မုံရွာ

မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ

မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များ မူးယစ်သောက်စား ရမ်းကားမှုအတွင်း ကျောင်းဆရာမတစ်ဦး ကိုယ်ဝန်ပျက်ကျ RNA_ဧပြီ(၂၅)၊၂၀၂၄ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) အဖွဲ့ဝင်များ မုံရွာမြို့နယ်နှင့် မြင်းမူမြို့နယ်အစပ်က ကျေးရွာတရွာအတွင်းရှိ စာသင်ကျောင်းအတွင်း မူးယစ်သောက်စား သေနတ်ဖောက်ရမ်းကားမှုအတွင်း အသက် (၂၄) နှစ်အရွယ် စေတနာ့ဝန်ထမ်း ဆရာမတဦး ကိုယ်ဝန်ပျက်ကျခဲ့ရသည်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ၂၀၂၄ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်များသည် မော်တော်ယာဉ် (၉) စီး၊ ဆိုင်ကယ် (၆) စီးဖြင့် အင်အား ၁၀၀ ခန့်ပါယာဉ်တန်းဖြင့် မြင်းမူမြို့နယ်အစပ်က ကျေးရွာတရွာမှ NUG ပညာရေးဝန်ကြီးဌာအောက်ရှိ စာသင်ကျောင်းအတွင်း…
Read More
ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား တိုက်ပွဲဝင်ရင်း ကျဆုံး 

ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ်ကျောင်းသား တိုက်ပွဲဝင်ရင်း ကျဆုံး 

RNA_စက်တင်ဘာ (၇) ရက်၊၂၀၂၃ ခုနှစ်။ ကျောင်းသားလက်ရုံးတပ်တော်မှ တပ်စုမှူး ရေကြောင်းတက္ကသိုလ် စတုတ္ထနှစ် ( Nautical Science Major) ကျောင်းသား ရဲဘော် သောမတ်စ် ယမန်နေ့ တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အနီး၌ တိုက်ပွဲဝင်ရင်း ရဲဘော်သောမတ်စ် ရန်သူလက်တွင်းသို့ ကျရောက် ဖမ်းဆီးခံခဲ့ရသော်လည်း နောက်ဆုံးအချိန်ထိ ရန်သူအား ခုခံကာကွယ်ရင်း တော်လှန်ရေးအတွက် ရဲဝံ့စွာ အသက်ပေးလှူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျောင်းသားလက်ရုံးတပ်တော်မှ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို မမှိတ်မသုန်ကျေပွန်စွာထမ်းဆောင်ခဲ့သော ရဲဘော်သောမတ်စ် ကျဆုံးမှုအား လေးမြတ်စွာ ဦးညွှတ်အလေးပြုအပ်ပါသည်ဟု ကျောင်းသားလက်ရုံးတပ်တော်က ထုတ်ပြန်ထားသည်။ #RedNewsAgency
Read More
စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

စစ်ကောင်စီတပ် ရိက္ခာနှင့်လက်နက်များတင်ဆောင်လာသည့် ရေယာဉ်အုပ်စု ပစ်ခတ်ခံရ

RNA_စက်တင်ဘာ(၃)၊၂၀၂၃ ခုနှစ်။ ဆင်ဖြူရှင်တံတားမှ ချင်းတွင်းမြစ်ကြောင်းအတိုင် းဆန်တက်လာသော စစ်ကောင်စီတပ်၏ ရိက္ခာနှင့်လက်နက်ပစ္စည်းများသယ်ဆောင်လာသည့် မော်တော်( ၈) စီးနှင့် သ‌င်္ဘော( ၃) စီးပါဝင်သည့် ရေယာဉ်အုပ်စုကို စစ်ကိုင်းတိုင်း၊ မုံရွာနှင့် ဆားလင်းကြီးအကြားတွင် MRDA နှင့်ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့ကြောင်း သိရသည်။ စစ်ကောင်စီတပ် ရေယာဉ်အုပ်စုကို MRDA စေတန်တပ်ခွဲမှဦးဆောင်ပြီး ဒေသတွင်းမဟာမိတ်အဖွဲ့များဖြစ်သော မုံရွာခရိုင်၊ တပ်ရင်း( ၁၁) တပ်ခွဲ( ၃)၊ Royal Alliance အဖွဲ့များမှ ဩဂုတ်လ ၂ ရက်နေ့ နေလယ် ၃ နာရီဝန်းကျင်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲ (၁)နာရီခန့်ဖြစ်ပွားခဲ့ကြောင်း MRDA ‌စေတန် တပ်ခွဲမှူးထံမှ သိရသည်။ (more…)
Read More
MRDA နှင့် မဟာမိတ်များပူးပေါင်းသည့် တိုက်ပွဲတွင် စကစဘက်မှ (၂၅) ဦးခန့် ကျဆုံး

