Tag: Local PDF

  • ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်သော KIA နှင့်မဟာမိတ်တပ်ရင်းတပ်ဖွဲ့များအားလုံးကို ကျေးဇူးတင်ဂုဏ်ယူကြောင်း ကျားသစ်နက်တပ်မတော်ထုတ်ပြန်

    ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် ပါဝင်သော KIA နှင့်မဟာမိတ်တပ်ရင်းတပ်ဖွဲ့များအားလုံးကို ကျေးဇူးတင်ဂုဏ်ယူကြောင်း ကျားသစ်နက်တပ်မတော်ထုတ်ပြန်

    RNA_အောက်တိုဘာ(၁၁)၊၂၀၂၄ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲတွင် KIA နှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များသာမက MOD လက်အောက်ခံ ပြည်သူ့ကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအပါအဝင် တပ်ထောက် ရဲဘော်များ၊ စားနပ်ရိက္ခာမှစ၍ အပြည့်အဝတာဝန်ယူပေးသော နယ်မြေခံ တာဝန်ရှိသူများအား ကျေးဇူးတင် ဂုဏ်ယူမိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်ဟု ကျားသစ်နက်တင်္ပမတော်က ယနေ့ ထုတ်ပြန်ထားသည်။

    [embedyt] https://www.youtube.com/watch?v=tHDQ78P3508[/embedyt]

    (more…)

  • စစ်ကောင်စီခံရခက်တော့မဲ့ မိုးတွင်းထိုးစစ်

    စစ်ကောင်စီခံရခက်တော့မဲ့ မိုးတွင်းထိုးစစ်

    “မိုးတွင်းကာလအတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ကူမပေးနိုင်သည့်ကာလဖြစ်သည့်အတွက် ထိုးစစ်အတွက် ပြင်ဆင်ထားသည့် တော်လှန်ရေးတပ်များရှိနေသည့်အတွက် မိုးကုန်လို့ ဆောင်းအကူး စစ်ကောင်စီ ဒီထက်ရူးဖို့သာရှိတော့”
    အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက ဘက်ပေါင်းစုံမှ မြို့သိမ်းတိုက်ပွဲတွေ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ KIA/PDF၊ CNA/PDF ပူးပေါင်းတပ်များ၏ ထိုးစစ်နှင့် ရခိုင်ပြည်နယ်တွင်လည်း AA/PDF ပူးပေါင်းတပ်များ၏ ထိုးစစ်များ၊ အလယ်ပိုင်းတိုင်း စစ်ဒေသမှာ အညာမြေရဲ့ တော်လှန်ရေးအင်အားစုတွေအပြင် မန္တလေး PDFရဲ့ ထိုးစစ်၊KNDF/KNU/PDF တို့ရဲ့ ထိုးစစ်တွေ အရှိန်ကောင်းကောင်းနှင့် ဖော်ဆောင်နေသည်ကို အားလုံး သိကြပြီဖြစ်လိမ့်မည်။
     
    တောင်ပိုင်းတိုင်းစစ်ဒေသ၏ တိုးတက်လာသည့် စစ်ရေးအတွင်းမှာ တော်လှန်ရေးအင်အားစုများ၏ ချိတ်ဆက်မှု အားကောင်းလာပြီး ပူးပေါင်း စစ်ဆင်ရေးများ လုပ်ဆောင်လာနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီ ကို ဗျူဟာကျကျ ချေမှုန်းတိုက်ခိုက်နေသည် ။အကြမ်းဖက်စစ်ကောင်စီ၏ မြဝတီကို စစ်ကူအတွက် ဧပြီ ၇ ရက်ကတည်းက စေလွှတ်ခဲ့သည့် အင်အား တစ်ထောင်ကျော်ပါသည့် နိုင်ငံတော်အဆင့် စစ်ဆင်ရေး အောင်ဇေယျစစ်ကြောင်းဟာ သေဆုံး၊ ဒဏ်ရာရသူများပြီး ​ဒေါန​တောင်မှ ပိတ်မိ​နေတာ နှစ်လ နီးပါး ရှိပြီ ဖြစ်သည်။
     
    အောင်ဇေယျစစ်ကြောင်းကို ဖြတ်တောက်ပိတ်ဆို့ တားဆီး တိုက်ခိုက်ရာတွင် KNLA/KNDO တို့နှင့်အတူပူးတွဲတိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ် PDF ရဲဘော် များအပြင် နယ်မြေကျွမ်းကျင်မှုရှိသော KNU ၏ နယ်မြေခံ တပ်ရင်းများကိုပါအင်းအားတိုး အသုံးပြု တိုက်ခိုက်လျက်ရှိသည်။ ဖာပွန်မြိုနယ်က KNLA ဦး​​ဆောင်​တဲ့ ​တော်လှန်​ရေးတပ်​တွေရဲ့ထိုးစစ်​ဆင် တိုက်ခိုက်မှု​တွေ ၊ တနင်္သာရီတိုင်းက ​တော်လှန်​ရေးတပ်​များ၏ စခန်းသိမ်းတိုက်ပွဲ​များ ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက် စစ်ကောင်စီ၏ အထိုင်တပ်စခန်းသိမ်း တိုက်ပွဲတွေကို ဗျူဟာကျကျ တိုက်ပွဲဖော်ဆောင်နေသည်။

    (more…)