Tag: ပြည်သူ့တော်လှန်ရေး

  • ရှုံးဖို့အတွက် အင်္ဂါစုံနေတဲ့ စစ်ခေါင်းဆောင်

    ရှုံးဖို့အတွက် အင်္ဂါစုံနေတဲ့ စစ်ခေါင်းဆောင်

    “ရုရှားပညာရှင်၊ တရုတ်ပညာရှင်တွေနဲ့ ဒရုန်းနည်းပညာကို သင်ယူနေကြောင်း ဖော်ပြခဲ့ကြတယ်။ စစ်ကောင်စီက ဒရုန်းတပ်ဖွဲ့ပြီးတဲ့နောက်မှာလည်း တိုက်ပွဲတွေမှာ ယခင်ထက် ပိုသုံးလာခဲ့တာတွေ ရှိလာခဲ့ပေမယ့် ၁၀၂၇ ဒုတိယအကြိမ် တိုက်ပွဲတွေမှာစစ်တပ်ရဲ့ ဒရုန်းတပ်ဆိုတာကလည်း အမည်ခံသက်သက်မှန်း သိလိုက်ရတယ်။ ပညာမဲ့တွေ စုစည်းထားပြီး နည်းပညာကို သေသေ ချာချာ နားမလည်တဲ့ သူတွေကို အဆင့်မြင့်ဒရုန်းနည်းပညာသင်ပေးတယ်ဆိုတာ နွားကို ပလာတာကျွေးသလို ရီစရာ အခြေနေတခုသာဖြစ်ပါတယ်”

    ရန်နိုင် – Wiper

    ခေတ်သစ်စစ်ပွဲတွေမှာ လက်နက်နဲ့နည်းပညာတွေ ဘယ်လိုပဲပြောင်းလဲလာပေမယ့် စစ်ပွဲနဲ့ ပတ်သတ်တဲ့ အတွေးအခေါ်ပိုင်းအတွက်တော့ တရုတ်စစ်ပညာရှင် ဆွန်ဇူးရဲ့အတွေးအခေါ်တွေက လက်တွေ့ကျ ပြည့်စုံနေတုန်းပါပဲ။ တပ်မှူးကောင်းတစ်ယောက်အတွက် စစ်တိုက်ဖို့ဆိုရင် မိမိရဲ့အခြေနေကို အမှန်အတိုင်း သိဖို့ လိုသလို ရန်သူရဲ့အခြေနေကိုလည်း အမှန်အတိုင်းသိဖို့အလွန်အရေးကြီးလှပါတယ်။ မိမိရဲ့အခြေနေသာ သိပြီး ရန်သူ့အခြေနေကို မသိခြင်းက စစ်ပွဲနိုင်ဖို့ မဖြစ်နိုင်သလို၊ ရန်သူ့အခြေနေကိုသာ သိပြီး မိမိအခြေနေကို မသိရင်လည်း စစ်ပွဲနိုင်ဖို့မဖြစ်ဘူးလို့ ဖော်ပြထားတယ်။ ဆွန်ဇုရဲ့အတွေးခေါ်တွေ ခုချိန်ထိ မှန်ကန်နေဆဲ ဆိုတာ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ စစ်ရှုံးပွဲတွေကိုကြည့်ရုံနဲ့တင် သိနိုင်ပါတယ်။

    မိမိကိုယ်ကိုအထင်ကြီးထားတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၁ အာဏာသိမ်းဖြစ်စဉ်နဲ့အတူ တနိုင်ငံလုံးကို စစ်တိုက်ဖို့ စိန်ခေါ်လိုက်တယ်။ လက်နက်မဲ့တဲ့ ပြည်သူတွေကို စစ်အင်အားအပြည့်အစုံရှိနေတဲ့ သူရဲ့စစ်တပ်က အနိုင်ရမှာပဲလို့ အပိုင်တွက်ခဲ့တယ်။ အာဏာသိမ်းမယ်၊ အကြမ်းဖက်သတ်ဖြတ်ပြလိုက်မယ် အချိန်တန်တောခိုသွားရင် အုပ်စုခွဲ၊ သွေးခွဲပြီး အချိန်ဆွဲတိုက်လိုက်ရင် တော်လှန်သူတွေရှုံးသွားမှာပဲလို့ တွက်ခဲ့တယ်။ မင်းအောင်လှိုင်ရင်ဆိုင်ရမည့်ရန်သူဖြစ်တဲ့ တော်လှန်ပြည်သူတွေကို လျှော့တွက်ခဲ့တယ်။ ကမ္ဘာကြီးက ရွာကြီးဖြစ်ပြီး နည်းပညာတွေတိုးတက်နေချိန်မှာ ပညာတတ်လူငယ်တွေရဲ့ အရည်အချင်းကို လျှော့တွက်ခဲ့ ခြင်းလဲဖြစ်တယ်။ ဒါတွေက စစ်ပွဲဖန်တီးတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရန်သူ့အကြောင်းကို သေသေချာချာမသိဘူးဆိုတဲ့ အမှားကြီးတခုပဲ၊ ဒီအမှားကြောင့် မင်းအောင်လှိုင်အတွက် တနိုင်ငံလုံးမှာစစ်ရှုံး နေရတာပဲ။

    (more…)

  • လွိုင်ကော်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံများ ပြန်နေ၍ မရသေးကြောင်း KNDF တာဝန်ရှိသူပြော

    လွိုင်ကော်မြို့တွင်း တိုက်ပွဲဖြစ်ပွားနေသည့်အတွက် ဒေသခံများ ပြန်နေ၍ မရသေးကြောင်း KNDF တာဝန်ရှိသူပြော

    RNA_ဇွန်(၂)၊၂၀၂၄ ခုနှစ်။

    ကရင်နီပြည်၊ လွိုင်ကော်မြို့တွင်း စစ်ကောင်စီလက်အောက်ခံများနှင့် KNDF ပူးပေါင်းတပ်များအကြား နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားနေသည့်အတွက် လွိုင်ကော်ဒေသခံပြည်သူများအနေဖြင့် ပြည်မရသေးဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောကြားထားသည်။

    အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများက လွိုင်ကော်မြို့တွင်းပြန်ဝင်၍ရပြီဟု ဝါဒဖြန့်နေကြောင်း၊ စစ်ကောင်စီလော်ဘီများ၏ စကားများကို ဒေသခံပြည်သူများ မယုံကြည်သင့်ကြောင်း၊ ပြည်သူများအနေဖြင့် စစ်ရေးအသိ စစ်ရေးသတိရှိကြရန် လိုအပ်ကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် လွိုင်ကော်မြို့တွင်းပြန်နေရန် မသင့်သေးကြောင်း သိရသည်။

    (more…)