“မိုးတွင်းကာလအတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ကူမပေးနိုင်သည့်ကာလဖြစ်သည့်အတွက် ထိုးစစ်အတွက် ပြင်ဆင်ထားသည့် တော်လှန်ရေးတပ်များရှိနေသည့်အတွက် မိုးကုန်လို့ ဆောင်းအကူး စစ်ကောင်စီ ဒီထက်ရူးဖို့သာရှိတော့”
အကြမ်းဖက်စစ်ကောင်စီကို တော်လှန်ရေးအင်အားစုများနှင့် မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများက ဘက်ပေါင်းစုံမှ မြို့သိမ်းတိုက်ပွဲတွေ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ KIA/PDF၊ CNA/PDF ပူးပေါင်းတပ်များ၏ ထိုးစစ်နှင့် ရခိုင်ပြည်နယ်တွင်လည်း AA/PDF ပူးပေါင်းတပ်များ၏ ထိုးစစ်များ၊ အလယ်ပိုင်းတိုင်း စစ်ဒေသမှာ အညာမြေရဲ့ တော်လှန်ရေးအင်အားစုတွေအပြင် မန္တလေး PDFရဲ့ ထိုးစစ်၊KNDF/KNU/PDF တို့ရဲ့ ထိုးစစ်တွေ အရှိန်ကောင်းကောင်းနှင့် ဖော်ဆောင်နေသည်ကို အားလုံး သိကြပြီဖြစ်လိမ့်မည်။
တောင်ပိုင်းတိုင်းစစ်ဒေသ၏ တိုးတက်လာသည့် စစ်ရေးအတွင်းမှာ တော်လှန်ရေးအင်အားစုများ၏ ချိတ်ဆက်မှု အားကောင်းလာပြီး ပူးပေါင်း စစ်ဆင်ရေးများ လုပ်ဆောင်လာနိုင်ပြီး အကြမ်းဖက်စစ်ကောင်စီ ကို ဗျူဟာကျကျ ချေမှုန်းတိုက်ခိုက်နေသည် ။အကြမ်းဖက်စစ်ကောင်စီ၏ မြဝတီကို စစ်ကူအတွက် ဧပြီ ၇ ရက်ကတည်းက စေလွှတ်ခဲ့သည့် အင်အား တစ်ထောင်ကျော်ပါသည့် နိုင်ငံတော်အဆင့် စစ်ဆင်ရေး အောင်ဇေယျစစ်ကြောင်းဟာ သေဆုံး၊ ဒဏ်ရာရသူများပြီး ဒေါနတောင်မှ ပိတ်မိနေတာ နှစ်လ နီးပါး ရှိပြီ ဖြစ်သည်။
အောင်ဇေယျစစ်ကြောင်းကို ဖြတ်တောက်ပိတ်ဆို့ တားဆီး တိုက်ခိုက်ရာတွင် KNLA/KNDO တို့နှင့်အတူပူးတွဲတိုက်ပွဲဝင်နေသော ပြည်သူ့ကာကွယ်ရေးတပ် PDF ရဲဘော် များအပြင် နယ်မြေကျွမ်းကျင်မှုရှိသော KNU ၏ နယ်မြေခံ တပ်ရင်းများကိုပါအင်းအားတိုး အသုံးပြု တိုက်ခိုက်လျက်ရှိသည်။ ဖာပွန်မြိုနယ်က KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေရဲ့ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ၊ တနင်္သာရီတိုင်းက တော်လှန်ရေးတပ်များ၏ စခန်းသိမ်းတိုက်ပွဲများ ထိုင်း-မြန်မာ နယ်စပ် တစ်လျှောက် စစ်ကောင်စီ၏ အထိုင်တပ်စခန်းသိမ်း တိုက်ပွဲတွေကို ဗျူဟာကျကျ တိုက်ပွဲဖော်ဆောင်နေသည်။