MRDA နှင့် မဟာမိတ်များပူးပေါင်းသည့် တိုက်ပွဲတွင် စကစဘက်မှ (၂၅) ဦးခန့် ကျဆုံး

RNA_ဩဂုတ်(၁၂)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်အရှေ့ခြမ်း၊ ပန်းတိမ်ညင်စေသူသံပိုသစ်ကွင်း၌ သစ်များသယ်ယူရန် အင်အားအများပြားဖြင့် ချီတက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းနှင့် မြန်မာ့တော်ဝင်နဂါးတပ်တော် -MRDA နှင့် မဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၅ ဦးခန့် ကျဆုံးခဲ့ကြောင်း MRDA တပ်ရင်း ၆ တပ်ခွဲ ၁ ထံမှ သိရသည်။ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်ကြားရှိ ပန်းတိမ်ညင်စေသူသံပိုသစ်ကွင်းသို့ သံခွန်များဖြင့် ချင်းတွင်းမြစ်ကြောင်းမှ တဆင့်ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို ဩဂုတ်လ (၆) ရက်နေ့ နေ့လည် ၁ နာရီ ၄၀ မိနစ်ဝန်းကျင်က MRDA တပ်ရင်း ၆၊ တပ်ခွဲ ၁ နှင့် မုံရွာ ခရိုင်…
Read More
မွေးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်ပြီး ဓားပြတိုက်သွားသူများကို PDF အဖွဲ့က ဖမ်းဆီး

မွေးဖွားကာနီး ကိုယ်ဝန်ဆောင်ကို သတ်ပြီး ဓားပြတိုက်သွားသူများကို PDF အဖွဲ့က ဖမ်းဆီး

RNA_ဩဂုတ်(၁၁)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ထန်တောရပ်ကွက်အတွင်း နေအိမ်တအိမ်ကို ဓားပြတိုက်ပြီး အသက် ၂၄ နှစ်အရွယ် မွေးဖွားကာနီး ကိုယ်ဝန်ဆောင် မအေးငြိမ်းသူကို သတ်ဖြတ်သွားသည့် လူသတ်ဓားပြ (၇) ဦးကို ဩဂုတ်လ ၁၁ ရက်နေ့ကတည်းက Guardian Force ရဲဘော်များမှ ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း သိရသည်။ ဩဂုတ်လ ၁၀ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်က ဓားပြတိုက် လူသတ်ပြုလုပ်ခဲ့သူ (၇) ဦးကို စစ်ဆေးမေးမြန်းနေသည့် Facebook Live ကို Guardian Force ခေါင်းဆောင်က အများပြည်သူသိရှိအောင်တင်ပြခဲ့ပြီးနောက် “ပြည်သူကိုချပြပြီးဖြစ်တဲ့အတွက် liveကိုပြန်ဖျက်ပါပြီခင်ဗျာ” ဟုဆိုကာ ဖျက်ချသွားခဲ့သည်။ (more…)
Read More
မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF များ ပူးပေါင်းတိုက်ခိုက်

မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို PDF များ ပူးပေါင်းတိုက်ခိုက်

RNA_ဇွန်(၂၇)၊၂၀၂၃ ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ ကညနရုံးအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မဟာမိတ်များပူးပေါင်းပြီးဇွန်လ ၂၄ ရက်နေ့ ညနေ ၆ နာရီခန့်က ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများ သေဆုံးမှုရှိကြောင်း ယနေ့ မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ ထုတ်ပြန်ထားသည်။ ကညနရုံးအတွင်းရှိ စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် မုံရွာခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force ) တပ်ရင်း (၄) အထူးကွန်မန်ဒိုတပ်ဖွဲ (Monywa The Boys) နှင့် မုံရွာခရိုင် တပ်ရင်း (၅) ၊ မုံရွာခရိုင် တပ်ရင်း (၇) ၊ မုံရွာခရိုင် တပ်ရင်း (၁၂) ၊ မုံရွာခရိုင် တပ်ရင်း…
Read More
မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၅၂ နှစ်ချမှတ်ခံထားရ 

မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ထောင်ဒဏ် ၅၂ နှစ်ချမှတ်ခံထားရ 

