိ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။

    (more…)

  • တာဝန်အသီးသီးထမ်းဆောင်နေသည့် ရဲဘော်ရဲမေများကို လေးနက်စွာ ဂါရဝပြုသည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြား

    တာဝန်အသီးသီးထမ်းဆောင်နေသည့် ရဲဘော်ရဲမေများကို လေးနက်စွာ ဂါရဝပြုသည်ဟု AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြောကြား

    RNA_ဧပြီ(၁၀)၊၂၀၂၃ ခုနှစ်။
     
    ဒုက္ခသုက္ခတွေကြား ဘဝကိုရင်းပြီး ယုံကြည်ချက်အပြည့်နှင့် တိုက်ပွဲဝင်ရန်အသင့်၊ တာဝန်အသီးသီးကို ထမ်းဆောင်နေသော ရဲဘော်ရဲမေများကို အလေးအနက် ဂါရဝပြုကြောင်း ယနေ့ကျရောက်သည့် ရက္ခိုင့်တပ်တော် -AA (၁၄) နှစ်ပြည့်နေ့ မိန့်ခွန်းတွင် AA တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပြောကြားခဲ့သည်။
     
    ၂၀၀၉ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့မှာ ကချင်ပြည်၊ ကချင်လွတ် လပ်ရေးအဖွဲ့(KIO) နယ်မြေ အတွင်း ရက္ခိုင့်တပ်တော် (AA)ကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည့်အတွက် ယနေ့ ၂၀၂၃ ခုနှစ် ဧပြီလ (၁၀) ရက်နေ့သည် ရက္ခိုင့်တပ်တော် (AA)၏ (၁၄) နှစ်မြောက်နေ့ဖြစ်ကြောင်း၊ NUG အပါအဝင် တော်လှန်ရေးအင်အားစု အသီးသီးကလည်း (၁၄) နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့အတွက် သဝဏ်လွှာများ ပေးပို့ကြကြောင်း သိရသည်။

    (more…)