RNA_မေ(၁၉)၊၂၀၂၃ ခုနှစ်။ စစ်အာဏာရှင်စနစ် ကျန့်ကျင်ရေး မုံရွာလူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ တရားရုံးက ယနေ့ ထောင်ဒဏ် အနှစ် (၂၀) ထပ်မံချမှတ်လိုက်သည့်အတွက် စုစုပေါင်း ထောင်ဒဏ် (၅၂) နှစ်ထိ ချမှတ်ခံထားကြောင်း သိရသည်။ ကိုဝေမိုးနိုင်ကို ယနေ့ (မေလ ၁၉ ရက်)တွင် နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ကြောင်း၊ မတရားဖမ်းဆီးခံရပြီးနောက် ပုဒ်မ ၅၀၅-က ဖြင့် ၅ မှုဖြင့် ထောင်ဒဏ် (၁၀) နှစ်၊ သဘာဝဘေး ပုဒ်မ ၂၅ ဖြင့် (၂) နှစ်၊ ပုဒ်မ ၃၉၅၊ ၃၉၇…
Read More
ကဗျာဆရာကေဇဝင်းကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနားပြုလုပ်

ကဗျာဆရာကေဇဝင်းကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနားပြုလုပ်

RNA_မတ်(၃)၊၂၀၂၃ ခုနှစ်။ ကဗျာဆရာကေဇဝင်း ရေးခဲ့သားခဲ့သည့် "ဦးခေါင်းခွံများအကြောင်း" ကဗျာထဲမှ "တော်လှန်ရေးရဲ့စနက်တံဟာ ခများမဟုက်ရင်ကျနော်ပဲ" စာသားကိုကိုင်ဆောင်ပြီး ကဗျာဆရာကေဇဝင်း ကျဆုံးခြင်း (၂) နှစ်ပြည့် အခမ်းအနား ယနေ့ပြုလုပ်ခဲ့ကြောင်း သိရသည်။ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်စစ်ကြောင်းနှင့် ဒေသခံပြည်သူများပူးပေါင်းကာ ယနေ့ ကဗျာဆရာကေဇဝင်းနှင့် ကျဆုံးခဲ့သည့် အာဇာနည်များကို အလေးပြုခြင်းစသည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများ ပြုလုပ်ခဲ့ကြသည်။ (more…)
Read More
မုံရွာမြို့ အထင်ကရနေရာ အချို့တွင် ပြောက်ကျားသပိတ် ပြုလုပ်

မုံရွာမြို့ အထင်ကရနေရာ အချို့တွင် ပြောက်ကျားသပိတ် ပြုလုပ်

RNA_ဒီဇင်ဘာ(၁၃)၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် စစ်ကောင်စီတပ်သားများ၏ အန္တရာယ်ကြားမှ ဗိုလ်ချုပ်ကြေးရုပ်နှင့် မြို့နယ် နေရာအချို့တွင် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ယနေ့ နံနက်ပိုင်းက ပြောက်ကျားသပိတ် ပြုလုပ်ကာ စစ်အာရှင်အား ဆန့်ကျင်ဆန္ဒပြခဲ့ကြောင်း သိရသည်။ စစ်အာဏာရှင်စနစ်မလိုမရှိ၊ လုံးဝအုပ်ချုပ်ခွင့်မရစေရ၊ PTT အားသပိတ်မှောက်၊ လိပ်ပြာလုံပါစေ  စသည့် စာသားများဖြင့် ဆန္ဒပြခဲ့ကြကြောင်း Red News Agency ကို သတင်းပေးပို့လာသည်။ #RedNewsAgency
Read More
စစ်ကောင်စီတပ်က PDF အယောင်ဆောင် ဝင်စီးသည့်အတွက် PDF (၉) ဦးကျဆုံး

စစ်ကောင်စီတပ်က PDF အယောင်ဆောင် ဝင်စီးသည့်အတွက် PDF (၉) ဦးကျဆုံး

RNA_အောက်တိုဘာ၂၁၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရွှေလှံရွာရှိ မုံရွာခရိုင်တပ်ရင်း - ၁၃ (အောင်ဆန်းမျိုးဆက်) ယာယီခေတ္တတည်းခိုရာနေရာကို ယနေ့ နံနက် ၅ နာရီဝန်းကျင်က စစ်ကောင်စီလက်အောက်ခံ (၁၀၀) ဝန်းကျင်က PDF အယောင်ဆောင်ကာ ဝင်စီးသည့်အတွက် ရဲဘော် (၉) ဦး ကျဆုံးခဲ့ရသည်။ (more…)
Read More